Lava ကနေ ၆.၅၅ လက်မ မျက်နှာပြင်နဲ့ ကင်မရာ ၂ လုံးတပ် နောက်ဆုံးထွက် Yuva Star 2 ဘတ်ဂျတ် စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဈေးနှုန်းကတော့ ရူပီး ၆,၄၉၉ ဝန်းကျင် (ဒေါ်လာ ၈၀ ထက်မပို) သတ်မှတ်ထားပြီး ဘတ်ဂျတ်နည်းနည်းနဲ့ ပေါ့ပေါ့ပါးပါး ကိုင်ချင်သူတွေအတွက် ကွက်တိပါပဲ။
Photo : GSMArena.com
Yuva Star 2 စမတ်ဖုန်း မှာ HD+ Resolution LCD ပါဝင်ပြီး အရှေ့ဘက် မျက်နှာပြင်မှာ 5MP ဆယ်လ်ဖီ ကင်မရာ ၁ လုံး တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာ AI စနစ်ပါတဲ့ 13 MP Main ကင်မရာကို ထည့်သွင်းပေးထားပြီး ဘက်ထရီ အနေနဲ့ကတော့ 10W Wired Charging Support ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။
Photo : GSMArena.com
Chipset ကတော့ Unisoc ကို မောင်းနှင်ထားပြီး RAM 4GB ပါဝင်ပါတယ်။ Software ပိုင်းမှာ Android 14 Go ကို သုံးထားပြီး Dual SIM Slot ၊ 3.5 mm နားကြပ်ပေါက် ၊ FM Radio နဲ့ Side-mounted Fingerprint Scanner တို့ ပါဝင်ပါတယ်။
Photo : GSMArena.com
ဒီဖုန်းက ယခင်ထွက်ထားတဲ့ Yuva Star ကို အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းဖြစ်ပြီး ပိုမိုက်တဲ့ ဒီဇိုင်း ၊ မြန်ဆန်သွက်လက်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုရ လွယ်ကူတဲ့ User-Friendly Features တွေ ပါဝင်လာပါတယ်။
Source : GSMArena.com
Featured Photo : MSN