ကျွန်တော်တို့ ယောကျာ်းလေး တော်တော်များများက ဓာတ်ပုံရိုက် တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျကြသလို ပုံကောင်းကောင်းထွက်အောင် ဘယ်လိုနေရမယ် ၊ ဘယ်လိုရိုက်ရမယ်ဆိုတာကို မသိကြပါဘူး။ တကယ်တော့ ဒါဟာ ဓာတ်ပုံရိုက်လေ့ရိုက်ထ သိပ်မရှိတဲ့ ယောကျာ်းလေးတိုင်းလိုလို ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ဒီအတွက်တော့ အရမ်းကြီး စိတ်မပူပါနဲ့။ အခုဆောင်းပါးလေးကနေတဆင့် ကွီးတို့ကို ဓာတ်ပုံတွေထဲမှာ ကြည့်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အကြံပြုချက် တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) အပြုံးကို အသုံးချပါ
Photo : Man Of Many
အပြုံးတွေက အဓိကပါပဲ။ အစပိုင်းမှာတော့ ခက်ခဲသလို ဖြစ်နေနိုင်ပါတယ်။ အပြုံးက လူတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့ အဓိက အချက်တစ်ခုပါ။ ဓာတ်ပုံရိုက် တဲ့အခါ ကွီးတို့ရဲ့ အပြုံးကို ကောင်းကောင်းအသုံးချတက်ရင် ပုံထဲမှာ ကြည့်ကောင်းပြီး ဆွဲဆောင်မှု ရှိနေမှာ အသေအချာပါပဲ။
(၂) ခေါင်းကိုနည်းနည်း စောင်းထားပါ
Photo : Man Of Many
ဓာတ်ပုံရိုက် တဲ့အခါ ထောင့်ချိုးတွေ ပေါ်အောင်ရိုက်တာက ပိုပြီး ဆွဲဆောင်မှုရှိရှိနဲ့ ကြည့်ကောင်းစေပါတယ်။ ကင်မရာကို ရှေ့တည့်တည့်ကနေ ကြည့်တာက ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းတဲ့ ပုံကိုရစေပါတယ်။ ဒီထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ပုံကောင်းတစ်ပုံ ရချင်ရင်တော့ ကွီးတို့ရဲ့ ဦးခေါင်းကို အနည်းငယ်စောင်းထားလိုက်ပါ။ ဒါက မျက်နှာကျရဲ့ ထောင့်ချိုးရှိတ်တွေကို ပိုမိုပေါ်လွင်စေပြီး ပုံထဲမှာ ထင်ရှားပေါ်လွင်စေမှာပါ။
(၃) အလင်းရောင် တိုက်ရိုက်ထိခြင်းမှ ရှောင်ကြဉ်ပါ
Photo : Man Of Many
ဓာတ်ပုံရိုက် ပြီဆိုရင် နေရောင်ခြည် တိုက်ရိုက်ထိတာမျိုး ၊ မလိုအပ်တဲ့ အခြေအနေမှာ Flash မီးသုံးရိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့တာဟာ အရိပ်တွေကို ဖြစ်ပေါ်စေနိုင်သလို Skin ကာလာကိုလည်း ပြောင်းသွားစေနိုင်ပါတယ်။ အဲ့ဒီအစား အလင်းရောင် ခပ်ဖျော့ဖျော့ကို အသုံးပြုရိုက်တာက ပိုကြည့်ကောင်းတဲ့ ပုံကောင်းတစ်ပုံကို ရစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
(၄) ကိုယ်ပိုင်စတိုင်ကို ထိန်းထားပါ
Photo : Man Of Many
ဓာတ်ပုံထဲက ကွီးတို့ဟာ အပြင်က ကွီးတို့ရဲ့ပုံစံနဲ့ ထပ်တူကျနေရပါမယ်။ ရှိတ်စပီးယားပြောသလို ကိုယ့်ကိုယ်ကိုယ် အမြဲသစ္စာရှိ ရပါမယ်။ ကင်မရာကို မလိမ်ပါနဲ့။ နောက်ပြီး တခြားသူတွေရဲ့ ဓာတ်ပုံတွေကြည့်ပြီး မှီငြမ်းရင် မှီငြမ်းပါ။ ဒါပေမယ့် သူတို့ရဲ့ ပုံစံအတိုင်း တထည်ရာတည်း ကော်ပီမကူးလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာက ပိုကောင်းပါတယ်။ ကိုယ့်ရဲ့ပုံစံအတိုင်း ကင်မရာကိုချပြပါ။ စိတ်တွေကို တင်းကြပ်မထားပါနဲ့။ တက်နိုင်သမျှ စိတ်ကိုလျှော့ထားပါ။ ကွီးတို့ရဲ့ ပုံစံအတိုင်း သဘာဝကျကျ နေပါ။ အဓိကကတော့ Be Yourself ပါပဲ။
(၅) လှုပ်လှုပ်ရှားရှားလေးတွေ လုပ်ပေးပါ
Photo : Man Of Many
အမြဲတမ်း ရုပ်တည်ကြီးနဲ့ ငြိမ်ငြိမ်လေး ဓာတ်ပုံအရိုက်ခံနေတယ်ဆိုရင်တော့ ကွီးတို့အတွက် ပျင်းစရာ ဖြစ်နေမှာပါ။ တစ်ခါတစ်လေမှာ လှုပ်လှုပ်ရှားရှားလေးတွေ ၊ စနက်ပုံတွေက ပိုကြည့်ကောင်းသလို ပိုလည်းဆွဲဆောင်မှု ရှိစေပါတယ်။ ကင်မရာကို ကွီးတို့ရဲ့ ခရက်ချ်လေးတစ်ယောက်လို သဘောထားပြီး အဲ့ဒီကနေရတဲ့ ခံစားမှုအပျော်အတိုင်း ကိုယ်ဟန်အနေအထား ၊ အရယ်အပြုံး ၊ လှုပ်ရှားမှုလေးတွေကို အသုံးချရိုက်တာက ပုံမိုက်မိုက်လေးတွေ ရဖို့အကူအညီ ဖြစ်စေပါတယ်။
Featured Photo : 500px ISO