ဘဘာဝအလှတရားတွေ၊ အမှတ်တရလေးတွေ၊ ရင်သပ်ရှုမောဖွယ် မြင်ကွင်းလေးတွေကို ဖုန်းနဲ့မှတ်တမ်း တင်တတ်တဲ့ ကွီးတို့ရှိပါသလား။ ဒီနေ့ခေတ်မှာ စမတ်ဖုန်း တွေဟာ စွမ်းဆောင်ရည်မြင့်မားလာကြပြီး ဖုန်းကင်မရာတွေကလည်း အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်ကောင်းမွန်လာပါတယ်။ ဒါကြောင့် ဖုန်းနဲ ဓာတ်ပုံ ရိုက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် ရွေးချယ်ရလွယ်ကူစေဖို့ အကောင်းဆုံး စမတ်ဖုန်း များ ကိုဖော်ပြပေးချင်ပါတယ်။

Samsung Galaxy S22 Ultra

ဓာတ်ပုံ စမတ်ဖုန်း

Photo : Amazon.com

Android ဖုန်းတွေထဲမှာ ဓာတ်ပုံ ရိုက်ဖို့အတွက် အကောင်းဆုံး စမတ်ဖုန်း တစ်လုံးကို ပြောပါဆိုလျှင် Samsung Galaxy S22 Ultra ပါပဲ။ သူ့ရဲ့ Rare Camera အနေနဲ့ ကတော့ 108MP f/1.8၊ 10MP f/2.4၊ 10MP f/4.9၊ 12MP f/2.2 ultrawide ဖြစ်တဲ့အတွက် ရုပ်ထွက်အားကတော့ တကယ်ကို သာလွန်ကောင်းမွန်ပါတယ်။ ဒါ့အပြင် Front Camera က 40MP ပါရှိတဲ့ အတွက် ဆယ်လ်ဖီရိုက်ဖို့ အတွက်လည်း အဆင်ပြေပါတယ်။ Storage အနေနဲကတော့ 28GB၊ 256GB နဲ့ 1TB  စသည်ဖြင့် ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

Apple iPhone 14 Pro

ဓာတ်ပုံ စမတ်ဖုန်း

Photo : Telstra

iOS ကြိုက်တဲ့ ကွီးတို့အတွက် ပြီးခဲ့တဲ့ ၉ လပိုင်းကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ Apple iPhone 14 Pro ကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။ Rare Camera အနေနဲ့ကတော့ 48MP (f/1.8) main with 2x optical zoom၊ 12MP (f/2.2) ultrawide၊ 12MP (f/2.8) telephoto with 3x optical zoom တို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Front Camera ကတော့ 12MP (f/1.9) ပဲဖြစ်ပါတယ်။ ကင်မရာပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အထူးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးလို့လည်း ပြောလို့ရပါတယ်။ Storage အနေနဲ့ကတော့ 128GB၊ 256GB၊ 512GB နဲ့ 1TB ကိုယ်အဆင်ပြေရာ ရွေးချယ်နိုင်ပါတယ်။

Google Pixel 7

ဓာတ်ပုံ စမတ်ဖုန်း

Photo : CNBeta.Com

နောက်ထပ် ဖုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကင်မရာကောင်းတဲ့ ရွေးချယ်စရာဖုန်း တစ်ခုကတော့ Google Pixel 7 ပဲ ဖြစ်ပါတယ်။ သူရဲ့ Rare Camera ကတော့ 50MP f/1.9၊ 12MP f/2.2 ultrawide ဖြစ်ပြီး Front Camera ကတော့ 10.8MP(f/2.2) ပါရှိပါတယ်။ Storage အနေနဲ့ကတော့ 128GB နဲ့ 256GB ကြိုက်ရာရွေးချယ်လို့ရပါတယ်။ သူ့ရဲ့ အားသာချက်တစ်ခုကတော့ ကြိုးမဲ့အားသွင်း စနစ်ပါရှိတာ ဖြစ်ပါတယ်။

Samsung Galaxy Z Fold 4

photo

Photo : Samsung

ကိုယ်ရိုက်ထားတဲ့ ပုံတွေကို ကျယ်ပြန့်တဲ့ Screen ပေါ်မှာ ကြည့်ချင်တယ်ဆိုရင်တော့ ခေါက်လို့ရတဲ့ Samsung ရဲ့ Galaxy Z Fold 4 က အကောင်းဆုံးပါပဲ။ သူ့မှာ စွမ်းဆောင်ရည် မြင့်မားတဲ့ Features တွေပါရှိပြီး Water-Resistance လည်းဖြစ်တဲ့ အတွက် ရွေးချယ်စရာ တစ်ခုပါ။ သူ့ရဲ့ Rare Camera ကတော့ 108MP f/1.8၊ 10MP f/2.4၊ 10MP f/4.9၊ 12MP f/2.2 ultrawide ဖြစ်ပြီး Front Camera ကတော့ 40MP ပါရှိပါတယ်။ Storage အနေနဲ့ကတော့ 128GB၊ 256GB နဲ့ 1TB ဆိုပြီး ၃ မျိုးရွေးချယ်နိုင်ပါတယ်။

Google Pixel 6 Pro

photo

Photo : Landtop

ကွီးတို့အကြိုက် အမိုက်စားဒီဇိုင်းနဲ့ သဘာဝအတိုင်း ဓာတ်ပုံ တွေကို ရိုက်ကူးဖို့ စမတ်ဖုန်း တစ်လုံးကတော့ Google Pixel 6 Pro ပဲဖြစ်ပါတယ်။ သူ့ရဲ့ Rare Camera အနေနဲ့ကတော့ 50MP f/1.9, 12MP f/2.2 ultrawide, 48MP f/3.5 telephoto ပါရှိပြီး Front Camera ကတော့ 11.1MP ပါရှိပါတယ်။ သူ့ရဲ့ Storage အနေနဲ့ကတော့ 128GB၊ 256GB နဲ့ 512GB ဆိုပြီး ရွေးချယ်စရာ ၃ မျိုးရှိပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဖုန်းနဲ ဓာတ်ပုံ ရိုက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် အကောင်းဆုံး စမတ်ဖုန်း များ ပဲ ဖြစ်ပါတယ်။ ဘယ်လိုဖုန်းမျိုးက ကွီးတို့အကြိုက်နဲ့ ထပ်တူကြမလဲဆိုတာ အလွယ်တကူ ရွေးချယ်လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

Source : Digital Camera World

Featured Photo : Photolari