ဓာတ်ပုံပညာကို အခုမှ စလေ့လာမယ့် ကွီးတို့အတွက် ကွာလတီကောင်းတဲ့ ကင်မရာတစ်လုံးကတော့ မရှိမဖြစ်ပါပဲ။ ကင်မရာကောင်းကောင်းတစ်လုံး ဝယ်တော့မယ်ဆိုရင်တော့ ကွီးတို့က ဘယ်လိုမျိုး ဓာတ်ပုံကို ရိုက်ယူချင်တာလဲ၊ သဘာဝ ရှုခင်းကို အသားပေးတာလား၊ ဒါမှမဟုတ် လူပုံကို အသားပေး ရိုက်ချင်တာလား စတာတွေကို စဥ်းစားဖို့ လိုအပ်ပြီး ဘယ်လို ဖန်ရှင်တွေ ပါဝင်စေချင်သလဲ စတာတွေကို စဥ်းစားဖို့ လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ ဓာတ်ပုံ ရိုက်ရတာကို အမှန်တကယ် ခုံမင် နှစ်သက်တယ်ဆိုရင်တော့ ဒီပစ္စည်းတွေက ရှယ် ပဲမို့ ကွီးတို့ သဘောတွေ့ကြမှာပါ။
(၁) Canon PowerShot SX740 HS

ဒီအမျိုးအစားလေးကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကွာလတီကောင်းတဲ့ ဓာတ်ပုံ တစ်ပုံကို ရိုက်ယူချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ ဒါ့အပြင် သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း မြန်ဆန်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမှာပါ။
(၂) Sony RX100 VII

High-end ဖြစ်တဲ့ ကင်မရာတစ်လုံးကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ဝယ်ယူသင့်ပါတယ်။ ကင်မရာလေးက သေးသေး ကျစ်ကျစ်လေးနဲ့ ဓာတ်ပုံ ရိုက်ရမှာလည်း စွမ်းဆောင်ရည်က ရှယ် မိုက်ပါတယ်။
(၃) Fujifilm X100V

ဒီကင်မရာကတော့ အော်တို မုဒ် လိုချင်သလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာ လက်နဲ့ ချိန်ရိုက်ရတာကို ကြိုက်သလား၊ ဒါမှမဟုတ် အော်တိုနဲ့ Manual နှစ်ခုကို ပေါင်းထားတဲ့ Semi-Manual Mode လည်း ပါဝင်တာကြောင့် ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ၂ နှစ် အာမခံလည်း ပါဝင်တဲ့အတွက်ကြောင့် စိတ်ချ လက်ချ ဝယ်ယူနိုင်ပါတယ်။
(၄) Panasonic Lumix LX100 II

နောက်ထပ် အကောင်းစားလေးကို လိုချင်တဲ့ ကွီးတို့အတွက် Panasonic Lumix LX100 II အတွက်လည်း ရှိပါသေးတယ်။ ရုပ်ထွက်ကောင်းတဲ့ ဓာတ်ပုံလေးတွေကို ရိုက်ယူချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ်သင့်ပါတယ်။
(၅) Canon PowerShot G7 X Mark III

ဒီကင်မရာလေးကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး DIGIC 8 Processor ကို အသုံးပြုထားတဲ့အတွက်ကြောင့် ကွာလတီကောင်းတဲ့ ဓာတ်ပုံများကို ထုတ်ပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၇၀၀ ကျော် ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
(၆) Olympus PEN E-PL10

Olympus PEN E-PL10 ကတော့ မှန်မပါတဲ့ ကင်မရာတစ်လုံးဖြစ်ပြီး ၂၀၂၀ ခုနှစ်က ထွက်ရှိထားတဲ့ မော်ဒယ် တစ်လုံးဖြစ်ပါတယ်။ Filters မျိုးစုံလည်း ပါဝင်တဲ့အတွက်ကြောင့် ကင်မရာ ခရေစီ ကွီးတို့အတွက် အကြိုက်တွေ့မှာ အသေအချာပါပဲ။
(၇) Sony ZV-1

Sony မှ Sony ဆိုတဲ့ ကွီးတို့အတွက် Sony ZV-1 မော်ဒယ်လည်း ရွေးချယ်စရာ ရှိပါသေးတယ်။ ဈေးနှုန်းအားဖြင့်တော့ ယူရို ၇၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ ဒီကင်မရာ ဘယ်လောက်ထိတောင် ဖန်ရှင်ကောင်းသလဲဆိုရင် ကွီးတို့လက်က မငြိမ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ် ရိုက်မယ့် အရာဝတ္ထုက ရွေ့လျားနေရင်ပဲဖြစ်ဖြစ် ပုံရိပ်က ဝါးမသွားအောင် ကူညီပေးတဲ့ အဆင့်မြင့် ဖန်ရှင် ပါဝင်ပါတယ်။
ကွီးတို့ လက်ထဲမှာရော ကင်မရာ ကောင်းကောင်းတစ်လုံး ပိုင်ဆိုင်ထားပါသလား။
Source : iphotography
Featured Photo : Unsplash
