နည်းပညာ က ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ အရေးပါသောအခန်းကဏ္ဍကနေ ပါဝင်နေတာ လူတိုင်းအသိပဲ ဖြစ်ပါတယ်။  လွန်ခဲ့တဲ့နှစ်များမှစပြီး နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ရာ စမတ်ဖုန်းများ၊ တက်ဘလက်များ၊ လက်ပ်တော့များ စသည်တို့ကဲ့သို့ အဆင့်မြင့် Gadget များကို အသုံးပြုလာနိုင်သည်မှာ လက်တွေ့ပဲ ဖြစ်ပါတယ်။ နည်းပညာခေတ်သစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်လာပြီး အသက်များကို ကယ်တင်ရန်၊ အလုပ်အကိုင်များ တိုးတက်လာစေရန်နှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေထိုင်ရန်နေရာဖြစ်စေရန် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် လူသားမျိုးနွယ်ကြီးထွားမှုနဲ့ အဆင်ပြေချောမွေ့ဖို့အတွက် နည်းပညာလိုအပ်ပြီး ပိုမိုတိုးတက်အောင်လည်း ဘက်ပေါင်းစုံကနေ ကြိုးစားလျက်ရှိပါတယ်။ နည်းပညာခေတ်မှာနေ နေထိုင်နေသူတစ်ယောက်အတွက် နည်းပညာနဲ့ အလှမ်းဝေးနေလို့ မရပါဘူး။ ဒီနေ့မှာတော့ ကွီးတို့အတွက် နည်းပညာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချို့သော အချက်တွေ ကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

Tesla Automotive

နည်းပညာနဲ့ အချက်တွေ

Photo : Steer EV

ကွီးတို့က နည်းပညာခေတ်မှာ နေတယ်ဆိုရင် Tesla ဆိုတဲ့ နာမည်ကို ကြားဖူးကြမှာပါ။ ဒီအမည်က အဆင့်မြင့်နည်းပညာများအတွက် အဓိပ္ပါယ်အသစ်တစ်ခုကို ဖြစ်စေခဲ့ပါတယ်။ Tesla ရဲ့ နောက်ဆုံးထုတ်ကုန်များမှာ လျှပ်စစ်ကားများဖြစ်ပြီး အခြားထုတ်ကုန်များအပြင် လျှပ်စစ်ကားများနှင့် ဘက်ထရီသိုလှောင်မှုနှင့် ပတ်သက်သည့် အခြားသော ဆက်စပ်ပစ္စည်းများ ဖြစ်ပါတယ်။ Tesla အနေနဲ့ ဘယ်လို အဆင့်မြင့်နည်းပညာတွေ ဖန်တီးဦးမလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Alexa နဲ့ Siri တို့ကို ကျွန်တော်တို့ စကားသံတွေကို ကြားနေရတယ်

နည်းပညာနဲ့ အချက်တွေ

Photo : Adweek

အခုနောက်ပိုင်းမှာ AI နည်းပညာတိုးတက်လာတာနဲ့အမျှ Alexa နဲ့ Siri တို့ကလည်း ခေတ်စားလာပါတယ်။ ၎င်းတို့က အလိုအလျောက် တုံ့ပြန်နိုင်တဲ့ အသံဖြင့်ထိန်းချုပ်ထားသော Virtual Assistant များပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့က ကျွန်တော်တို့ ပြောသမျှစကားတွေကို နားထောင်နေတယ်ဆိုတာ သိပါသလား။ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ စကားပြောဆိုခြင်းနဲ့ လျှိုဝှက်စကားဝိုင်းကို ဘယ်သူ့ကိုမှ ကြားစေချင်မှ မဟုတ်ပါဘူး။ သို့သော်လည်း Alexa နှင့် Siri ကဲ့သို့သော နည်းပညာဆိုင်ရာ ကိရိယာများက ကျွန်တော်တို့ရဲ့ စကားပြောဆိုမှု မှတ်တမ်း‌ဒေတာတေကို ၎င်းတို့ရဲ့ Cloud မှာ သိမ်းဆည်းထားပါတယ်။ ဒါက ကွီးတို့အတွက် AI Experience ကို အဆင့်မြှင့်ရန် ကူညီပေးနိုင်ဖို့ ဖြစ်သော်လည်း ကွီးတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ပိုပြီးထိန်းသိမ်းနိုင်ဖို့ ကွီးတို့ရဲ့ စကားပြောဆိုမှုဒေတာတွေကို မကြာခဏ ဖျက်သင့်တယ်လို့ ဆိုပါတယ်။

နည်းပညာရဲ့ အချို့သော ဆိုးကျိုးများ

Photo : LinkedIn

လူသားတွေရဲ့ နေ့စဉ်ဘဝက နည်းပညာများကြောင့် ပိုမိုလွယ်ကူ အဆင်ပြေလာတယ်ဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူး။ ဒါ့အပြင် ဒီနေ့ခေတ်မှာ နည်းပညာများကို တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်လာအောင် အပြိုင်အဆိုင် ကြံဆောင်လျက်ရှိပါတယ်။ ယေဘုယျအားဖြင့် နည်းပညာများက လူသားတွေကို အကျိုးပြုနေတာ မှန်သော်လည်းပဲ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုအချို့လည်း ရှိနေပါတယ်။ ဥပမာအားဖြင့် ခေတ်မီနည်းပညာကို အသုံးပြုသည့် ကုမ္ပဏီများ များပြားလာသည်နှင့်အမျှ မကြာမီကာလအတွင်း အလုပ်အကိုင်များ ပိုမိုဆုံးရှုံးနိုင်ဖွယ်ရှိနေတယ်လို့ ပညာရှင်များက ဆိုထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အချိန်နဲ့ ပျော်ရွှင်မှုကို ထိခိုက်လာနိုင်တဲ့အထိ ဆိုရှယ်မီဒီယာတွေမှာ အချိန်ကုန်လာနိုင်တာ၊ Cyberbullying လုပ်ခံရတဲ့ ကိစ္စများလည်း ရှိနေပါတယ်။

ကွီးတို့ရေ နည်းပညာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်သော အချက်လေးတွေကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ နည်းပညာကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် ဘယ်လိုအချက်လေးတွေက သိထားသင့်လဲဆိုတာ ဆက်လက်ပြီးတော့မျှဝေပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးပါဦးဗျာ။

Source : Linked In

Featured Photo : Proactive