ကမ္ဘာပေါ်မှာ နည်းပညာ ပိုင်းဆိုင်ရာ နာမည်ကြီး ကုမ္ပဏီကြီးများ အများအပြားရှိတဲ့အနက် ဆရာ အကျဆုံး ကုမ္ပဏီတွေက ဘယ်ကုမ္ပဏီတွေလဲဆိုတာ ကွီးတို့ သိပါသလား။ နည်းပညာပိုင်းမှာရော အမြတ်ရနှုန်း ပိုများတဲ့ ကုမ္ပဏီကြီးတွေက ကွီးတို့ နေ့စဥ်ဘဝမှာ ရင်းနှီးပြီးသား ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ဒိတ်ဒိတ်ကြဲ အောင်မြင်နေပြီး နည်းပညာ ပိုင်းမှာ ဆရာ အကျဆုံး ကုမ္ပဏီတွေကတော့ အခုဖော်ပြပေးမယ့် ကုမ္ပဏီများပဲ ဖြစ်ပါတယ်။

(၁) Apple Inc.

Apple Inc.

Photo: Reuters

နည်းပညာပိုင်းမှာ ဗိုလ်ဆွဲနေတဲ့ ကုမ္ပဏီကတော့ ပန်းသီး ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ ထိပ်တန်း နည်းပညာများကို တစ်နှစ်ပြီး တစ်နှစ် မိတ်ဆက်ပေးနေတဲ့အပြင် သူ့ရဲ့ အမြတ်ငွေတွေကလည်း ကြောက်ခမန်း လိလိပါပဲ။ ၂၀၂၂ ခုနှစ်မှာတင် သူ့ရဲ့ အသားတင် အမြတ်ငွေက ဒေါ်လာ ၉၉.၈ သန်းခန့်ရှိပါတယ်။ Apple ထဲမှာ ရင်းနှီးမြှုပ်နှံထားသူတွေထဲမှာလည်း ဒိတ်ဒိတ်ကြဲ သူဌေးတစ်ဦးဖြစ်တဲ့ Warren Buffett လည်း ပါဝင်ပါတယ်။ ကမ္ဘာ့ စီးပွားရေး ဈေးကွက်ထဲမှာဆိုရင် ဒေါ်လာ ၂.၇ ထရီလီယံခန့်ကိုလည်း ချုပ်ကိုင်ထားနေပါသေးတယ်။

(၂) Microsoft Corp.

နည်းပညာ ဆရာ

Photo: TechCrunch

Microsoft ကလည်း ကမ္ဘာ့ အကြီးဆုံး ဆော့ဖ်ဝဲ ကုမ္ပဏီများထဲတွင် သူ အပါအဝင်ပါပဲ။ ပြီးတော့ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုဆိုလည်း မမှားပါဘူး။ ဒီကုမ္ပဏီကို ၁၉၇၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာတော့ တရားဝင် တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ အေအိုင် နည်းပညာတွေကိုလည်း ကွီးတို့နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိအောင် မိတ်ဆက်ပေးနေပါသေးတယ်။ သူ့ရဲ့ ကမ္ဘာ့ စီးပွားရေး ဈေးကွက်ထဲမှာ ချုပ်ကိုင်နိုင်တာကတော့ ဒေါ်လာ ၂.၅ ထရီလီယံခန့် ချုပ်ကိုင်ထားပါတယ်။

(၃) Adobe Inc.

နည်းပညာ ဆရာ

Photo: Proactiveinvestors

Apple နဲ့ Microsoft နောက်မှာ အသည်းအသန် ပြေးလိုက်နေတာကတော့ Adobe Inc. ပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီကလည်း ဆော့ဖ်ဝဲ အက်ပလီကေးရှင်းပေါင်းစုံကို Desktop တစ်ခုတည်းမှာပဲ သိမ်းဆည်းထားနိုင်ရာကနေ အခုဆိုရင် Cloud ထဲမှာပါ သိမ်းဆည်းလို့ရအောင် ဗားရှင်း မြင့်ထားပါတယ်။ Adobe ရဲ့ ထိပ်တန်း ထုတ်ကုန်တွဗကတော့ Photoshop ၊ Illustrator နဲ့ Premiere Pro တို့ပဲဖြစ်ပါတယ်။ Adobe ရဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာ ချုပ်ကိုင်ထားတဲ့ ငွေကြေး တန်ထိုးကတော့ ဒေါ်လာ ၂၄၁ သန်း ခန့် ဖြစ်ပါတယ်။

အခုဖော်ပြသွားတာကတော့ နည်းပညာနဲ့ မရင်းနှီးတဲ့ သာမန်လူတွေတောင် သိနိုင်တဲ့ ကုမ္ပဏီများပဲ ဖြစ်ပါတယ်။ အခြားသော နည်းပညာ ကုမ္ပဏီတွေလည်း အများကြီး ကျန်ရှိနေပါသေးတယ်။ ကျန်ရှိနေတဲ့ ကုမ္ပဏီတွေထဲကမှ ကွီးတို့ သဘောအတွေ့ဆုံး နည်းပညာ ကုမ္ပဏီက ဘယ်ကုမ္ပဏီတွေလဲ။ ဘယ်ကုမ္ပဏီက ဆရာ အကျဆုံး ဖြစ်မလဲ။

Source: Money.usnews

Featured Image: Likewebov