နည်းပညာ မြင့် တဲ့ အကောင်းစား ပစ္စည်းလေးတွေကိုမှ ကြွေတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ နောက်ဆုံးပေါ် ပစ္စည်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းများက ကွီးတို့ရဲ့ တစ်နေ့တာကို အခက်အခဲ မရှိ ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ဖို့အတွက် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

(၁) Ekster Parliament Smart Wallet

(၁) Ekster Parliament Smart Wallet

ဒီစမတ် ပိုက်ဆံအိတ်ကတော့ ပုရိသတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ၈၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပြီး ကတ်ပေါင်း ၁၀ ကတ်အပြင် ပိုက်ဆံ ထည့်လို့ရတဲ့ အကန့်ပေါင်း အများအပြား ပါဝင်ပါတယ်။

(၂) Anker Prime 20K Power Bank

(၂) Anker Prime 20K Power Bank

မီးပျက်တဲ့အချိန်မှာ စိတ်ချ လက်ချ အသုံးပြုဖို့အတွက်ဆိုရင်တော့ အကောင်းစား ပါဝါဘန့်ခ် တစ်လုံးကတော့ မရှိမဖြစ်ပါပဲ။ ဒီပစ္စည်းကဆိုရင် လက်ပ်တော့ နှစ်လုံးကို တစ်ပြိုင်နက်တည်း အားသွင်းလို့ရတဲ့အထိ စွမ်းဆောင်ရည် မြင့်ပါတယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၃၀ သာ ကုန်ကျမှာဖြစ်ပါတယ်။

(၃) OXO Sweep & Swipe Laptop Cleaner

(၃) OXO Sweep & Swipe Laptop Cleaner

ကွီးတို့ လက်ပ်တော့က ဖုန် ခဏ ခဏ တက်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ OXO Sweep & Swipe Laptop Cleaner လေးကို ဝယ်ယူထားသင့်ပါတယ်။ ဒီပစ္စည်းလေးက လက်ပ်တော့ အတွက်သာမက၊ တက်ပလက်၊ စမတ်ဖုန်းနဲ့ အခြားသော စမတ် ပစ္စည်းတွေအတွက်လည်း အသုံးတည့်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၂ ဒေါ်လာသာ ကုန်ကျမှာဖြစ်ပါတယ်။

(၄) Soundcore Motion X600 Portable Bluetooth Speaker

နည်းပညာ မြင့်

ကွီးတို့ နေအိမ်မှာ အနားယူ အပန်းဖြေတဲ့အခါ ကွာလတီကောင်းကောင်း ပစ္စည်းများနဲ့ သီချင်း နားထောင်ရင်း အနားယူ အပန်းဖြေချင်ပါသလား။ ဒါဆိုရင်တော့ Soundcore Motion X600 Portable Bluetooth Speaker ကို ဝယ်ယူနိုင်ပါတယ်။ ရေစိုလည်း ခံတဲ့အတွက်ကြောင့် စိတ်ပူစရာ မလိုပါဘူး။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။​

(၅) Soundcore AeroFit Pro Open-Ear Headphones

နည်းပညာ မြင့်

ဒီနားကြပ်လေးကတော့ ဒေါ်လာ ၁၇၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီဇိုင်းက အကြမ်းလည်း ခံတဲ့အပြင် ဘက္ထရီကလည်း နာရီ ၁၄ နာရီကြာတောင် အသုံးခံပါတယ်။

(၆) Anker MagGo Qi2 Power Bank

နည်းပညာ မြင့်

နောက်ဆုံးပေါ် ပါဝါဘန့်ခ်လေးကို လိုချင်ပါသလား။ ဒါဆိုရ်ငတော့ ဒီပစ္စည်းလေးကို ဝယ်ယူသင့်ပါတယ်။ 10,000 mAh ပါဝင်ပြီး မီးမလာတဲ့ ရက်တွေမှာဆို ကွီးတို့အတွက် ပါရမီ ဖြည့်ပေးမှာပါ။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၉၀ ကုန်ကျမှာ ဖြစ်ပါတယ်။

(၇) 1More PistonBuds Pro Q30 Wireless Earbuds

နည်းပညာ မြင့်

ဒီဇိုင်းပိုင်းကလည်း မိမိုက်နေပြီး အသံ ကွာလတီပိုင်းကလည်း ပြောစရာမလိုအောင် မိုက်တဲ့ အလန်းစားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီမော်ဒယ်အမျိုးအစားလေးကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၅၅ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။

(၈) Hatch Restore 2 Smart Alarm Clock

နည်းပညာ မြင့်

ဒီပစ္စည်းလေးကတော့ မနက် မနက် တော်တော်နဲ့ မထတဲ့ ကွီးတို့အတွက် အသုံးတည့်မယ့် စမတ် အလန်း နာရီပဲဖြစ်ပါတယ်။ ကွီးတို့ ဖုန်းနဲ့ ချိတ်ဆက်ပေးထားနိုင်ပြီး သတ်မှတ်ချိန် ရောက်တာနဲ့ ကွီးတို့ မနိုးမချင်းကို အသံမြည်နေတော့မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။

ကွီးတို့ လက်ထဲမှာရော ဘယ်လိုမျိုး နည်းပညာ မြင့် တဲ့ ပစ္စည်း အမျိုးအစားတွေကို ပိုင်ဆိုင်ထားပါသလဲ။

Source : Bestproducts

Featured Photo : Forums.macrumors