နည်းပညာ မြင့်ပြီး လုံခြုံရေး ကောင်းတဲ့ ဖုန်းအမျိုးအစားတွေကို ကိုင်မှ ကွီးတို့ရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ၊ လုပ်ငန်းပိုင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်များအားလုံးသည် မသမာသူတွေရဲ့ လက်ထဲ ရောက်မသွားမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး နည်းပညာ လည်း မြင့်ပြီး လုံခြုံရေး ပိုင်းကလည်း ကောင်းတာမျိုးကို ရှာဖွေနေတယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖုန်းအမျိုးအစားများကို ရှာဝယ်နိုင်ပါတယ်။

Murena

Murena

ဒီစမတ်ဖုန်းတွေသည် /e/OS ကို အသုံးပြုထားတဲ့ အတွက်ကြောင့် ကိုယ်ရေး ကိုယ်တာ Privacy အတွက်တော့ ပူစရာမလိုအပ်ပါဘူး။ ဟက်ကာတွေရဲ့ ရန်ကနေ ကင်းရှင်းချင်တယ် ဆိုရင်တော့ ဒီစမတ်ဖုန်းကို အသုံးပြုသင့်ပါတယ်။​ ဖုန်းထဲမှာလည်း Built-in Firewall ပါရှိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ ပါသွားမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူး။

Purism Librem 5

Purism Librem 5

ဒီဖုန်းကလည်း လုံခြုံရေးပိုင်းကို အသားပေးထားတဲ့ နည်းပညာမြင့် ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဒီဖုန်းက Android နဲ့ iOS ဖုန်းတွေနဲ့ မတူပါဘူး။ နေရာတွေကို လိုက်မှတ်ထားတဲ့ နည်းပညာကို ကန့်သတ်ထားတဲ့ အတွက်ကြောင့် စိတ်ပူစရာ မလိုပါဘူး။ ကွီးတို့ရဲ့ လုံခြုံရေးကို ဦးစားပေးထားတဲ့အတွက်ကြောင့် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀ ဒေါ်လာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

KryptAll-iPhone

နည်းပညာ လုံခြုံရေး

နောက်ထပ် အမျိုးအစားကတော့ KryptAll-iPhone ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၇၉၉ ပေးချေရမှာပဲ ဖြစ်ပါတယ်။ သုံးစွဲသူရဲ့ ဒေတာတွေကို ပြန့်မသွားအောင် ကာကွယ်ပေးထားပြီး ကွီးတို့ရဲ့ လုံခြုံမှုကို အသားပေးထားတဲ့ ဖုန်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

Sirin Labs Finney U1

နည်းပညာ လုံခြုံရေး

နောက်ထပ် အမျိုးအစားတစ်ခုကတော့ Sirin Labs Finney U1 ပဲဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး ဖုန်းထဲမှာ ဒီဖုန်းကလည်း အပါအဝင်ပါပဲ။ ဒီဇိုင်းကလည်း မိမိုက်နေပြီး ကွီးတို့ အမျိုးသားထုကြီး ကြိုက်နှစ်သက်တဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Sirin Labs ဘရန်းဖြစ်ပြီး Dual Sim အသုံးပြု နိုင်ပါတယ်။

Google Pixel 8 Pro

နည်းပညာ လုံခြုံရေး

Google Pixel 8 Pro ကတော့ ဖန်ရှင်တွေ စုံစုံလင်လင် ပါဝင်ပြီး လုံခြုံရေးပိုင်းမှာလည်း ပူစရာတောင် မလိုပါဘူး။ Google ကဆိုရင် လစဥ်လတိုင်းမှာ Security Update တွေ တင်လေ့ရှိတာကြောင့် ကွီးတို့လို လုံခြုံရေးပိုင်း စိတ်ပူနေတဲ့ သူတွေအတွက် ကွက်တိပါပဲ။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၉၆၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ပစ္စည်းတွေထဲက ဘယ်အမျိုးအစားကို နှစ်သက်ပါသလဲ။

Source: Linkedin.com

Featured Image: Techradar.com