ယနေ့ခေတ်မှာ နည်းပညာသည် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် နည်းပညာရဲ့ အကူအညီပါမှ အလုပ်လုပ်ရတာလည်း အဆင်ပြေပြီး ပိုပြီး လျင်မြန် မြန်ဆန်လာတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ နည်းပညာ ကြောင့် အရာရာမှာ အကုန်အကျ သက်သာလာတဲ့အပြင် အချိန်ကုန်လည်း ပိုသက်သာလာတယ်ဆိုတာ မျက်မြင်ပါပဲ။

တကယ်လို့ ကွီးတို့က မယုံဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လေ့လာကြည့်လိုက်ပါဦး။

အီးမေးလ်တွေ ဆိုရှယ် မီဒီယာပေါ်ကနေ အမြန်ဆန်ဆုံး ဆက်သွယ်နိုင်မယ်

email

အရင်ကလို တစ်ခုခု အရေးကြီးပို့စရာရှိတယ်ဆိုရင် စာတိုက်တွေ ဘာတွေကနေ ဆက်သွယ်နေရတာ အချိန်လည်း ကုန်ပါတယ်။ ကွီးတို့ ရစရာရှိတာတွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ စိတ်ညစ်စရာပါပဲ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ နည်းပညာ ရဲ့ အကူအညီနဲ့ အကုန်အကျ လည်း သက်သာသွားတဲ့အပြင် အချိန်ကုန်လည်း မြန်ဆန်သက်သာလာတာပဲ လက်တွေ့ပဲ မဟုတ်လား။ ကွီးတို့ရဲ့ စီးပွားဖက်တွေနဲ့ အချိန်တိုအတွင်းမှာ ဆက်သွယ်နိုင်ပါပြီ။

ဈေးဝယ်သူ ဝန်ဆောင်မှုပိုင်းကိုပဲ ကြည့်မလား

နည်းပညာ အကုန်အကျ

ဈေးဝယ်သူတွေက ဝန်ဆောင်မှု ကောင်းတဲ့ ဈေးဆိုင်များ၊ ဆိုင်များကို အင်မတန်မှ သဘောကျကြပါတယ်။ ကာစတန်မာ ဝန်ဆောင်မှုပိုင်းဆိုရင် အွန်လိုင်းပေါ်ကနေ မြန်ဆန်မှုရှိအောင် အော်တို ဖြေကြားခြင်း စနစ်လည်း ရှိပါသေးတယ်။ ဒါပေမဲ့ AI ဖြင့် အော်တို ဖြေကြားခြင်း စနစ်က လူသားအချင်းချင်း စကားပြောရတာလောက် ကောင်းမွန်တဲ့ အတွေ့အကြုံကို မပေးစွမ်းနိုင်တဲ့အတွက်ကြောင့် အချို့တွေကတော့ သဘောမကျကြပါဘူး။ ဘာပဲ ပြောပြော နည်းပညာနဲ့တင် အရာရာကို မြန်ဆန်အောင် ရောင်းအားကောင်းအောင် လုပ်ဆောင်နိုင်တာသည်လည်း တစ်ပန်းသာပါတယ်။

ဝန်ထမ်းများအနေနဲ့လည်း အချိန် နေရာ မရွေး အလုပ်လုပ်နိုင်လာတယ်

နည်းပညာ အကုန်အကျ

ဒီအချက်ကတော့ အလုပ်ရှင်ရော ဝန်ထမ်းတွေအတွက်ပါ အားသာချက် ကိုယ်စီရှိပါတယ်။ အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေကို လွတ်လပ်ခွင့် အပြည့်အဝ ပေးထားပြီး ကုန်ထုတ်စွမ်းအား မြန်ဆန်အောင် လုပ်ဖို့အတွက် ရည်ရွယ်ပြီး အိမ်မှာပဲ အွန်လိုင်းပေါ်ကနေ အလုပ်လုပ်ခိုင်းကြပါတယ်။ အလုပ်ရှင်ဘက်က ကြည့်ရင်လည်း ရုံးခန်း ငှားခလည်း သက်သာပြီး ဝန်ထမ်းများဘက်က ကြည့်ရင်လည်း ရုံးအသွားအပြန် အချိန်တွေမှာ အလကား အပင်ပန်း ခံနေစရာ မလိုတဲ့အပြင် ဘတ်စ်ကားခ၊ တက်စီခတွေလည်း သက်သာပါတယ်။

ကွီးတို့ရော နည်းပညာ ကြောင့် အရာရာက အကုန်အကျ သက်သာလာတယ်ဆိုတာကို ယုံပါသလား။

Source: Aurosign.com

Featured Image: Linkedin.com