နည်းပညာ ဟာ ဒီဘက်ခေတ် လူသားတိုင်းအတွက် အခြေခံကျတဲ့ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နည်းပညာ အပေါ်အခြေခံပြီး လူနေမှုဘဝပုံစံတွေလည်း များစွာပြောင်းလဲ လာခဲ့ပါတယ်။ အားလပ်ချိန် တွေမှာ အနားယူ ကြတဲ့အခါမှာတောင် နည်းပညာ ကိုအခြေခံတဲ့ ဖုန်း၊ ကွန်ပျူတာတွေကို အသုံးပြုပြီး အနားယူလေ့ ရှိကြတာ ဖြစ်ပါတယ်။

တကယ်တော့ စိတ်လွတ် လက်လွတ်နဲ့ ကိုယ်ရောစိတ်ပါ ကောင်းစွာအနားယူနိုင်ဖို့ဆိုရင် နည်းပညာမပါတဲ့ အနားယူ နည်းတွေကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ အားလပ်ချိန်တွေမှာ လွတ်လွတ်လပ်လပ် အနားယူပြီး ဘဝရဲ့ သေးငယ်တဲ့ အရာလေးတွေကို အာရုံစိုက်ဖို့ နည်းပညာ မပါပဲ အကောင်းဆုံး အနားယူ နိုင်မယ့် နည်း ၄ ခု ကို မျှဝေပေးချင်ပါတယ်။

(၁) နေဝင်ချိန်ကို ကြည့်ပါ


Photo : mPhoto

ညနေဆည်းဆာအချိန်မှာ အေးအေးဆေးဆေး စိတ်လွတ်လက်လွတ် နေဝင်ချိန်အလှကို ထိုင်ကြည့်ရတာလည်း အကောင်းဆုံး အနားယူ နည်းတစ်မျိုးပါပဲ။ စိတ်ထဲက တင်းကျပ်မှုတွေအားလုံးကို ဖြေလျော့ပြီး ကမ္ဘာကြီးရဲ့ နေ့ကနေ ညကို ဖြတ်သန်းနေပုံကို တစိမ့်စိမ့် ကြည့်ရှု့ရင်း စိတ်အေးချမ်း ပျော်ရွှင်မှုကို ခံစားလိုက်ပါ။

(၂) ကိုယ့်အတွက် တစ်နေ့တာ အချိန်ပေးပါ


Photo : Unsplash

ကျွန်တော်တို့ အများစုဟာ အသက်မွေးဝမ်းကြောင်း အလုပ်တွေ ၊ ကိုယ်ချစ်ရတဲ့သူတွေအတွက် အချိန်တော်တော် များပေးရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေကြပေမယ့် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့တော့ မေ့နေတက်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ပိတ်ရက်မှာ တစ်နေ့တာလုံး ကိုယ့်အတွက်ကိုယ် အပြည့်အဝ အချိန်ပေးပြီး ဖြတ်သန်းကြည့်ပါ။ နည်းပညာ မပါပဲ ကွီးတို့ လုပ်ချင်တဲ့ အရာလေးတွေ ၊ ဝါသနာပါတဲ့ အရာတွေအတွက် အချိန်ပေးပြီး ပြည့်ပြည့်ဝဝ အနားယူ လိုက်ပါ။

(၃) စာအုပ် တစ်အုပ်ဖတ်ပါ

Photo : iStock

နည်းပညာ နဲ့အဆက်ဖြတ်ပြီး အနားယူ မယ်ဆိုရင်တော့ ကွီးတို့ စာအုပ်ကောင်းတစ်အုပ်နဲ့ အနားယူ တဲ့ နည်းလမ်းက အကောင်းဆုံး ဖြစ်ပါတယ်။ စာအုပ်ဖတ်ခြင်းက စိတ်ရောကိုယ်ပါ ငြိမ်သက် အေးချမ်းခြင်းကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ အားလပ်ချိန်တွေမှာ ဖုန်းတွေ ၊ ဆိုရှယ်မီဒီယာတွေ ဘာတစ်ခုမှ မသုံးပဲ စာအုပ်ကောင်းတစ်အုပ် ၊ ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး အနားယူလိုက်ပါ။

(၄) အကြိုက်ဆုံး စားစရာတွေ စားပါ


Photo : Healthline

ကိုယ်အကြိုက်ဆုံး စားစရာလေးတွေ စားရတဲ့အချိန်က စိတ်ကျေနပ်ပြီး ပျော်ရွှင်တဲ့ ခံစားမှုကို အပြည့်အဝ ခံစားကြရတယ် မဟုတ်လား။ နည်းပညာ လုံးဝမသုံးပဲ စိတ်ပျော်ရွှင်ပြီး လန်းဆန်းသွားစေဖို့ အားလပ်ရက်မှာ ကွီးတို့ အကြိုက်ဆုံး အစားအစာတွေကို ကိုယ်တိုင်ချက်စားတာ ဖြစ်ဖြစ် ၊ အကြိုက်ဆုံး ဆိုင်မှာ သွားစားတာဖြစ်ဖြစ် လုပ်ကြည့်လိုက်ပါ။

ကွီးတို့ လွယ်လွယ်ကူကူ လုပ်နိုင်မယ့် နည်းပညာ မပါပဲ အကောင်းဆုံး အနားယူ နည်းလေးတွေပဲ ဖြစ်ပါတယ်။

Featured Photo : The Independent