နည်းညာ အသစ် အဆန်းများသည် ယခုလို ခေတ်မှီနေသော မော်ဒန်ကမ္ဘာကြီးထဲတွင် မြန်ဆန်သော နှုန်းဖြင့် ပြောင်းလဲနေပါတယ်။ နေ့ရက်တိုင်းမှာ နည်းပညာ အသစ် များ၊ ဖန်တီးမှု အသစ်များကို နေ့ရက်တိုင်းမှာ ခံစားနိုင်ပြီး ကျနော်တို့ရဲ့ အနာဂတ်သည်လည်း နည်းပညာများကြောင့် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါပြီ။
အခုဆိုရင် AI ပရိုဂရမ်များဖြင့် ကဗျာများ ရေးခြင်း၊ ဒီဇိုင်းများ ရေးဆွဲခြင်း၊ ဇာတ်ညွှန်းရေးခြင်း၊ ရုပ်ရှင် ရိုက်ခြင်းတို့ကိုပါ ပြုလုပ်နိုင်နေပါပြီ။
အနာဂတ်မှာရော ဘယ်လို နည်းပညာ အသစ်အဆန်းတွေ ခေတ်စားလာမလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦး။
(၁) Necrobotics
သူ့ရဲ့နည်းပညာက Necrobotics ဆိုတဲ့ နာမည်အတိုင်းပဲ သေဆုံးနေတဲ့အရာများကို စက်ရုပ်အဖြစ် ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာကတော့ ကျောချမ်းစရာပါပဲ။ မသိရင် Horror ရုပ်ရှင်ဆန်ဆန်ပါပဲ။
သုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က သေနေတဲ့ ပင့်ကူတစ်ကောင်ကိုယူပြီး စက်ရုပ်အဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ သူ့ရဲ့ မူလလက်ချောင်းများကို ဖယ်ရှားကာ စက်ရုပ်လက်များ တပ်ပစ်လိုက်ပါတယ်။ အောင်မြင်သွားတယ်လို့လည်း ဆိုပါတယ်။
(၂) သဲ ဘက္ထရီ
သဲကို အသုံးပြုကာ ဘက္ထရီအဖြစ် ဖန်တီးနိုင်တယ်ဆိုတာကိုရော ကွီးတို့ သိပြီးပါပြီလား။ ဒီနည်းပညာကတော့ ဖင်လန် အင်ဂျင်နီယာများက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး သဲကို အသုံးပြုကာ ဘက္ထရီအကြီးကြီးအဖြစ် ပြောင်းလဲပစ်တာဖြစ်ပါတယ်။
ထိုအင်ဂျင်နီယာများသည် အလျား ၄ မီတာ အနက် ၇ မီတာရှိသော စတီးကွန်တိန်နာထဲသို့ သဲ ၁၀၀ တန်ကို ထည့်ထားလိုက်ပါတယ်။ ထိုသဲများသည် လေနှင့် နေရောင်တို့ကြောင့် ပူလာပြီး အနီးအနားရှိ အဆောက်အဦးများသို့ အပူစွမ်းအင် ထောက်ပံ့ကာ နွေးထွေးအောင် ပြုလုပ်နိုင်ပါတယ်။ ဒီနည်းပညာကိုသာ လက်တွေ့အသုံးချနိုင်ရင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။
(၃) အဝေးရောက်နေတဲ့ သူငယ်ချင်း မိတ်ဆွေများကို လှမ်းဖက်နိုင်တဲ့ E-skin
ယခုအချိန်မှာ အဆင့်မြင့် မော်ဒန်နည်းပညာကို အသုံးပြုပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ အဝေးရောက် မိတ်ဆွေများ၊ သူငယ်ချင်းများကို လှမ်းဆက်သွယ်နိုင်ပြီပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ ဟောင်ကောင်တက္ကသိုလ်က အင်ဂျင်နီယာများ ပြုလုပ်ထားတဲ့ ကြိုးမဲ့ နူးညံ့သော E-skin က အဝေးရောက်နေသူများကို အသားအရေချင်း ထိတွေ့ကာ ဖက်နိုင်သည်အထိ အဆင့်မြင့်မားပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ နည်းပညာများထဲက ဘယ်နည်းပညာကို သဘောတွေ့ပါသလဲ။
Source: Sciencefocus
Featured Image: Great.gov.uk