လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ဖို့နဲ့ မစီစဥ်ထားဘဲ ကိုယ်ဝန်ရသွားတဲ့ အခြေအနေမျိုးမှ ကာကွယ်ဖို့အတွက်ဆိုရင် နည်းမှန် လမ်းမှန်နဲ့ ဦးထုပ် ဆောင်းတတ်ဖို့ လိုအပ်ပါတယ်။

နည်းမှန် လမ်းမှန် ဦးထုပ် ဆောင်းတတ်ရုံနဲ့ လုံလောက်ပြီလား။

နိုးပါ။ မလုံလောက်သေးပါဘူး။ ကွန်ဒုံးတစ်ခုကို အသုံးပြုတော့မယ်ဆိုတာနဲ့ စတင်စစ်ဆေးရမယ့်အချက်တွေ ရှိပါတယ်။ ထိုအချက်တွေကို သေချာစွာ သိထားမှသာလျှင် ကွန်ဒုံး အသုံးပြုခြင်းသည် အချည်းနှီးဖြစ်မသွားမှာဖြစ်ပါတယ်။

ဘယ်နေ့မှာ သက်တမ်းကုန်မလဲဆိုတာကို စစ်ဆေးပါ

condom

နည်းမှန် လမ်းမှန် ဦးထုပ် ဆောင်းဖို့အတွက် ပထမဦးဆုံး သိထားရမယ့်အချက်ကတော့ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးခြင်းပဲဖြစ်ပါတယ်။ အသုံးမပြုခင်မှာ မဖြစ်မနေ စစ်ဆေးသင့်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ကွန်ဒုံးများသည် သက်တမ်းကြာလာတဲ့အခါ (သို့) ထိန်းသိမ်းထားပုံ မမှန်ကန်တဲ့အခါ ကွန်ဒုံးထဲမှာ ပါဝင်တဲ့ Latex သည် ဓာတ်ပြယ်သွားတတ်ပါတယ်။ ဒါဆိုရင်တော့ ကွန်ဒုံး အသုံးပြုခြင်းသည် အချဥ်းနှီးဖြစ်သွားပြီး အစီအစဥ်မရှိဘဲ ကိုယ်ဝန်ရသွားခြင်းနှင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို ခံစားရနိုင်ခြေ မြင့်မားပါတယ်။

ကိုင်လိုက်တဲ့အချိန်မှာ လေကို ခံစားရပါလိမ့်မယ်

condom

ကွန်ဒုံးက အချိန်ဘယ်လောက် ကြာနေပြီလဲဆိုတာကို စစ်ဆေးနိုင်တဲ့ နောက်တစ်နည်းရှိပါသေးတယ်။ ထိုနည်းလမ်းကတော့ ကွန်ဒုံးအထုပ်ကို လက်ဖြင့် ကိုင်ကြည့်တဲ့အခါ လေကို စမ်းသပ်မိရပါမယ်။ ကွန်ဒုံးများ ထုပ်ပိုးတဲ့အခါ ကွန်ဒုံးများ ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန်အတွက် ရည်ရွယ်ချက်ရှိရှိနှင့် လေထည့်ကာ ထုတ်ပိုးထားတာပဲဖြစ်ပါတယ်။ စမ်းသပ်ဖို့ နည်းလမ်းကတော့ အထုပ်ကို ကိုင်ထားပြီး လက်မနှင့် လက်ညှိုးတို့ကို ခပ်ဖွဖွလေး ဖိပေးရမှာဖြစ်ပါတယ်။ လေကို စမ်းကြည့်လို့ရတယ်ဆိုရင် အထုပ်သည် အပေါက်တွေ မရှိဘဲ ထုပ်ပိုးစကအတိုင်း မပျက်မစီး ပကတိအကောင်းအတိုင်း ရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။

ဖွင့်ဖောက်တဲ့အခါ သေချာဂရုတစိုက်ဖွင့်ပါ

ဖွင့်ဖောက်တဲ့အခါ သေချာဂရုတစိုက်ဖွင့်ပါ

ကွန်ဒုံးကို ထုပ်ပိုးထားတဲ့ အထုပ်သည် အလွယ်တကူ ဖွင့်ဖောက်လို့ရတဲ့ အထုပ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂရုတစိုက် ဖွင့်ဖောက်ကြည့်ဖို့တော့ လိုအပ်ပါသေးတယ်။

မဖွင့်ဖောက်ခင်မှာ အရင်ဦးဆုံး လက်ကို သေချာ ဆေးကြာပါ။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့လက်နဲ့ Foreplay လုပ်ထားတဲ့အခါ လက်မှာ အရည်များ ကပ်ကျန်နေခဲ့တတ်ပါတယ်။ သတိမထားမိဘဲ ကွန်ဒုံးကို ကိုင်လိုက်မယ်ဆိုရင် ကွန်ဒုံးကိုလည်း ပေကျံသွားပါလိမ့်မယ်။

လက်ဆေးပြီးတဲ့အခါ ကွန်ဒုံးအိတ်ရဲ့ အစွန်းဘက်ကနေ ဖြဲကာ ဖွင့်ရမှာဖြစ်ပါတယ်။ ကပ်ကြေး၊ လက်သည်းနှင့် အခြားသော ချွန်ထွက်တဲ့ ပစ္စည်းများ အသုံးပြုကာ ဖွင့်ဖောက်စရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ထိုချွန်ထက်တဲ့ ပစ္စည်းများက အထဲက ကွန်ဒုံးကိုပါ ပျက်စီးသွားစေနိုင်လို့ပါပဲ။

အတွင်းဖက်လား၊ အပြင်ဖက်လား သေချာရွေးချယ်ပါ

နည်းမှန် ဦးထုပ်

ကွန်ဒုံးကို ညီလေးပေါ် စွတ်ချတဲ့အခါမှာလည်း အတွင်းဖက်လား၊ အပြင်ဖက်လား၊ မှန်ကန်အောင် သေချာစွပ်ဖို့ လိုအပ်ပါတယ်။ ကွန်ဒုံးရဲ့ အနားသတ် အကွင်းသည် အတွင်းဘက်သို့ ဝင်မနေရဘဲ အပြင်ဘက်မှာ အလိပ်လိုက်သားလေး တည်ရှိနေရမှာဖြစ်ပါတယ်။

ပုံပါအတိုင်းလေး စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးထဲသို့ လက်ချောင်း ထိုးထည့်ကာ စမ်းသပ်ကြည့်စရာမလိုပါဘူး။ ညီလေးပေါ် အလွယ်တကူ စွတ်ချကြည့်နိုင်တယ်ဆိုရင် ကွီးတို့သည် မှန်မှန်ကန်ကန် စွတ်နေတာပဲဖြစ်ပါတယ်။

နေရာလွတ်တစ်ခု ချန်ထားရပါမယ်

နည်းမှန် ဦးထုပ်

ကွန်ဒုံးရဲ့ ထိပ်ပိုင်းလေးက ဖိထားကာ ညီလေးပေါ်မှာ ဖိချပါ။ ဒါမှသာ ကွီးတို့ ကိစ္စ ပြီးမြောက်သွားလို့ ထွက်လာတဲ့ သုတ်ရည်တွေအတွက် နေရာလွတ်ကျန်ခဲ့မှာဖြစ်ပါတယ်။ ထိုနေရာလွတ်သာ မရှိဘူးဆိုရင် သုတ်ရည်သည် ကွန်ဒုံးတစ်ခုလုံးကို ပေကျံသွားပြီး ကွန်ဒုံးအသုံးပြုခြင်းသည်လည်း အချည်းနှီးဖြစ်သွားနိုင်ပါတယ်။

ပြန်လည်ဖယ်ရှားတဲ့အခါ

နည်းမှန် ဦးထုပ်

ကိစ္စဝိစ္စတွေ ပြီးသွားတဲ့အခါ ကွန်ဒုံးကို စွပ်ခဲ့တဲ့အခါ ပြန်လိပ်တင်ကာ ချွတ်ရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ကွန်ဒုံး အရွယ်အစားက သေးလွန်းနေတာ (သို့) ကြီးလွန်းနေတာမျိုးဆိုရင်လည်း STIs ရောဂါများ ကူးစက်နိုင်တာမို့လို့ ကွက်တိကျမယ့် အရွယ်အစားကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

စနစ်တကျ စွန့်ပစ်ပါ

နည်းမှန် ဦးထုပ်

အသုံးပြုပြီးသား ကွန်ဒုံးများသည် အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရမှာဖြစ်ပါတယ်။ အိမ်သာပိုက်ထဲ စွန့်ပစ်ရမှာမဟုတ်ပါဘူး။ ပိုက်တွေ ပိတ်ဆို့နိုင်လို့ပဲဖြစ်ပါတယ်။

အကောင်းဆုံဂ စွန့်ပစ်နည်းကတော့ အသုံးပြုပြီးသား ကွန်ဒုံးကို အိမ်သာသုံး တစ်သျှူးနဲ့ သေချာ ထုတ်ပိုးပြီး လွှင့်ပစ်သင့်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကိုလည်း ကာကွယ်ရာ ရောက်သလို၊ သုတ်ရည်များ ထွက်ကျခြင်းကြောင့် ပေကျံမယ့်အဖြစ်ကနေလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကွီးတို့ရော ဦးထုပ်တွေကို နည်းမှန် လမ်းမှန် ဆောင်းနေရဲ့လား။

Source: Verywellhealth

Featured Image: Freepik