နာရီများသည် ဖက်ရှင်ချစ်သူများအတွက် မရှိမဖြစ်အရေးကြီးတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကွီးတို့ကို စမတ်ကျအောင် ကူညီပေးနေတဲ့ ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ Rolex ၊ Omega  အစရှိတဲ့ ဒိတ်ဒိတ်ကြဲနာရီဘရန်းများကလည်း ကွီးတို့ကို နာရီ မဝယ်ချင် ဝယ်ချင်လာအောင် ဆွဲဆောင်နေတာဖြစ်ပါတယ်။  ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ နာရီဘရန်းအမျိုးမျိုးရှိတဲ့အနက် လတ်တလောမှာ ပုရိသတို့အကြား ရေပန်းစားနေတဲ့ အမိုက်စား နာရီ ဒီဇိုင်း များကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

Seiko

နာရီ ဒီဇိုင်း

ဂျပန်ဘရန်းအကောင်းစားလေးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Seiko တံဆိပ်လေး ရှိပါတယ်။ ဒီ နာရီ ဒီဇိုင်း ကတော့ ဆင်မြန်းထားသူကို စမတ်ကျကျအသွင် ဖော်ဆောင်ပေးမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။

Shinola

နာရီ ဒီဇိုင်း

စတီးလက်ပတ်ကြိုးတွေ မကြိက်တဲ့ ကွီးတို့ကတော့ Shinola ကို ရွေးချယ်နိုင်ပါတယ်။ အမိုက်စား သားရေကို အသုံးပြုထားတာကြောင့် အကြမ်းလည်းခံပြီး ဒီဇိုင်းကလည်း မိမိုက်နေပါသေးတယ်။

Triwa

နာရီ ဒီဇိုင်း

လူငယ်ဆန်တဲ့ဘက်ကို သွားချင်တယ်ဆိုရင်တော့ Triwa ဘရန်းကို ရွေးချယ်သင့်ပါတယ်။ နာရီ ဒီဖိုင်း လေးက အရိုးရှင်းဆုံးနဲ့ ဖက်ရှင်အကျဆုံးဖြစ်နေတာကတော့ သူ့ရဲ့အားသာချက်တစ်ခုပါပဲ။

AVI-8

နာရီ ဒီဇိုင်း

Rolex တို့ Patek တို့လိုမျိုး Luxury နာရီတွေကို ပတ်ချင်ပေမယ့် ပိုက်ဆံအများကြီးလည်း မသုံးချင်ဘူးဆိုတဲ့ ကွီးတို့ကတော့ AVI-8 ကို ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းလေးကတော့ Rolex တို့လို ဆင်တူပါတယ်။

Skagen

နာရီ ဒီဇိုင်း

နောက်ထပ် အရိုးရှင်းဆုံးနဲ့ အလှပဆုံး နာရီ ဒီဇိုင်း လေးကတော့ Skagen ဘရန်းပဲဖြစ်ပါတယ်။ Skagen ဆိုတာကတော့ ဒိန်းမတ်နိုင်ငံရဲ့ မြောက်ဘက်စွန်းပိုင်းက မြို့ငယ်လေးကို အစွဲပြုကာ ခေါ်ဆိုထားတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ပေါင် ၁၀၀ ဝန်းကျင်လောက်သာရှိတဲ့ နာရီတစ်လုံးပါ။

Junghans

နာရီ ဒီဇိုင်း

အချိန်ကို နာရီ၊ မိနစ်၊ စက္ကန့်ကအစ အသေးစိတ်ကြည့်ချင်သူများ၊ ရက်စွဲကိုပါ ကြည့်ချင်သူများအတွက် အမိုက်စား နာရီလေးကတော့ Junghans ပဲဖြစ်ပါတယ်။

MVMT

watch

နာရီလက်ပတ်ကြိုးလေးကို ကျစ်ကျစ်လျစ်လျစ်လေးနဲ့ လှပတဲ့ပုံစံမျိုး ပတ်ချင်တဲ့ ကွီးတို့အတွက်ကတော့  MVMT ဆိုတဲ့ နာရီလေးရှိပါတယ်။ အမေရိကန် နိုင်ငံထုတ် ဘရန်းတစ်မျိုးဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်တည်ထောင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

George Jensen

watch

နာရီတစ်လုံးရဲ့ Features မျိုးစုံကို ရှုပ်ယှက်ခတ်မနေဘဲ ရိုးရိုးရှင်းရှင်းဖြစ်အောင် ဒီဇိုင်းရေးဆွဲထားတာကို မြင်တွေ့ရမှာပါ။ ၁၉၀၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က George Jensen ဆိုသူသည် စတင်တီထွင်ခဲ့တဲ့အတွက်ကြောင့် နာရီဘရန်းနာမည်က Geroge Jensen ဖြစ်နေရခြင်းဖြစ်ပါတယ်။

KOMONO

watch

All-Black ဒီဇိုင်းလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ KOMONO ကို ရွေးချယ်နိုင်ပါတယ်။ ဒီဘရန်းလေးသည် လူငယ်ဆန်ဆန်လေးနဲ့ ကြည့်ကောင်းနေစေမှာပါ။

Objest

watch

နာရီဒိုင်ခွက်ရဲ့ မျက်နှာပြင်ကို အမိုက်စားဖြစ်အောင် ပုံဖော်ကာ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ လန်ဒန်မြို့မှာ ဒီဇိုင်းထုတ်လုပ်ရေးဆွဲထားတာဖြစ်ပြီး ဆွစ်နည်းပညာကို အသုံးပြုကာ ထုတ်လုပ်ထားတဲ့ နာရီဘရန်းတစ်ခုဖြစ်တာကြောင့် အကောင်းစားကိုမှ ကြိုက်နှစ်သက်သူများအတွက် သင့်တော်ပါတယ်။

Source: Fashionbeans

Featured Image: Shopa