နား ရောဂါ သည် ကလေးများတွင် အဖြစ်များသလို အရွယ်ရောက်ပြီးသား လူကြီးများရဲ့ ၂၀ ရာခိုင်နှုန်းသည်လည်း အဖြစ်များတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသူများအနေနဲ့ အခြားသူများထက် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

မိမိရဲ့နားကို သေချာဂရုစိုက်မှသာလျှင် နားထဲ ပိုးဝင်ခြင်းနှင့် နား နှင့် ပတ်သက်တဲ့ ရောဂါ များမှ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးက နားထဲ ပိုးဝင်ဖို့ အစပြုသလဲဆိုတာ ကွီးတို့ သိပါသလား။

နားယားခြင်း

man ear infection

Photo: Medicalnewstoday

အရင်ဦးဆုံး နားယားတဲ့အခြေအနေကနေ အစပြုမှာဖြစ်ပါတယ်။ နားအတွင်းထဲကနေ အနည်းငယ် ယားယံနေရာကတော့ ပိုမိုပြင်းထန်စွာ ယားယံလာမှာ ဖြစ်ပါတယ်။

နားရဲ့ အပြင်ရော အထဲပါ နီမြန်းရောင်ရမ်းနေခြင်း

man ear infection

Photo: iStock

နောက်တဆင့်မှာတော့ တဖြည်းဖြည်းနဲ့ နားက အတွင်းပိုင်းထဲမှာရော၊ အပြင်ကနေပါ နားက နီမြန်းရောင်ရမ်းလာမှာ ဖြစ်ပါတယ်။

နားထဲကနေ အနံ့မရှိတဲ့ အရည်များ ထွက်ခြင်း

man ear infection

အထက်ဖော်ပြပါ လက္ခဏာနှစ်ရပ်လိုပါပဲ။ သင့်နားထဲကနေ အနံ့မရှိတဲ့ အရည်များ စီးကျလာပြီဆိုရင်တော့ နားဆရာဝန်ထံ သွားရောက်ပြသသင့်ပြီပဲဖြစ်ပါတယ်။

ဆူညံ့လွန်းသော အသံများကို နားမခံသာခြင်း

နား ရောဂါ

ပုံမှန်အားဖြင့်တော့ ဒီလက္ခဏာသည် ရောဂါသိပ်မပြင်းခင်မှာ ပြလေ့မရှိပါဘူး။ ရောဂါသည်းလာမှသာ ပြသတာဖြစ်ပါတယ်။ ဒီလက္ခဏာသည် သင့်ရဲ့အကြားအာရုံကို ထိခိုက်လာပါလိမ့်မယ်။

ထိုကဲ့သို့ နား နှင့် ပတ်သက်တဲ့ ရောဂါ လက္ခဏာများ မခံစားရအောင် ဘယ်လိုကြိုတင်ကာကွယ်သင့်သလဲ။

မိမိရဲ့ နားကို တွေ့ကရာပစ္စည်းများနှင့် မကလော်ပါနှင့်

နား ရောဂါ

Photo: Audiologyspecialtyclinic

တွေ့ကရာအချွန်ပစ္စည်းများနှင့် နားကလော်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဥပမာ စာရွက်ကို လိပ်ကာ နားကလော်ခြင်း၊ သော့ချောင်းများ အသုံးပြုကာ နားကလော်ခြင်း၊ ဆံညှပ်ကလစ်များ အသုံးပြုကာ နားကလော်ခြင်းတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် နားဂွပ်ကြပ်တံဖြင့်လည်း နားမကလော်သင့်ပါဘူး။ ထိုဂွမ်းကြပ်တံသည် နားရဲ့နံရံတွေကို သန့်ရှင်းကောင်း သန့်ရှင်းပေးနိုင်ပါတယ်။ သို့သော် နားအတွင်းရှိ နားဖာချေးများကို ဟိုးအတွင်းထိရောက်သွားအောင် တွန်းပို့နေတတ်ပါတယ်။

ရေကူးတဲ့အခါ နားကို ဦးထုပ်ဖြင့် လုံအောင်ပိတ်ထားပါ (သို့) နားပိတ်တဲ့ပစ္စည်းလေး ထည့်ထားပါ

နား ရောဂါ

ဒီနည်းလမ်းကတော့ ရေကူးသမားတွေ လိုက်နာရမယ့်အချက် ဖြစ်ပါတယ်။ ရေကူးနေချိန်မှာ နားထဲသို့ ရေမဝင်ဖို့ရန်အတွက် အထူးဂရုစိုက်ပေးရမှာဖြစ်ပါတယ်။

လေမှုတ်စက် အသုံးပြုပြီး နားရွက်များ အခြောက်ခံပါ

နား ရောဂါ

ခေါင်းလျှော်ပြီးတဲ့အခါ (သို့) ရေကူးပြီးတဲ့နောက်မှာ နားရွက်များကို လေမှုတ်စက် အသုံးပြုပြီး အခြောက်ခံပေးနိုင်ပါတယ်။ ဒါမှသာ နားအတွင်းထဲသို့ ဝင်ရောက်နေတဲ့ ရေတွေသည် ဘေးကင်းစွာနဲ့ အပြင်ထွက်သွားမှာပဲ ဖြစ်ပါတယ်။ သို့သော် အခြောက်ခံတဲ့အခါ အပူရှိန်ပြင်းပြင်းနှင့် လေမှုတ်တာမျိုးမဟုတ်ဘဲ အပူရှိန်မပြင်းဘဲ မှုတ်ရမှာဖြစ်ပါတယ်။

Source: Brightside.me

Featured Image: Medicalnewstoday