ပါတီပွဲများ၊ အထိမ်းအမှတ်ပွဲများ ဆင်နွှဲတဲ့အခါ ဝီစကီများ၊ ဘီယာများ၊ ဝိုင်များသည် မရှိမဖြစ်လိုအပ်တဲ့ အယ်လ်ကိုဟောဖျော်ရည်တွေပဲဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံ အသီးသီးက အကောင်းစား ဝီစကီ များသည်လည်း ဘရန်းအမျိုးမျိုး၊ အနံ့အရသာ အမျိုးမျိုး ရှိကြပါတယ်။ ကိုယ် ကျင်းပချင်တဲ့ ပွဲအမျိုးအစားပေါ် မူတည်ပြီး ဝီစကီအမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။
ကွီးတို့အနေနဲ့ အကောင်းတကာ့ အကောင်းစားကိုမှ မြည်းစမ်းသောက်သုံးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကမ္ဘာ့ နိုင်ငံ အသီးသီးက ဝီစကီ များကို ရွေးချယ်နိုင်ပါတယ်။
Aberlour A’bundah

ဝီစကီနဲ့ ပတ်သက်လာရင်တော့ စကော့တလန်နိုင်ငံက အကောင်းစား ဝီစကီများကို ထုတ်လုပ်လျက်ရှိပြီး စကော့ချ်ဝီစကီများသည် နာမည်အကြီးဆုံးပဲဖြစ်ပါတယ်။ ယခုနှစ်အတွင်း အကောင်းဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ အမှတ်တံဆိပ်ကတော့ Aberlour A’bundah ပဲဖြစ်ပါတယ်။
Henry Mckenna Single Barrel 10-Year

ဒီဝီစကီလေးကတော့ ၁၈၁၉ ခုနှစ်ကတည်းက စတင်ကာ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံထုတ် ဝီစကီတစ်မျိုးဖြစ်ပြီး Henry McKenna က စတင်ထုတ်လုပ်ခဲ့တဲ့အတွက်ကြောင့် ဝီစကီနာမည်ကို Henry Mckenna Single Barrel 10-Year လို့ အမည်ပေးထားတာပဲဖြစ်ပါတယ်။
Knob Creek Cask Strength Rye

ဒီအမျိုးအစားကတော့ Rye ဝီစကီအမျိုးအစားဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်တဲ့ အကောင်းစားဘီယာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဝီစကီသည် ၂၀၁၈ တုန်းက ဆန်ဖရန်စစ်စကိုရှိ ကမ္ဘာ့ဝီစကီပြိုင်ပွဲတွင် အကောင်းစား Best Rye Whiskey အဖြစ် ဆုတံဆိပ်ချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
Johnnie Walker Blue Label Ghost & Rare Whiskey

Luxury ဆန်တဲ့ အကောင်းစား ဝီစကီ အမျိုးအစားတွေထဲမှာ Johnnie Walker ဘရန်းသည်လည်း မေ့ထားလို့မရပါဘူး။ ဝီစကီ ကြိုက်နှစ်သက်သူများရဲ့ ပါးစပ်ဖျားပေါ်မှာ တတွင်တွင် ကြားရနိုင်တဲ့ ဘရန်းတစ်ခုပဲဖြစ်ပါတယ်။ Rare Whiskey ဆိုတဲ့ နာမည်လေးအတိုင်းပဲ သူ့ရဲ့အရသာက အခြားသော ဝီစကီများနှင့် မတူဘဲ တမူထူးခြားသာလွန်ကာ ကောင်းမွန်နေတာဖြစ်ပါတယ်။
Kujira Ryukyu

ဒီဝီစကီလေးကတော့ ဂျပန်နိုင်ငံရှိ အကောင်းစား ဂျပန်ဝီစကီတစ်မျိုးပဲဖြစ်ပါတယ်။ ၁၂ နှစ်ကြာ သက်တမ်းရှိတဲ့ ဝီစကီဖြစ်တဲ့အတွက်ကြောင့် ဈေးနှုန်း အတန်အသင့်တော့ ပေးဝယ်ရပါလိမ့်မယ်။
Crown Royal Northern Harvest Rye

နိုင်ငံ အသီးသီးရှိ အကောင်းစား ဝီစကီ များထဲတွင် ကနေဒါနိုင်ငံထုတ် Crown Royal Northern Harvest Rye ကိုလည်း ထည့်သွင်းထားသင့်ပါတယ်။ သူ့ရဲ့အရသာက အမိုက်စားဖြစ်ပြီး ဝီစကီချစ်သူများ အကြိုက်တွေ့ကြတဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဝီစကီက အနည်းငယ် ပြင်းတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ လစ်မစ်ကိုတော့ ထိန်းသောက်ပေးဖို့ လိုပါလိမ့်မယ်။
ကွီးတို့ရော နိုင်ငံ အသီးသီးရှိ အကောင်းစား ဝီစကီ များထဲက ဘယ်ဝီစကီ အမျိုးအစားကို ရွေးချယ် သောက်သုံးချင်ပါသလဲ။ ဝီစကီ ဘရန်းမျိုးစုံက ထုတ်ပိုးမှုပုံစံကလည်း ခံ့ညားလှပတဲ့အပြင် သူ့ရဲ့ အရသာကလည်း ဆွေးမျိုးမေ့သွားလောက်အောင် ထူးကဲကောင်းမွန်နေတယ်ဆိုတာကိုတော့ ကိုယ်တိုင် မြည်းစမ်းကြည့်မှ သိရှိမှာနော်။
Source: Bgr
Featured Image: Vinepair
