ကမ္ဘာ့ အလှပဆုံး နေရာ တွေကို ကိုယ် ချစ် ရတဲ့ သူလေးနဲ့ ခြေဆန့်စို့ စဥ်းစားနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများကို ရွေးချယ်သင့်ပါတယ်။ ဒီနေရာလေးတွေက အင်မတန်ကိုမှ လှပပြီး ရိုမန့်တစ်ဆန်တဲ့ နေရာ ဖြစ်တာကြောင့် ကိုယ် ချစ် ရသူလေးနဲ့ အတူတူ ခြေဆန့်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။
(၁) အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်း
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကျတော့ ရိုချင်တဲ့ အချစ်ငှက် စုံတွဲများအတွက် နံပါတ် (၁) ရေပန်းအစားဆုံး နေရာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ချစ်သူလေးနဲ့ တန်ဖိုးရှိတဲ့အချိန်လေးကို အတူတူ ကုန်ဆုံးချင်ကြတဲ့ ကွီးတို့ကတော့ ဒီနေရာလေးကို နှစ်သက်ကြပါလိမ့်မယ်။ ဘာလီသို့ ရောက်ဖြစ်တဲ့အခါ သူတို့ရဲ့ ဒေသအစားအစာများ၊ ညအလှကို တဝကြီး ခံစားရင်း ကွီးတို့ ချစ်ရတဲ့သူနဲ့ တန်ဖိုးရှိတဲ့ အချိန်လေးကို အတူတူ ကုန်ဆုံးလိုက်ပါ။
(၂) သြစတြီးလျနိုင်ငံရှိ ဗီယင်နာ
သြစတြီးလျနိုင်ငံက ဗီယင်နာမြို့သည်လည်း ရိုမန့်တစ်ဆန်တဲ့အရာမျိုးစုံနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ မြို့လယ်ခေါင်မှာ မြင်းလှည်း (သို့) ရထားလုံးများစီးကာ ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့ အတူတူ မြို့အနှံ့ လျှောက်လည်လို့ ရပါတယ်။ ဒီ မြင်းလှည်းတို့ ရထားလုံးတို့ ဆိုတာကလည်း နေ့အချိန်မှ မဟုတ်ပါဘူး။ ညဘက်မှာလည်း ပျော်ပျော်ပါးပါး စီးနိုင်ပါသေးတယ်။ လုံခြုံဘေးကင်းမှု ရှိတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် ညဘက်မှာလည်း စိတ်ချလက်ချ ထွက်လည်နိုင်ပါသေးတယ်။
(၃) အိန္ဒိယနိုင်ငံရှိ Kerala
National Geographic ချန်နယ်မှ ခရီးသွားတစ်ဦးက အိန္ဒိယနိုင်ငံရှိ Kerala ကို ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ခုလို့ တင်စားခေါ်ဝေါ်ထားပါတယ်။ ဘာ့ကြောင့် ဒီလိုမျိုး တင်စားထားသလဲဆိုရင် အပျော်စီး သင်္ဘောပေါ်မှာ ပျော်ပျော်ပါးပါး ဇိမ်ခံရင်း သစ်ပင်ပန်းမာန်များရဲ့ အလှ၊ တောတောင်များရဲ့ သဘာဝအလှအပကို ငေးမော ကြည့်ရှု ခံစားနိုင်လို့ပဲ ဖြစ်ပါတယ်။ ပျားရည်ဆမ်း ဟန်းနီးမွန်း ခရီးထွက်ချင်သူများအတွက် ဒီနေရာလေးက ရွေးချယ်သင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
(၄) ပြင်သစ်နိုင်ငံရှိ ပဲရစ်မြို့
ကမ္ဘာ့ အလှဆုံးနဲ့ ရိုမန့်တစ် အဆန်ဆုံး နောက်ထပ် နေရာတစ်ခုကို ပြောပြပါဆိုရင် ပြင်သစ်နိုင်ငံရှိ ပဲရစ်မြို့ကိုပဲ ညွှန်းရမှာပါပဲ။ ပဲရစ်မြို့ရဲ့ အထင်ကရ အဆောက်အဦးတစ်ခုဖြစ်တဲ့ အီဖယ်တာဝါကြီးကို နောက်ခံထားပြီး Pre-wedding ဓာတ်ပုံများလည်း ရိုက်နိုင်သလို၊ ထိုနေရာလေးကို အမှီပြုပြီး ပျားရည်ဆမ်း ခရီး ထွက်လာကြသူတွေကလည်း မနည်း မနောပါပဲ။ ကွီးတို့လည်း ကိုယ့်ချစ်သူလေးနဲ့အတူတူ ရိုမန့်တစ် ဆန်တဲ့ နေရာလေးကို သွားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကိုပဲ ရွေးချယ်သင့်ကြောင်း အကြံပေးချင်ပါတယ်။
(၅) ဗင်းနစ်မြို့ငယ်လေး
ဗင်းနစ်မြို့ကတော့ မြို့တစ်မြို့ ဆိုတာထက်ကို ပိုပါတယ်။ ဂရိနတ်ဘုရားများရဲ့ အနုပညာလက်ရာမြောက်တဲ့ မြို့တစ်မြို့လို့ တင်စား ခေါ်ဝေါ်မယ်ဆိုရင်တော့ လွန်မယ် မထင်ပါဘူး။ နှစ်စဥ် နှစ်တိုင်းဆိုသလို ကမ္ဘာလှည့် ခရီးသွားများနဲ့ အမြဲတစေ ပြည့်နှက်နေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ချစ်ရသူလေးနဲ့ နှစ်ယောက်တည်း ဗင်းနစ်မြို့ရဲ့ ရေပြင်ပေါ်မှာ လှေငယ်လေး စီးရင်း တန်ဖိုးရှိတဲ့ အချိန်လေးကို အတူတူ ကုန်ဆုံးနိုင်ပါတယ်။ ဒါ့အပြင် ဗင်းနစ်မြို့ရဲ့ နေဝင်ချိန်လေးကလည်း အင်မတန်ကို လှပလွန်းတဲ့အတွက်ကြောင့် ကွီးတို့ ဒီနေရာလေးကို ရောက်ဖြစ်တယ်ဆိုရင် နေဝင်ချိန်လေးကို အတူတူ ခံစားကြည့်ရှုဖို့လည်း မမေ့ပါနဲ့။
ကွီးတို့ရော ဒီ နေရာ တွေထဲက ဘယ်နေရာတွေဆီကို ကိုယ် ချစ် ရတဲ့သူနဲ့ အတူတူ သွားလည်ချင်ပါသလဲ။
Source : Thebettervacation
Featured Photo : Dailytravelpill