ကျွန်တော်တို့တွေဟာ တစ်ခါတစ်ရံ လိင်မှုရေးရာနဲ့ ပတ်သတ်ပြီး စိတ်ကူးယဉ်ဆန်ဆန် အသစ်အဆန်းတွေကို ရှာဖွေကြရင်း ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို စပ်းသပ်ကြည့်လိုစိတ် ပြင်းပြတက်ကြပါတယ်။ ရုပ်ရှင်တွေ ၊ အပြာဇာတ်ကားတွေထဲက ထူးခြားတဲ့ ဖျော်ဖြေရေး ပြကွက်တွေဟာလည်း ကျွန်တော်တို့ရဲ့ စူးစမ်းရှာဖွေလိုစိတ်ကို မြင့်တင်ပေးနေတက်ပါတယ်။ ဥပမာအားဖြင့် အိပ်ရာထဲမှာ ချစ်တင်းနှော ရတာထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ရှာဖွေဖို့ မတူညီတဲ့ နေရာတွေမှာ စမ်းသပ်ကြည့်ချင်ကြတာပါ။ တကယ်တော့လည်း အမြဲအိပ်ရာထဲမှာထက် မတူညီတဲ့ နေရာလေးတွေမှာ ချစ်တင်းနှောတာဟာ မတူတဲ့ ခံစားမှုအသစ် အတွေ့အကြုံအဆန်းတွေကို ပေးစွမ်းနိုင်တယ်ဆိုပေမယ့် မှားယွင်းတဲ့နေရာတွေမှာ ချစ်နယ်ကျွံ မိရင်တော့ အဆိုးဘက်ကို ဦးတည်နေတဲ့ အတွေ့အကြုံတွေသာ ရလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အတက်စမ်းချင်တဲ့ သူတွေအနေနဲ့ သေချာပေါက် ရှောင်ရှားရမယ့် ချစ်နယ်မကျွံသင့်တဲ့ နေရာတွေကို ပြောပြပေးပါမယ်။
(၁) ပြတင်းပေါက်ဘောင်
Photo : Freepik
ပြတင်းပေါက်ဘောင်တွေဟာ ချစ်နယ်ကျွံ ဖို့ လုံးဝမသင့်တော်တဲ့ နေရာတွေထဲက တစ်ခုပါ။ သင်နဲ့ သင့်ပါတနာတို့ရဲ့ ချစ်တင်းနှောတဲ့ မြင်ကွင်းကို အိမ်နီးနားချင်းတွေ ရှင်းရှင်းလင်းလင်း မြင်သွားနိုင်ရုံသာမက ပြတင်းပေါက်ဘောင်ဟာ လူတစ်ယောက်ရဲ့ ဘော်ဒီဝိတ်အလေးချိန်ကို ကောင်းကောင်းခံနိုင်တဲ့ လုံလောက်တဲ့ ခိုင်ခံမှုမရှိရင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်လာနိုင်ပါတယ်။
(၂) ကား
Photo : Pexels
လူကြီးရုပ်ရှင်တွေထဲမှာ ကားထဲချစ်တင်းနှောတဲ့ ပြကွက်တွေ မကြာခဏတွေ့ဖူးကြမှာပါ။ ကားထဲမှာ ချစ်နယ်ကျွံ တာဟာ ရင်ခုန်စရာကောင်းတဲ့ အကြံကောင်းတစ်ခုလို့ ထင်ရကောင်း ထင်ရနိုင်ပေမယ့်လည်း တကယ့်ပြင်ပ လက်တွေ့ဘဝမှာတော့ စမ်းသပ်မကြည့်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ ကားထဲမှာက နေရာ ကျဉ်းကြပ်တဲ့အတွက် အလွယ်တကူ ထိခိုက်ဒဏ်ရာ ရသွားနိုင်သလို အလုံပိတ်လည်းဖြစ်နေတာကြောင့် အသက်ရှုပ်ကြပ်တာ ၊ ကြွက်တက်တာတွေအပြင် ကံဆိုးပါက လူမိတာလည်း ခံရနိုင်ပြီး အရှက်ကွဲနိုင်ပါတယ်။
(၃) အများသုံး သန့်စင်ခန်း
Photo : DMARGE
အများသုံး သန့်စင်ခန်းလို နေရာတွေဟာ ဘယ်လောက်အထိ သန့်ရှင်းမှုပိုင်းမှာ အားနည်းလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒီလိုနေရာမှာ ချစ်နယ်ကျွံ မိမယ်ဆိုရင် ဘက်တီးရီးယားတွေ ၊ မှိုနဲ့ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံနိုင်ရတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် အများသုံး သန့်စင်ခန်းလို နေရာတွေကိုလည်း သေချာပေါက် ရှောင်ရပါမယ်။
(၄) ရုပ်ရှင်ရုံ
Photo : Pexels
အများပြည်သူ အနားယူအပန်းဖြေရာ ရုပ်ရှင်ရုံတွေထဲမှာလည်း ချစ်နယ်ကျွံ ဖို့ ဘယ်တော့မှ မစဉ်းစားသင့်ပါဘူး။ ရုပ်ရှင်ရုံတွေဟာ လူနှစ်ယောက် လွတ်လွတ်လပ်လပ် ချစ်တင်းနှောနိုင်လောက်တဲ့အထိ သီးသန့်ဖြစ်တဲ့ နေရာတစ်ခုမဟုတ်သလို ထိုင်ခုံအနေအထားအရလည်း သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ရုပ်ရှင်ရုံတွေထဲ အကွက်ရွေ့တာမျိုး သေချာပေါက် ရှောင်ကြဉ်ဖို့ သတိပေးချင်ပါတယ်။
(၅) အထင်ကရ ခရီးသွားနေရာတွေ
Photo : Unsplash
နိုင်ငံတဝှမ်း ၊ ကမ္ဘာတဝှမ်းမှာ ချစ်သူစုံတွဲတွေ သွားရောက်လည်ပတ်လို့ကောင်းတဲ့ အထင်ကရဖြစ်တဲ့ ခရီးသွားနေရာတွေ အများကြီး ရှိပါတယ်။ ဒီလိုနေရာတွေကို သွားရောက်လည်ပတ်ရင်း မတူညီတဲ့ နေရာဒေသတစ်ခုမှာ ဆန်းသစ်တဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေရဖို့ စမ်းသပ်ချစ်နယ်ကျွံတာမျိုး လုံးဝမလုပ်မိဖို့ မှာချင်ပါတယ်။ အထင်ကရဖြစ်တဲ့ နာမည်ကြီး ခရီးသွားနေရာတွေ အထူးသဖြင့် Public ဧရိယာတွေမှာ ချစ်နယ်ကျွံ မယ်ဆိုရင် အချိန်မရွေး ဖမ်းဆီးခံရနိုင်ပြီး ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူခံရနိုင်သလို အရှက်တကွဲအကျိုးနဲဖြစ်စရာ ကိစ္စတွေအများကြီး ကြုံရနိုင်ပါတယ်။
Featured Photo : North Coast Journal