ခရီးသွားဖို့ စီစဥ်တဲ့အခါ နေရာရွေးချယ်ခြင်းသည် အင်မတန်မှ အရေးကြီးပါတယ်။ လှပပြီး လည်ပတ်ချင်စရာကောင်းတဲ့ နေရာဒေသများကို ရွေးချယ်မယ်ဆိုရင်တော့ လည်ပတ်ရတာနဲ့ ကုန်တဲ့ပိုက်ဆံနဲ့ ပိုတန်မှာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က အခုဖော်ပြပေးမယ့် နေရာ တွေဆီ မရောက်ဖူးဘူးဆိုရင်တော့ နောက်ကောက်ကျ သွားမှာ အမှန်ပါပဲ။
တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းရှိ Hallasan တောင်
တောင်ကိုရီးယားနိုင်ငံရှိ အမြင့်ဆုံးတောင်တစ်ခုဖြစ်ပြီး အမြင့်ပေ ၆၄၀၀ မြင့်ပါတယ်။ ဒါ့အပြင် ဂျယ်ဂျူကျွန်းလေးသည်လည်း နိုင်ငံရဲ့ အကြီးဆုံး ကျွန်းဖြစ်ပြီး တောင်ကိုရီးယားရဲ့ ဟာဝိုင်အီလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ထိုကျွန်းသည် အမြဲတမ်းဆိုသလို လည်ပတ်သူများနှင့် ပြည့်နှက်နေတတ်ပြီး Hallasan တောင်သည်လည်း အဝေးတစ်နေရာကနေ ခရီးသွားများကို ဆွဲဆောင်နေမှာပဲ ဖြစ်ပါတယ်။
Maldives
ကမ်းခြေ Life ကို နှစ်သက်သူများအကြား ရေပန်းစားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ထိုနိုင်ငံတစ်ခုတည်းမှာတင် ကမ်းခြေမြို့များ အများအပြားရှိတဲ့အတွက်ကြောင့် ကွီးတို့ နှစ်သက်တဲ့ ကမ်းခြေမြို့တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ ရေအောက် အားကစားမျိုးစုံကို ပြုလုပ်နိုင်ပြီး ပင်လယ်လိပ်များ၊ လင်းပိုင်များ၊ ငါးမန်းသေးသေးလေးများကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒီ နေရာ ကို တစ်ခါမှ မရောက်ဖူးသေးဘူးဆိုရင်တော့ ကွီးတို့ နောက်ကောက်ကျ မှာ အမှန်ပါပဲ။
ပဲရစ်
Source: VnExpress
ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ဖက်ရှင်နဲ့ပဲ ပတ်သက်ရင်ပဲဖြစ်ဖြစ်၊ အနုပညာ ယဥ်ကျေးမှုနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ် ခေတ်ရှေ့ပြေးနေတဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပဲရစ်မြို့ထဲမှာ လည်ပတ်မယ်ဆိုရင်တော့ လည်ပတ်စရာနေရာတွေက အများကြီးပဲ ဖြစ်ပါတယ်။ အီဖယ်တာဝါဆီမှာပဲ တစ်မြို့လုံးကို ဆီးကြည့်ချင်သလား၊ ဒါမှမဟုတ် ပြတိုက်တွေဆီ သွားလည်ကာ အနုပညာလက်ရာများကို ကြည့်ရှုလေ့လာချင်ပါသလား။ ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။
ဆန်တိုရီနီ
ဒီနေရာလေးကလည်း ခရီးသွားများအကြား ရေပန်းစားပါတယ်။ သူ့ရဲ့ အဆောက်အဦးများက ရှေးခေတ် ဗိသုကာလက်ရာများဖြင့် ဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ ရှေ့ခေတ် အငွေ့အသက်များကို ခံစားနိုင်ပါသေးတယ်။ ဒါ့အပြင် ဇိမ်ခံ သင်္ဘောကြီး စီးကာ သဘာဝ လေကောင်း လေသန့်ကို ရှူရှိုက်ချင်ပါသလား။ ဒါမှ မကျေနပ်သေးဘူးဆိုရင်လည်း ကျွန်းပေါ်ရှိ စပျစ်ခြံထဲ သွားရောက်ကာ ဝိုင်သောက်ရင်း တမေ့တမောကြီး အနားယူနိုင်ပါသေးတယ်။
ဂျပန်နိုင်ငံရှိ ဖူဂျီတောင်
ဂျပန်နိုင်ငံက ဖူဂျီတောင်ကလည်း ကမ္ဘာ့အလှဆုံး တောင်တန်း များထဲတွင် ပါဝင်ပြီး ကွီးတို့ ရည်းစား နဲ့ ခရီးအတူတူ ထွက်ဖြစ်တဲ့အခါ ရိုမန့်တစ်ဆန်တဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းများဖြင့် ဖုံးလွှမ်းနေတတ်ပြီး ထိုအလှအပကို မြို့ရဲ့ အဝေးတစ်နေရာကနေ အတိုင်းသား လှမ်းမြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံက အထင်ကရနေရာတွဆီ ခြေဆန့်ပြီးပါပြီလဲ။ နောက်ထပ်ရော ဘယ်နေရာတွေဆီ ခြေဦးလှည့်ဖို့ စီစဥ်ထားပါသလဲ။
Featured Image: Freepik