နောက်ဆုံးပေါ် ပစ္စည်းတွေ အသစ်ထွက်တယ်ဆိုတိုင်း ကွီးတို့ လိုက်ဝယ်နေစရာမလိုပါဘူး။ ဆိုင်တိုင်း ဆိုင်တိုင်းကတော့ နောက်ဆုံးပေါ် ပစ္စည်းတွေကိုသာ အမြဲဆိုသလို တင်ထားမှာပါ၊ ဒါပေမယ့် ထိုပစ္စည်းတွေက ကွီးတို့အတွက် အသုံး မတည့် တာတွေ များပါတယ်။ လက်တွေ့မှာ အသုံးမတည့်တဲ့ ပစ္စည်းတွေကို ဘာ့ကြောင့် ပိုက်ဆံအကုန်ခံပြီး ဝယ်နေဦးမှာလဲ။

နောက်ဆုံးပေါ် တော့ ဟုတ်ပါရဲ့၊ အသုံး မတည့်ရင်လည်း ပိုက်ဆံကုန်တာပဲ အဖတ်တင်မယ့်အပြင် ကွီးတို့ရဲ့ အိမ်၊ အလုပ်စားပွဲနဲ့ အိပ်ခန်းတွေ ရှုပ်တာပဲ အဖတ်တင်ပါလိမ့်မယ်။

Air-Purifying နားကြပ်တွေ

Air-Purifying နားကြပ်တွေ

သီချင်းနားထောင်နေရင်းနဲ့ သန့်ရှင်း လတ်ဆတ်တဲ့လေတွေ ကွီးတို့ မျက်နှာတည့်တည့်ကို မှုတ်ထုတ်ပေးမယ့် နားကြပ်တစ်ခုပဲဖြစ်ပါတယ်။ Headphone ကိုမှ Mask ပါ ပါတဲ့ အမျိုးအစားလေးပါ။ ကွီးတို့ရော၊ ဘယ်လိုထင်ပါသလဲ။ အမှန်တကယ် အသုံးတည့်မယ်လို့ ထင်ပါသလား။

Egg-shaped Smart Toilet

Egg-shaped Smart Toilet

ဒီဇိုင်းကတော့ မိမိုက်ပါရဲ့။ ကြက်ဥပုံသဏ္ဍာန် စမတ် အိမ်သာလေးပါပေါ့။ ဒါပေမယ့် သာမန်အိမ်သာ ပုံစံမျိုးနဲ့ ဘာများ ကွဲသွားလို့လဲ။ ဒါပေမဲ့ ကွီးတို့က ကြက်ဥ ပုံသဏ္ဍာန် အိမ်သာလေးနဲ့မှ အပေါ့အပါး ဘာညာသွားချင်တယ်၊ ရီမုတ်နဲ့လည်း ထိန်းချုပ်လို့ရတာမျိုးကို လိုချင်ရင်တော့ ဒါလေးကိုပဲ ဝယ်ပေါ့။ ဈေးနှုန်းကတော့ ဒေါ်လာ ၃ ထောင်ကျော်၊ ၄ ထောင်နားတော့ ကပ်ပါတယ်။

ဖုန်မစုပ်တဲ့ စက်ရုပ်

နောက်ဆုံးပေါ် အသုံး

စက်ရုပ်တွေက ရှိသမျှ အိမ်အလုပ်တွေ အကုန်လုံးကို သိမ်းကြုံး လုပ်ပေးတာမျိုးကို ကျွန်တော်တို့အကုန်လုံး အိပ်မက် မက်ကြပါတယ်။ အဲ့လိုအိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ချင်ရင်တော့ Amazon Astro စက်ရုပ်သေးသေးလေး ရှိပါတယ်။

ဒါပေမဲ့ သူ ကြေညာပြီး ကတိပေးထားတဲ့အတိုင်းတော့ ထပ်တူကျလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။ တကယ်တမ်း ပြောရရင်တော့ ထိုစက်ရုပ်လေးက စကားပြောတဲ့ Alexa ကိုမှ ဖုန်စုပ်စက် ပုံစံ ပြောင်းထားပြီး ဖုန်မစုပ်တဲ့ စက်ရုပ်တစ်ရုပ်နဲ့ နင်လား ငါလားပါပဲ။

စမတ် ရေဘူး

နောက်ဆုံးပေါ် အသုံး

နည်းပညာခေတ်ကြီးထဲမှာ အရာအားလုံးက စမတ် အဖြစ်သို့ ပြောင်းလဲလာတာ အခုဆိုရင် စမတ် ရေဘူးတောင် ထွက်လာပါပြီ။ ကွီးတို့ ရေက ရေဘူးထဲမှာ ဘယ်လောက်ကျန်သေးလဲဆိုတာကို စမတ်ရေဘူးက ပြောပြပေးမှာဖြစ်ပြီး သက်တံရောင်စုံ အရောင်တွေကလည်း ဒီဇိုင်းဆန်းဆန်းနဲ့ လှပနေပါတယ်။ ကွီးတို့ရော ဒီစမတ်ရေဘူးကို ဝယ်ချင်ကြလား။

ကြက်ဥတွေကို ပြုတ်စက်

နောက်ဆုံးပေါ် အသုံး

ကွီးတို့ မီးဖိုချောင်ထဲမှာ ကြက်ဥတွေ ပြုတ်လို့ရတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ အများကြီး ရှိမှာပါပဲ။ ဒီ Egg Cooker ပစ္စည်းကိုရော ထပ်လိုချင်သေးတာလား။ တားမရဘူး၊ ပိုက်ဆံတွေ ရေလို သုံးချင်တယ်ဆိုရင်တော့ ဝယ်ပေါ့ဗျာ။ ကွီးတို့ မီးဖိုချောင်အတွက် ပစ္စည်းအသစ်တစ်မျိုး အဖတ်တင်တာပေါ့။

ကွီးတို့ အခုဖော်ပြသွားတဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေကို ဘယ်လို မြင်ပါသလဲ။ တကယ်ပဲ အသုံးတည့်တယ်လို့ ထင်ပါသလား။

Source: Msn.com

Featured Image: Wired