အချိန်နှင့်အမျှ ပြောင်းလဲနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ အမှီလိုက်နေရတာကလည်း လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ နောက်ဆုံးပေါ် ပစ္စည်းတွေသည် တစ်ခုပြီး တစ်ခု ဆိုသလို အသစ် အသစ်တွေက အမြဲတမ်း အသစ်ပေါ်နေတာပါ။ ကွီးတို့က နောက်ဆုံးပေါ် ပစ္စည်းမျိုးလည်း လိုချင်တယ် အသုံး တည့် တာမျိုးလည်း ဖြစ်ရမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကို လေ့လာပြီး စိတ်တိုင်းကျရင်တော့ ဝယ်ယူနိုင်ပါတယ်။

ကွီးတို့ လက်ပ်တော့ကို သန့်ရှင်းရေး လုပ်ဖို့အတွက်

laptop cleaner

ကွီးတို့ လက်ပ်တော့မှာ ဖုန်မှုတ့်တွေ ကပ်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီပစ္စည်းလေးကို ဝယ်ယူနိုင်ပါတယ်။ သူ့ရဲ့ ဘရက်ရှ်လေးက နူးညံ့နေပြီးတော့ Microfiber နဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ပ်တော့ စခရင်ပေါ်မှာ ခြစ်ရာတွေ ကျန်ခဲ့မှာကိုတောင် စိတ်ပူစရာ မလိုပါဘူး။ မြန်မြန်ဆန်ဆန်နဲ့ လွယ်ကူစွာ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။ တန်ဖိုးအားဖြင့် ၁၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။

ဘလူးတုသ် စပီကာ

bluetooth speaker

ဒီဇိုင်းလည်း မိမိုက်နေရမယ် ဘက္ထရီကလည်း တစ်ခါ အားသွင်းပြီးတာနဲ့ နာရီ ၂၀ ကျော်ကြာ အသုံးခံတာမျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ Beats Pill Bluetooth Speaker အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၅၀ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။ ဒီပစ္ဏည်းက iPhone သမားတွေအတွက်ရော Android သမားတွေပါ အသုံးပြုနိုင်ပါတယ်။

Anker Prime 20K Power Bank

နောက်ဆုံးပေါ် အသုံး တည့်

ဒီပါဝါဘန့်ခ်ကတော့ ကွီးတို့အတွက် အင်မတန်မှကို အသုံးတည့်မယ့် အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Power Output အနေနဲ့ကတော့ 140 Watts ရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။

Logitech Casa Pop Up Desk

နောက်ဆုံးပေါ် အသုံး တည့်

ဒီ နောက်ဆုံးပေါ် ပစ္စည်းကတော့ လက်ပ်တော့ အသုံးပြုနေသူတိုင်းအတွက် အသုံး တည့် တဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ သယ်ယူရ လွယ်ကူတဲ့အတွက်ကြောင့်လည်း လူကြိုက်များရခြင်း ဖြစ်ပါတယ်။ ကွီးတို့ လက်ပ်တော့ကို ကွီးတို့ မျက်လုံးနဲ့ တစ်ပြေးညီ Level ညှိပြီး အသုံးပြုဖို့အတွက်ဆိုရင်တော့ ဒီပစ္စည်းက အကောင်းဆုံးပါပဲ။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၈၀ ပေးချေရမှာပဲ ဖြစ်ပါတယ်။

Leatherman Skeletool CX Multitool

နောက်ဆုံးပေါ် အသုံး တည့်

ဒီပစ္စည်းကတော့ သံချေးမတက်ဖို့အတွက် ၂၅ နှစ်ကြာ အာမခံပေးထားတဲ့ အတွက်ကြောင့် ကွီးတို့လို ကိုယ့်အိမ်မှာ တိုလီမုတ်စ ပြင်ဆင်ပြုပြင်တတ်တဲ့ ကွီးတို့ အတွက်ကြောင့် တကယ့်ကို အသုံးတည့်မယ့် ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ ပေါ့ပါးပြီး ဖန်ရှင်မျိုးစုံအောင် ပြောင်းလဲနိုင်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၉၀ ပေးဝယ်ရမှာပါ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ပစ္စည်းထဲက ဘယ်အမျိုးအစားကို နှစ်သက်ပါသလဲ။

Source: Bestproducts.com

Featured Image: Uk.pcmag.com