မထွက်ခင်ကတည်းက ကြော်ငြာတွေနဲ့ Marketing အကြီးအကျယ် လုပ်ထားတဲ့ Infinix ရဲ့ Gaming ဖုန်း GT 30 ကို အိန္ဒိယနိုင်ငံမှာ တရားဝင်မိတ်ဆက် သွားခဲ့ပါပြီ။ ဒီဖုန်းရဲ့ ထူးခြားတဲ့ ကျောဘက် ဒီဇိုင်းက တော်တော်လေး ဆွဲဆောင်မှုရှိတယ်လို့ ပြောရမှာဖြစ်ပြီး အဖြူရောင် LED မီးတွေပါတဲ့ Cyber Mecha Design နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

Infinix GT 30

Photo : Mint

Mid-Ranger ဖုန်းတစ်လုံး ဖြစ်တဲ့ Infinix GT 30 မှာ ၆.၇၈ လက်မ 1224p AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 144 Hz Refresh Rate နဲ့ 4,500 Nits Peak Brightness ထောက်ပံ့ပေးထားပါတယ်။ Display ကို Corning Gorilla Glass 7i နဲ့ ဖုံးအုပ်ပေးထားပြီး အရှေ့ဘက်မျက်နှာပြင်မှာ In-display Fingerprint Scanner နဲ့ 13MP ဆယ်လ်ဖီ ကင်မရာ ပါဝင်တဲ့ Punch-Hole Cutout တစ်ခု ပါရှိပါတယ်။

ကျောဘက်မှာတော့ Sony ရဲ့ IMX682 Sensor 64MP Main ကင်မရာနဲ့အတူ 8MP Ultrawide ကင်မရာနှစ်လုံး တွဲဖက်တပ်ဆင် ပေးထားပါတယ်။ Chipset ကိုတော့ MediaTek ရဲ့ Dimensity 7400 SoC မောင်းနှင်ထားပြီး 8 GB LPDDR5X RAM နဲ့ 256 GB UFS 2.2 Storage အတွဲအစပ်နဲ့ လာပါတယ်။ Software ပိုင်းမှာတော့ Android 15 အခြေပြု XOS 15 Out Of The Box ကို အသုံးပြုပေးထားပြီး Android OS Updates ၂ နှစ်နဲ့ Security Patches ၃ နှစ် ပေးထားပါတယ်။

Infinix GT 30
Photo : Beebom Gadgets

Infinix GT 30 ဟာ Gaming ဖုန်းလို့ ကြေညာထားတဲ့အတိုင်း Gaming ဖုန်း Vibe အပြည့်ရတဲ့ အမိုက်စား LED Lights ကျောဘက်ဒီဇိုင်းကို ထည့်သွင်းပေးထားပြီး 6-Layer 3D Vapor Chamber နဲ့ BGMI မှာ 90FPS Support ပေးထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ 45W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,500 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး ဖုန်းရဲ့ အလေးချိန်အားဖြင့် 187 ဂရမ်ခန့် ရှိမှာဖြစ်သလို IP64 Rating အဆင့် သတ်မှတ်ချက်လည်း ပါရှိပါတယ်။

အရောင်တွေ အနေနဲ့ကတော့ Cyber Blue ၊ Pulse Green နဲ့ Blade White ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး 8GB/128GB ဗားရှင်းကို ရူပီး ၁၉,၄၉၉ ( ဒေါ်လာ ၂၂၂) နဲ့ 8GB/256GB ဗားရှင်းကိုတော့ ရူပီး ၂၀,၉၉၉ (ဒေါ်လာ၂၄၀) ခန့် သတ်မှတ်ထားကာ .လာမယ့် သြဂုတ်လ ၁၄ ရက်ကနေ စတင်ပြီး Flipkart နဲ့ အော့ဖ်လိုင်းစတိုးတွေ ကနေတဆင့် အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com