တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ ကောင်းကျိုးတွေ ရှိတယ်ဆိုတာ အားလုံးသိထားပြီး ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာမှာပါ။ ကွီးတို့အနေနဲ့ နေ့တိုင်း နီးပါး တစ်ကိုယ်ရည်အာသာဖြေမိမယ် ၊ အလွန်အကျွံ လက်သုံးနေမယ်ဆိုရင်တော့ အခုပြောပြမယ့် Side Effects တွေ ခံစားလာရနိုင်ပါတယ်။

(၁) အပြစ်ရှိသလို ခံစားလာရမယ်

Depressed man

Photo : Tacit Knowledge

ကျွန်တော်တို့ အများစု တစ်ကိုယ်ရည် အာသာဖြေပြီးချိန်မှာ လိပ်ပြာမလုံသလို ၊ အပြစ်လုပ်မိသလို ခံစားချက်မျိုး ခံစားကြရဖူးမယ် ထင်ပါတယ်။ ဒါဟာ ကိုယ်ပိုင်ခံယူချက်နဲ့ ဘာသာရေး သို့မဟုတ် ဝိညာဉ်ရေးရာ ယုံကြည်ချက်တွေနဲ့လည်း သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပါတယ်။ အထူးသဖြင့် နေ့တိုင်း ညတိုင်းလိုလို တစ်ကိုယ်ရည် အာသာဖြေမိတဲ့ အခါမျိုးမှာပေါ့။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်မှု ၊ သာယာမှုကို ရှာဖွေတယ်ဆိုတာ ရှက်စရာတော့ မဟုတ်ပါဘူး။ သို့သော်လည်း အလွန်အကျွံ လုပ်မိရင်တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားချက်တွေ ခံစားလာရနိုင်ပါတယ်။

(၂) ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တယ်

Prostate cancer

Photo : WellnessCrown

ဆီးကျိတ်ကင်ဆာ ရောဂါဟာ ညံ့ဖျင်းတဲ့ စားသောက်နေထိုင်မှုပုံစံ ၊ အသက်အရွယ် ၊ မျိုးရိုးဗီဇ စတဲ့ အခြေအနေပေါ်မူတည်ပြီး ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ နေ့တိုင်း တစ်ကိုယ်ရည် အာသာဖြေခြင်းဟာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်တဲ့ အကြောင်းအရင်းတစ်ခုလို့ ဆိုထားပါတယ်။ ဒီအချက်ကတော့ သုတေသနပညာရှင်တွေကြားမှာလည်း အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက လေ့လာမှုတစ်ခုအရ တစ်ပတ်မှာ ၅ ကြိမ်ထက်ပိုပြီး သုတ်လွှတ်တဲ့ အသက်၂၀ နှစ်ဝန်းကျင် အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေနည်းစေတယ်လို့ ဆိုပါတယ်။ သို့သော် သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ ၂၀၀၈ ခုနှစ်က သုတေသနပြုချက်မှာတော့ နေ့စဉ် သုတ်လွှတ်ခြင်း သို့မဟုတ် တစ်ကိုယ်ရည်အာသာဖြေခြင်းက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်လာစေကြောင်း တွေ့ရှိခဲ့ရပါတယ်။

(၃) လိင်မှုဆိုင်ရာ အာရုံခံနိုင်စွမ်း လျော့ကျစေတယ်

Potency and men's health. A man in white jeans, legs apart, holds a banana near the genitals. Pink background. Close up of hands.

Photo : EURweb

နေ့စဉ် ပြင်းပြင်းထန်ထန် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ လိင်မှုဆိုင်ရာ အာရုံခံနိုင်စွမ်းကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဆိုလိုတာကတော့ တစ်ကိုယ်ရည် အာသာဖြေနေစဉ်အတွင်းမှာ လိင်တံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတာ ၊ ပြင်းပြင်းထန်ထန် ပွတ်တိုက်တာတွေကြောင့် လိင်တံမှာ ထိတွေ့ အာရုံခံစားနိုင်မှုတွေဟာ လျော့ကျလာတာပါ။ သို့သော် တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းစနစ်ကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

(၄) နေ့စဉ် ဘဝပေါ် ဆိုးရွားစွာ ထိခိုက်စေတယ်

Stress

Photo : SILive.com

နေ့တိုင်း တစ်ကိုယ်ရည် အာသာဖြေတဲ့အခါမှာ ကျွန်တော်တို့ရဲ့ Personal Life နဲ့ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေအပေါ် ဆိုးကျိုးတွေ များစွာသက်ရောက် စေနိုင်ပါတယ်။ ကျောင်းတွေ /အလုပ်တွေ ပျက်ကွက်တာ ၊ လေ့လာသင်ယူနိုင်စွမ််းနဲ့ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းတာ ၊ အလိုလို ဒေါသထွက်တာ ၊ မိသားစုနဲ့ ချစ်ရသူတွေကို အချိန်ပေးဖို့ မေ့နေတာ ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို ထိခိုက်စေတာ ၊ ပြင်ပလက်တွေ့ဘဝနဲ့ ကွာဟလာတာ ၊ ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေးမှာပါ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ နေ့တိုင်းလိုလို တစ်ကိုယ်ရည် အာသာဖြေတဲ့အခါမှာ စွဲလမ်းမှု ဖြစ်လာစေပြီး အချိန်တိုင်း ဒီကိစ္စပဲ ခေါင်းထဲရောက်လာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

ဒီအချက်တွေ သိထားပြီးပြီဆိုရင်တော့ နေ့တိုင်း လက်သုံးနေတဲ့ ကွီးတို့သတိပြုဖို့ မှာချင်ပါတယ်။

Featured Photo : Men’s Health