ကွီးတို့ရဲ့ ဧည့်ခန်း နံရံ၊ အိပ်ခန်း နံရံတွေက နံရံ အလွတ် ဖြစ်နေပြီး ကြည့်မကောင်းလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလှဆင် နည်း များကို အသုံးပြုပြီး အခန်းကို အသက်ဝင်လာအောင် ဖန်တီးနိုင်ပါတယ်။ ဒါဆိုရင်တော့ မလှမပဖြစ်နေတဲ့ နံရံ အလွတ်တွေက ကြွရွလာပြီး လှပလာမှာပဲ ဖြစ်ပါတယ်။

 ခြင်းတောင်းများနဲ့ အလှဆင်မယ်

room decoration

ကျွန်တော်တို့ မြန်မာနိုင်ငံက လက်မှု အိမ်တွင်းမှုရေးရာနဲ့ ပတ်သက်လာရင် အမြင်ကျယ်တယ်လို့ ပြောရပါမယ်။ ကိုယ်တိုင် ရက်လုပ်ထားတဲ့ ကြိမ်ခြင်းလေးတွေက အမြဲဆိုသလို အလွယ်တကူ ဝယ်ယူလို့ ရနိုင်ပါတယ်။ ကွီးတို့အနေနဲ့ လှတ ပတ ရှိတဲ့ အရွယ်စုံ ဆိုဒ်စုံ ကြိမ်ခြင်းလေးတွေကို ဝယ်ပြီး အခုလိုမျိုး အိမ်နံရံကို အလှဆင်လိုက်မယ်ဆိုရင်တော့ ကွီးတို့ အခန်းနံရံက ကြွကြွရွရွလေးနဲ့ အသက်ဝင်လာမှာ အမှန်ပါပဲ။

သဘာဝရဲ့ အငွေ့အသက်များနဲ့ အလှဆင်မယ်

room decoration

သစ်ပင်ခြောက်များ၊ သစ်ရွက်ခြောက်များကို ဓာတ်ပုံဘောင်ထဲ ထည့်ထားပြီး အခုလိုမျိုး နံရံပေါ်မှာ လှတပတလေးနဲ့ စီစီရီရီ အလှဆင်ထားလို့ ရပါတယ်။ ဒီလိုမျိုး အလှဆင်လိုက်မယ်ဆိုရင်တော့ ကွီးတို့ အခန်းနံရံအလွတ်က အနုပညာလက်ရာ မြောက်သွားမှာပါ။

မြေဖြူခဲနဲ့ ရေးဆွဲထားတဲ့ ပြက္ခဒိန်နဲ့ အလှဆင်မယ်

room decoration

ဒီအလှဆင်နည်းကတော့ နံရံအတွက်လည်း တစ်ခါတည်း အလှဆင်ပြီးသားဖြစ်သွားသလို အရေးကြီး အလုပ်များ၊ အရေးကြီး နေ့ရက်များကို မမေ့မလျော့ဘဲနဲ့ ပြက္ခဒိန်ပေါ်မှာ ရေးဆွဲထားပြီးသား ဖြစ်သွားပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းနဲ့ အလှဆင်ထားတာပဲ ဖြစ်ပါတယ်။

စာလုံးလေးနဲ့ အလှဆင်မယ်

နံရံ နည်း

ဒီလိုမျိုး အလှဆင်ဖို့ဆိုရင် သိုးမွှေးထိုးတဲ့ ချည်ထူထူလေးတွေ လိုအပ်ပါလိမ့်မယ်။ နံရံပေါ်မှာ သံမှိုလေးတွေ စိုက်ထားပြီး ထိုသံမှိုတွေပေါ်မှာ ချည်တန်းလေးတွေနဲ့ အလှဆင်လို့ ရပါတယ်။

ဂိမ်းကစားနည်းနဲ့ အလှဆင်မယ်

နံရံ နည်း

“x” နဲ့ “o” ဆိုတဲ့ စာလုံးလေးတွေကို သုံးလုံးတန်းအောင် ဆက်ရတဲ့ ဂိမ်းတွေကို ကွီးတို့ ငယ်စဥ်က ဆော့ကစားဖူးပါလိမ့်မယ်။ ဒီကစားနည်းကို အခုလိုမျိုး နံရံပေါ်မှာ အလှဆင်ထားခြင်းအားဖြင့် ကွီးတို့ အခန်းက ရှေးဟောင်း အငွေ့အသက်နဲ့ ခေတ်ပေါ် အငွေ့အသက်တို့ ရောယှက်ထားသလိုမျိုး ဖြစ်သွားမှာပါ။

ပန်းပွင့်များနဲ့ အလှဆင်မယ်

နံရံ နည်း

ပန်းပွင့်များကတော့ စက္ကူနဲ့ လုပ်ထားတဲ့ ပွင့်ချပ်များပဲ ဖြစ်ပါတယ်။ ဒီပန်းပွင့်များကတော့ ကွီးတို့ရဲ့ အခန်းနံရံအလွတ်ကို အလှဆင်တဲ့နေရာမှာ အသုံးတည့်ပါတယ်။ ပန်းပွင့် ပြုလုပ်ဖို့အတွက် စက္ကူများကို ရောင်စုံ စက္ကူများ အသုံးပြုမယ်ဆိုရင်တော့ ပိုလို့တောင် လှပသွားပါလိမ့်မယ်။

အသက်ဝင်နေတဲ့ စာအုပ်များနဲ့ အလှဆင်မယ်

နံရံ နည်း

ကွီးတို့ အခန်းနံရံပေါ်မှာ စာအုပ်များကို အခုလိုမျိုး ကပ်ထားပြီး အချိုးကျကျ အလှဆင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ဟယ်ရီပေါ်တာ ဇာတ်ကားထဲကလို အသက်ဝင်နေတဲ့ စာကြည့်တိုက်အလား ထင်မှတ်သွားရပါလိမ့်မယ်။

အခုဖော်ပြသွားတာတွေကတော့ ကွီးတို့ရဲ့ အခန်း နံရံ အလွတ်ကို ပိုမိုလှပလာအောင် ကူညီပေးမယ့် အလှဆင် နည်း တွေပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်အခန်း နံရံကို ဘယ်လိုမျိုး အလှဆင်ချင်ပါသလဲ။​

Source: Countryliving.com

Featured Image: Livspace