ဥတုသုံးပါးမှာ နွေရာသီဟာ နေလို့ထိုင်လို့ အကောင်းဆုံး ရာသီတစ်ခုပါ။ ဒါပေမယ့် ပူပြင်းတဲ့နေရောင်အောက်မှာ ကွီးတို့ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို သတိမပြုမိရင် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နွေရာသီ ကာလအတွင်း ကျန်းမာစွာ နေထိုင်နိုင်ဖို့ လမ်းညွှန်ချက် အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပါ

stay hydrated

Photo : Warren General Hospital

ပူပြင်းတဲ့ နွေရာသီ မှာ ချွေးထွက်များခြင်းကြောင့် ခန္ဓာကိုယ်ကနေ ရေဓာတ် ပိုမို ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ ခန္ဓာကိုယ်မှာ ရေဓာတ်ပမာဏ အလုံအလောက်ရှိနေစေဖို့ သေချာလေး ဖြည့်တင်းဖို့က အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် ရေများများ သောက်ပေးနိုင်သလို ရေဓာတ်ရတဲ့ အသီးအနှံတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။

(၂) အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ပါ

Exercise outside

Photo : Men’s Health

နွေရာသီဟာ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့လို့ အကောင်းဆုံးပါ။ ဒါကြောင့် အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း များများ လုပ်သင့်ပါတယ်။ ကွီးတို့ရဲ့ နေအိမ်ခြံဝန်းထဲမှာ သို့မဟုတ် အများပြည်သူ အနားယူအပန်းဖြေစရာ ပန်းခြံတွေမှာ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း ၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပြီး လေ့ကျင့်ခန်းလုပ်ဆောင်တာဟာ ခန္ဓာကိုယ် စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခကို တိုးတက်စေပါတယ်။ လိုက်နာရမယ့် တစ်ချက်ကတော့ တစ်နေ့တာ အတွင်းမှာ အပူချိန်လျှော့နည်းတဲ့ မနက်ခင်း သို့မဟုတ် ညနေခင်းလို အချိန်တွေမှာပဲ လေ့ကျင့်ခန်း လုပ်ဆောင်သင့်ပါတယ်။

(၃) ကောင်းကောင်း အနားယူပါ

Take a Vacation

Photo : The Independent

ကျန်းမာဖျက်လက်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်တဲ့ အနားယူမှုလည်း ပေးသင့်ပါတယ်။ အားလပ်ရက်တွေမှာ မိသားစု သို့မဟုတ် ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်တစ်ခု ဖြတ်သန်းပါ။ သို့မဟုတ် ကိုယ်ဝါသနာပါတဲ့ အရာတွေ ၊ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းနည်းလမ်းတွေနဲ့ စိတ်ရော ခန္ဓာကိုယ်အတွက်ပါ အနားယူမှု ကောင်းကောင်း ရယူသင့်ပါတယ်။

(၄) ကျန်းမာစွာ စားသောက်ပါ

Eat Healthily
Photo : MyFitnessPal Blog

ကျန်းမာချင်ရင် ကွီးတို့ ခန္ဓာကိုယ်အတွင်း ထည့်သွင်းတဲ့ အစာအာဟာရဓာတ်ကို သေချာလေး စိစစ်ရွေးချယ် သင့်ပါတယ်။ အထူးသဖြင့် နွေရာသီ လို ကာလဟာ ချွေးအလွန်အကျွံ ထွက်လေ့ရှိတာကြောင့် စွမ်းအင်လျော့ကျပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရတက်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို သေချာလေး ရွေးချယ်စားသုံးပေးသင့်ပြီး ခန္ဓာကိုယ်ကို အာဟာရမျှတအောင် ထိန်းသိမ်းထားဖို့က အရေးကြီးဆုံး လိုက်နာရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Source : 30 Day Fitness

Featured Photo : Cherished Wellbeing