ရာသီဥတုက တစ်ရက်ထက်တစ်ရက် ပိုပြီး ပူပြင်းလာနေပါပြီ။ အခုလို ပူအိုက်တဲ့ နွေရာသီ ကာလတွေမှာ တစ်နေ့တာလုံး လန်းဆန်းအေးမြနေစေဖို့ ရေမွှေး ကောင်းကောင်း တစ်ခုတော့ သေချာပေါက်သုံးဖို့ လိုမှာပါ။ ရေမွှေးချစ်သူ ကွီးတို့အတွက် နေ့စဉ် ရုံးသွားကျောင်းသွား ၊ ဟိုနားဒီနား ထသွားထလာကနေ ခရီးသွားတဲ့ အချိန်တွေအထိ နွေရက်တွေကို အမြဲတမ်း လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ ရွေးချယ်စရာ အမိုက်စား ရေမွှေးအမျိုးအစား အချို့ကို ညွှန်းပေးချင်ပါတယ်။

(၁) Azure Lime Tom Ford

Azure Lime Tom Ford

Photo : Man Of Many

နွေရာသီမှာ သုံးသင့်တဲ့ Summer Fragrances တွေအကြောင်း ပြောတဲ့အခါ တော်တော်လေး Fresh ဖြစ်တဲ့ Tom Ford ရဲ့ Azure Lime ရေမွှေး ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ သံပုရာရနံ့ သင်းသင်းလေးဖြစ်တာကြောင့် ခေါင်းကြည်စိတ်လန်းစေပြီး Citrus Notes တွေက တော်တော်လေး Fresh ဖြစ်စေတဲ့အတွက် ပူအိုက်တဲ့နေ့ရက်တွေမှာတင် စိတ်ကြည်လင် လန်းဆန်းစေမှာပါ။ ဆန်းသစ်တဲ့ ပန်းရနံ့တွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် အနံ့ရတာနဲ့ တော်တော်လေး Relax ဖြစ်စေပါတယ်။

(၂) Galloway Parfums de Marly

Galloway Parfums de Marly

Photo : Man Of Many

Designer ရေမွှေး တွေထဲကဆိုရင် Parfums de Marly ရဲ့ Galloway ကို သေချာပေါက် ညွှန်းချင်ပါတယ်။ Fresh ဖြစ်တဲ့ Citrus ရနံ့တွေကိုမှ Pepper နဲ့ Lavender တို့ကို အချိုးကျကျ ပေါင်းစပ်ထားပြီး တော်တော်လေး ချိုမြလန်းဆန်းစေ လှပတဲ့ ရနံ့မျိုးပါ။ နွေရာသီ ရဲ့ ပူအိုက်တဲ့ကာလတွေအတွင်း Casual ရော Formal Occasions တွေအတွက်ပါ ဆွတ်လို့ အဆင်ပြေပြီး Compliment ကောင်းကောင်းရစေမှာ အာမခံပါတယ်။

(၃) Another 13 Le Labo

Another 13 Le Labo

Photo : Man Of Many

Another 13 ကတော့ Le Labo ကနေ ထွက်ခဲ့သမျှ ရေမွှေး တွေထဲမှာ လူကြိုက်အများဆုံးနဲ့ ရနံ့အကောင်းဆုံးလို့ ပြောရပါမယ်။ တခြား နွေရာသီ သုံးရေမွှေးတွေနဲ့ မတူပဲ လုံးဝထူးထူးခြားခြား ကွဲထွက်နေတဲ့ ရနံ့မျိုးပါ။ Amber Woody ရေမွှေး အမျိုးအစားဖြစ်ပြီး တော်တော်လေးလည်း Clean ဖြစ်သလို မဂ္ဂဇင်းစာအုပ်တွေကရတဲ့ အနံလိုလို ၊ ကိုကင်း အနံ့လိုလို တကယ်ကိုပဲ ပြေပြေပြစ်ပြစ် ငြိမ့်ငြိမ့်လေးနဲ့ Addictive ဖြစ်ချင်စရာ Unique ဖြစ်တဲ့ ရနံ့ကို ပေးစွမ်းပါတယ်။

(၄) Artisan Blu John Varvatos

Artisan Blu John Varvatos

Photo : Man Of Many

Citrus မှ Citrus ဖန်အကြီးစား ဆိုရင်တော့ John Varvatos ရဲ့ Artisan Blu ကို မစဉ်းစားနဲ့ ရွေးချယ်လိုက်ပါ။ Geranium ၊ Orange Blossom ၊ Bergamot နဲ့ Melon တို့လို Summery Notes တွေနဲ့ တော်တော်လေး Fresh ဖြစ်ပြီး Soapy ဖြစ်တဲ့ ရှင်းသန့်သင်းပျံ့တဲ့ ရနံမျိုးကို ပေးပါတယ်။ နွေဦးကာလ ဒါမှမဟုတ် ပူအိုက်တဲ့ နွေရာသီ ရက်တွေနဲ့ အရမ်းကို လိုက်ဖက်ပြီး လန်းဆန်းအေးမြတဲ့ နှစ်လိုဖွယ် ခံစားမှု အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : Les Facons