ပူအိုက်တဲ့ နွေရာသီမှာ စတိုင်ကျကျ ရှိုးထုတ်နိုင်ဖို့ဆို ဘောင်းဘီတို ဖက်ရှင်တွေက မပါမဖြစ်ပါပဲ။ အားကစားလုပ်ချိန်မှာ ဖြစ်ဖြစ် ဟိုနားဒီနားအပြင်သွားချိန်မှာပဲ ဖြစ်ဖြစ် ဘောင်းဘီတိုတွေက ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိသလို စတိုင်လည်းကျစေမှာ ဖြစ်ပါတယ်။ ဘောင်းဘီတိုဖက်ရှင်တွေ ဝတ်တဲ့အခါ စတိုင်ကျတဲ့ အသွင်အပြင်ကိုရစေဖို့ အရေးကြီးဆုံးအချက်က မှန်ကန်တဲ့ Shoes စတိုင်ကို ရွေးချယ်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နွေအပူကို အံ့တုပြီး စတိုင်ကျကျ ဖက်ရှင်ကျွေးနိုင်ဖို့ ဘောင်းဘီတိုနဲ့ လိုက်ဖက်တဲ့ Shoes အတွဲအစပ်တွေကို ပြောပြပေးပါမယ်။

(၁) Sneakers

Sneakers

Photo : The Trend Spotter

Street စတိုင်ကို ကိုယ်စားပြုတဲ့ လူငယ်ဆန်ဆန် အထာကျကျ ဖက်ရှင်တွေအတွက်ဆို Sneakers တွေက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ Sneakers တွေထဲမှာဆို ရွေးချယ်စရာ Brands နဲ့ ဒီဇိုင်းတွေများသလို ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့ ၁၂ ရာသီပတ်လုံး စိတ်ကြိုက်ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ ဘောင်းဘီတိုနဲ့ Sneakers ဖက်ရှင်အတွဲအစပ်က လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်တဲ့အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းပါတယ်။

(၂) Loafers

Loafers

Photo : The Trend Spotter

ဘောင်းဘီတိုနဲ့ Loafers အတွဲအစပ်ကတော့ နေ့လည်ခင်း ဟိုနားဒီနား အပြင်သွားတဲ့အချိန်တွေအတွက် အသင့်တော်ဆုံး ဖက်ရှင်တစ်ခုပါ။ သက်တောင့်သက်သာရှိတယ် ၊ လွတ်လပ်ပေါ့ပါးပြီး စတိုင်လည်း ကျစေပါတယ်။ ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး Shirt အင်္ကျီ
ဒါမှမဟုတ် Casual Blazer တွေနဲ့ Loafers ကို ပေါင်းစပ်ဝတ်နိုင်ပြီး Chino ဘောင်းဘီတိုနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် အခုလိုပူအိုက်တဲ့ နွေရာသီအတွက် အလွန်ကောင်းမွန်ဆုံး Outfit တစ်စုံကို ရမှာဖြစ်ပါတယ်။

(၃) Sandals နဲ့ Flip Flops

Sandals and Flip Flops

Photo : The Trend Spotter

နွေဘက်ဆိုရင် တော်တော်များများ ဝတ်ကြတာက ပေါ့ပါးလွတ်လပ်တဲ့ Sandals နဲ့ Flip Flops ဖိနပ်တွေပါပဲ။ Sandals နဲ့ Flip Flops ဖိနပ်တွေက ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို တွဲဖက်ဝတ်လို့ အဆင်ပြေပြီး လေဝင်လေထွက်ကောင်းကောင်းနဲ့ သက်တောင့်သက်သာရှိတာကြောင့် အခုလို ပူပြင်းအိုက်စက်တဲ့ နွေရာသီအတွက် သေချာပေါက် ရွေးချယ်စရာ ဖိနပ်တွေအဖြစ် ခေတ်အဆက်ဆက် လူကြိုက်များလာခဲ့တာ ဖြစ်ပါတယ်။

(၄) Boat Shoes

Boat Shoes

Photo : The Trend Spotter

Boat Shoes တွေက တကယ့်ကိုပဲ Stylish ဖြစ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အသွင်အပြင်ကို ဖော်ဆောင်ပေးတဲ့ အမိုက်စား ဖိနပ်ပုံစံတစ်ခု ဖြစ်ပါတယ်။ စမတ်ကျမှုနဲ့ ပေါ့ပါးလွတ်လပ်မှုတို့ကြား ဟန်ချက်ညီစေတဲ့ Shoes စတိုင်လို့ ပြောရမှာဖြစ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတွေနဲ့ သင့်တော်လိုက်ဖက်မှု ပိုရှိပါတယ်။ ပွဲတက်အခမ်းအနားတွေအတွက်ဆို Chino နဲ့ Shirt အင်္ကျီကို တွဲဖက်ဝတ်နိုင်ပြီး Boat Shoes ရဲ့အရောင်ကိုတော့ Navy ၊ Tan ဒါမှမဟုတ် Beige ကာလာတွေထဲက ရွေးချယ်နိုင်ပါတယ်။

Featured Photo : Irreverent Gent