အမျိုးသားတွေ ဘာကြောင့် Hairstyle ရွေးရင် ဆံပင်အတို စတိုင်ကိုပဲ ဦးစားပေး ရွေးကြတာလဲ ??? အဖြေကတော့ ရှင်းပါတယ်။ ဆံပင်အတိုက ဘယ်အချိန်ဖြစ်ဖြစ် ခေတ်မီပြီး စတိုင်ကျတယ် ၊ လွတ်လပ်ပေါ့ပါးမှု အပြည့်ရှိတယ် ၊ ထွေထွေထူးထူး ပြုပြင်ထိန်းသိမ်းစရာ မလိုဘူး ၊ ဘယ်လို အဝတ်အစား ဖက်ရှင်နဲ့မဆို လိုက်လျောညီထွေဖြစ်စေတယ်။ ဒီအချက်တွေကပဲ အမျိုးသားတွေအနေနဲ့ Hairstyle ရွေးချယ်တဲ့အခါ ခပ်တိုတို ခပ်ပါးပါး ဆံပင်အတို စတိုင်တွေကို ဦးစားပေး ရွေးကြတာပါ။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ နှစ်ခါပြန် စဉ်းစားစရာ မလိုအောင် အထာကျကျနဲ့ လန်းစေမယ့် Short Hairstyles အချို့ကို ရွေးချယ်တင်ဆက် ပေးပါမယ်။

(၁) Outgrown Buzz Cut

Outgrown Buzz Cut

Photo : Man Of Many

တိုတိုကပ်ကပ် Buzz Cut ကေလည်း ကြိုက်တယ် ဒါပေမယ့် Traditional Buzz Cut လောက်လည်း အရမ်းမတိုချင်ဘူး ဆိုရင်တော့ Outgrown Buzz Cut ဆံပင်အတို စတိုင်ကို ရွေးလို့ရပါတယ်။ ဒီကေက ပုံမှန် Buzz Cut လောက် တိုတိုကပ်ကပ် မဟုတ်ပဲ အပေါ်ပိုင်း ဆံပင်ကို မဆိုသလောက်လေးပဲ အရှည်ညှပ်ရမှာပါ။ Oval ၊ Round နဲ့ Square မျက်နှာကျရှိတဲ့ ကွီးတို့နဲ့ ပိုပြီး လိုက်ဖက်ပါတယ်။

(၂) Short Crop

Short Crop

Photo : Man Of Many

ဆံပင်အတို စတိုင်တွေထဲမှာ နာမည်ကြီးပြီး လူကြိုက်များတဲ့ Hairstyle တွေထဲက တစ်ခုကတော့ Short Crop ပါ။ Short Crop ကတော့ အဓိကအားဖြင့် ဘေးနောက်တွေကို ခပ်ပါးပါး ရှိတ်ထိုးထာပြီး အပေါ်ကို ခပ်တိုတိုနဲ့ အရှေ့ဆံပင်ကို နဖူးအထက်မှာ သေသေသပ်သပ် ပုံသွင်းညှပ်ရတာပါ။ Short Crop ဆံပင်ကေကလည်း Oval ၊ Round နဲ့ Square မျက်နှာကျရှိတဲ့ ကွီးတို့နဲ့ လုံးဝလိုက်ဖက်မှု ရှိပါတယ်။

(၃) Pompadour

Pompadour

Photo : Man Of Many

Pompadour ကတော့ Elvis Presley တို့ James Dean တို့လို ဒိတ်ဒိတ်ကြဲတွေ ညှပ်ခဲ့တဲ့ နာမည်ကြီဂ ဆံပင်အတို စတိုင်တစ်ခုဖြစ်ပြီး ဒီနေ့အချိန်အထိ လူကြိုက်များ ရေပန်းစား အညှပ်များ နေဆဲဖြစ်ပါတယ်။ ဒီဆံပင်စတိုင်က ဘေးနောက်တွေကတော့ ခပ်ပါးပါးပါပဲ။ အပေါ်ဘက်ကိုတော့ အနည်းငယ် အရှည်ထားပြီး ခပ်မြင့်မြင့် ပုံသွင်းဖြီးလိမ်း ထားရတာပါ။ သပ်ရပ်ပြီး စမတ်ကျချင်တဲ့ ကွီးတွေ ရွေးချယ်သင့်တဲ့ ဆံပင်စတိုင်တစ်ခုဖြစ်ပြီး Round ၊ Square နဲ့ Triangle မျက်နှာကျ ရှိသူတွေနဲ့ လိုက်ဖက်ပါတယ်။

(၄) Undercut

Undercut

Photo : Man Of Many

နောက်ထပ် ဆံပင်အတို စတိုင်တွေထဲက အမျိုးသား တိုင်းနီးပါးနဲ့ လိုက်ဖက်တဲ့ Hairstyle တစ်ခုကတော့ Undercut ပါ။ Undercut က လူငယ်ဆန်တယ် ၊ ခေတ်မီပြီး စတိုင်ကျတယ် ၊ သပ်သပ်ရပ်ရပ်နဲ့ Unique ဖြစ်တဲ့ အသွင်အပြင်ကို ပုံဖော်ပေးပါတယ်။ ဘေးနဲ့အနောက်ကို ခပ်ပါးပါး ရှိတ်ထိုးတဲ့ပုံစံကိုမှ အပေါ်ကနေ အောက်က သိသိသာသာ ကွဲနေတဲ့ ပုံစံပါ။ မြန်မာလို ပြောရရင် နှစ်ထပ်ပုံစံလို့ ပြောရပါမယ်။ အပေါ်ဆံပင်ကိုတော့ သပ်သပ်ရပ်ရပ် နောက်ကို လှန်ဖြီးထားနိုင်ပြီး ဆံပင် အတိုအရှည်ကိုတော့ မျက်နှာပုံစံ / ကိုယ့်အကြိုက်နဲ့ လိုက်ပြီး ချိန်ညှိထားနိုင်ပါတယ်။ Undercut ဆံပင်စတိုင်က Square နဲ့ Round မျက်နှာကျ ရှိသူတွေနဲ့ လိုက်ပါတယ်။

(၅) Side Part

Photo : Man Of Many
Photo : Man Of Many

Side Part ဆံပင်စတိုင်ကတော့ ရှင်းပါတယ်။ တိုမယ် ၊ သပ်ရပ်မယ် ၊ စမတ်ကျမယ် ၊ သန့်ပြန့်နေတဲ့ ပုံစံပေါ်လွင်စေမယ်။ ဒီလိုအချက်တွေ ကြိုက်ရင်တော့ Side Part ဆံပင်စတိုင်ကို ရွေးပါ။ Side Part က ဘေးနဲ့အနောက်ကို ခပ်ပါးပါး ညှပ်ထားပြီး အပေါ်ကိုတော့ ခွဲကြောင်း ထင်းနေအောင် ပုံဖော်ထားတဲ့ ဆံပင်ပုံစံပါ။ လူငယ်ရော လူလတ်ပိုင်း အမျိုးသားတွေနဲ့ပါ လိုက်ဖက်ပြီး Oval ၊ Round နဲ့ Diamond ပုံ မျက်နှာကျ ရှိသူတွေနဲ့ လိုက်ဖက်မှု ရှိပါတယ်။

အခုပြောပြခဲ့တဲ့ ဆံပင်အတို စတိုင်တွေထဲက ကွီးတို့အကြိုက်ဆုံး Hairstyle ပုံစံက ဘာဖြစ်မလဲ ????

Source : Man Of Many

Featured Photo : Barber Industries