အချစ်ဟာ ဆန်းကြယ်တယ်လို့ ပြောကြပါတယ်။ အချစ်ကြောင့် ပျော်ရွှင်ရသလို အချစ်ကြောင့်ပဲ နာကျင်ရတာပါ။ အချစ်ကပေးတဲ့ ပျော်ရွှင်မှု ၊ နာကျင်မှုတွေဟာ ကျွန်တော်တို့ဘဝထဲက မမေ့နိုင်စရာ ခံစားချက်တွေ ဖြစ်မယ်ထင်ပါတယ်။ တစ်ခါတစ်လေမှာ သိပ်ချစ်ရပါတယ်ဆိုတဲ့ သူနဲ့ဝေးရသလို ချစ်နေပါလျက် မေ့ပစ်ဖို့ ဖြစ်လာရတဲ့ အခြေအနေတွေလည်း ရှိတက်တာပဲ မဟုတ်လား။ နှလုံးသား တစ်ခုလုံးနဲ့ ရင်းပြီး နှစ်နှစ်ကာကာ ချစ်ရတဲ့သူကို မေ့ပစ်ဖို့ဆိုတာ လူတိုင်း လူတိုင်းအတွက်တော့ အခက်ခဲဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ နှလုံးသားနဲ့ရင်း ၊ ဘဝနဲ့ချီပြီး တစ်သက်မှာတစ်ခါ ဆိုတဲ့ အချစ်မျိုးနဲ့ နှစ်နှစ်ကာကာ ချစ်ရသူကို မေ့ပစ်ဖို့ ဖြစ်လာတဲ့အခါ တကယ် မေ့ပစ်နိုင်ဖို့အတွက် လက်တွေ့အသုံးဝင်မယ့် အကြံကောင်းလေး အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) လက်ရှိ အခြေအနေကို လက်ခံလိုက်ပါ

Couple

Photo : YourTango

ပထမဆုံး အဆင့်ကတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လက်ခံလိုက်ဖို့ပါပဲ။ အတိတ်မှာ ဘယ်လောက်ပဲ ပျော်ရွှင်ခဲ့ရစေ ၊ ချစ်ခဲ့ပါစေ လက်ရှိမှာ သူနဲ့ကိုယ်ဟာ ဘာမှမဆိုင်တော့ဘူးဆိုတဲ့ အမှန်တရားကို လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို အမှန်တရားကို လက်ခံဖို့ဆိုတာ တော်ရုံမလွယ်သလို အင်မတန်မှလည်း ခက်ခဲပါတယ်။ နှစ်နှစ်ကာကာ ချစ်မိသူတိုင်းဟာ စူးစူးနင့်နင့် ခံစားရတာပါပဲ။ ဒါပေမယ့် လက်ရှိအခြေအနေကို လက်မခံနိုင်သေးပဲ မျှော်လင့်ချက်ဆက်ထားသူဟာ ဒဏ်ရာတွေကို ဆက်သယ်နေရာရောက်ပါတယ်။ ဒါကြောင့် မေ့ပစ်တဲ့အဆင့်ကို မရောက်ခင် အရင်ဆုံးလုပ်ရမှာက လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို လက်ခံလိုက်ဖို့ပါ။

(၂) ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ

Couple

Photo : The Independent

ဘဝမှာ ဘယ်သူနဲ့မှမတူအောင် နှစ်နှစ်ကာကာ ချစ်ရပါတယ်ဆိုတဲ့ လူတစ်ယောက်ကို မေ့နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းကနေ စရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအားလုံးကို သင့်ကြောင့်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းတွေ ရှိနေတဲ့အခါ မေ့ရမယ့်သူကို မေ့နိုင်ဖို့ မလွယ်သလို ကိုယ့်ကိုယ်ကိုယ် နာကျည်းမုန်းတီးမှုတွေနဲ့ ဒဏ်ရာနွံထဲက ရုန်းမထွက်နိုင် ဖြစ်သွားတက်ပါတယ်။ လက်ရှိအချိန်မှာတော့ လွမ်းဆွတ်ခြင်းတွေ ၊ နာကျည်းမှုတွေ ၊ ချစ်ခြင်းနဲ့ မုန်းခြင်းတွေ စတဲ့ ခံစားချက်တွေအားလုံး ရောပြွန်နေမှာပါ။ ဒါပေမယ့် သင့်ကိုယ်သင် ခွင့်လွှတ်ပြီး ဒဏ်ရာတွေ အားလုံးအတွက် ခံစားဖို့ အချိန်ပေးလိုက်မယ်ဆိုရင်တော့ အနာဂတ်မှာ ခါးသီးမှုတွေ မရှိတော့ပဲ ဘဝအသစ်တစ်ခုကို ပေါ့ပေါ့ပါးပါး လျှောက်လှမ်းသွားနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ရှေ့ဆက်သွားမယ်ဆိုတဲ့ ကတိပေးပါ

Couple

Photo : Boundless.org

အခြေအနေတွေ အားလုံးကို လက်ခံပြီးတာနဲ့ ဘယ်လောက်ပဲ နာကျင်နေရပါစေ ၊ အတိတ်ကနေ ရုန်းထွက်ပြီး ဘဝကို အကောင်းဆုံး ရှေ့ဆက်သွားမယ်ဆိုတဲ့ ကတိတစ်ခု ကိုယ့်ကိုယ်ကိုယ် ပေးရပါမယ်။ စိန်ခေါ်မှုတွေ အများကြီး ရှိနိုင်တယ် ၊ ရင်နင့်အောင် ခံစားရနိုင်တယ် ၊ ပြိုလဲချင်လောက်တဲ့အထိလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့သော် ခံစားချက်တွေ အားလုံးက အချိန်အတိုင်းအတာတစ်ခုရောက်ရင် ရပ်တန့်သွားမယ် ၊ ပြေလျော့သွားမယ်ဆိုတာကို သတိရပါ။ အဓိကအရေးကြီးတာ ဒီနွံထဲကနေ ရုန်းထွက်ပြီး ကိုယ့်ဘဝကိုယ် ရှေ့ဆက်သွားနေဖို့ပဲ လိုတာပါ။ အခုလက်ရှိသင်ထက် ပိုမိုကောင်းမွန်တဲ့ ဗားရှင်းဖြစ်အောင် ပြောင်းလဲလိုက်ဖို့ အကြံပြုချင်ပါတယ်။

(၄) သင်ဟာ ချစ်ခြင်းမေတ္တာ ၊ လေးစားမှုတို့နဲ့ ထိုက်တန်သူတစ်ယောက်ဆိုတာ သတိရပါ

Couple

Photo : LeadByStars

ကျွန်တော်တို့ အားလုံးဟာ ချစ်ခြင်းမေတ္တာ ၊ လေးစားမှုတွေနဲ့ ထိုက်တန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတက်ဖို့ လိုအပ်သလို ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း ရှိရပါမယ်။ မေ့ပစ်ရမယ့်သူကို မေ့ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာ ၊ လေးစားမှုတွေကို ခံယူလိုက်ပါ။ အတိတ်မှာပဲ ပိတ်မိနေရင် ပိုကောင်းတဲ့ အနာဂတ်ကို ရောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။ သင်ဟာ ချစ်ခြင်းမေတ္တာ ၊ လေးစားမှုတို့နဲ့ ထိုက်တန်သူတစ်ယောက်ဆိုတာကိုလည်း အမြဲသတိရနေဖို့ လိုပါတယ်။

ကွီးတို့ရော ဘဝမှာ နှစ်နှစ်ကာကာ နဲ့ သိပ်ချစ်ရတဲ့ လူတစ်ယောက်ကို မေ့ပစ်ဖို့ ကြိုးစားရတဲ့ အခြေအနေမျိုး ကြုံဖူးပါသလား ???

Source : MomJunction

Featured Photo : Healthline