နှစ်သစ်ကူးညကို အိမ်မှာနေရင်း ရုပ်ရှင်တွေနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းချင်တဲ့ ကွီးတို့အတွက် ရုပ်ရှင် ဇာတ်ကားကောင်းတချို့ ညွန်းပေးချင်ပါတယ်။ မိသားစုနဲ့ဖြစ်ဖြစ် ၊ တစ်ယောက်တည်းဖြစ်ဖြစ် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတွေကို ရွေးချယ်တင်ဆက် ပေးလိုက်ပါတယ်။

(၁) Coraline (2009)

Source : Movieclips Classic Trailers

ပထမဆုံး တစ်ကားကတော့ စာရေးဆရာ Neil Gaiman ရဲ့ Coraline ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးပါ။ ကာတွန်းရုပ်ရှင်ဆိုပေမယ့် ဘယ်အချိန်ပြန်ကြည့်ကြည့်ရိုးမသွားတဲ့ ဇာတ်လမ်းလေးပါ။ မိန်းကလေးငယ်လေးရဲ့ ကလေးသဘာဝ စူးစမ်းမှု ၊ သူမရဲ့ မိဘတွေကသူမကို ဂရုမစိုက်ဘူးလို့ခံစားရတဲ့အတွက် ပိုကောင်းတဲ့ မိဘတွေကိုရှာရင်း အခြားအမှောင်ကမ္ဘာက လှည့်စားမှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲ ဆိုတာကို ကာတွန်းအန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဒါရိုက်တာကပြန်လည်ဆန်းသစ် ထားတာပါ။ ဇာတ်လမ်းကောင်းလေးဖြစ်လို့ မကြည့်ရသေးရင်ပဲဖြစ်ဖြစ် ကြည့်ဖူးတဲ့သူပဲဖြစ်ဖြစ် နောက်တခေါက်လောက် ပြန်ကြည့်ဖို့ တိုက်တွန်းပါတယ်။

(၂) How to Train Your Dragon (2010)

Source : Movieclips Classic Trailers

Lord of Ring ကို သင်ကြည့်ခဲ့တယ်ဆိုရင် How to Train Your Dragon လို ရုပ်ရှင် ဇာတ်လမ်းတွေက မိသားတွေထိုင်ကြည့်ရင်းအပြန်အလှန်ပြောဆိုဆွေးနွေးရင်း မိသားစုနွေးထွေးမှုရမယ့် ဇာတ်လမ်းမျိုးပါ။ ဗိုက်ကင်းမိသားစုက ဆင်းသက်လာတဲ့ ဆယ်ကျော်သက်ကောင်လေးက ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန် သူရဲ့အရင်းနှီးဆုံး သူငယ်ချင်းလေး Toothless နဲ့ဘယ်လိုခင်မင်သွားကြလာလဲ How to Train Your Dragon ဆိုတဲ့အတိုင်း Toothless လေးကို ဘယ်လိုတွေ လေ့ကျင့်ပေးလဲ ဆိုတာတွေကို ကြည့်ရမှာပါ။ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း ကူညီဖေးမမှုကိုတွေ့ရမှာဖြစ်တဲ့ အန်နီမေးရှင်းဇာတ်ကားကောင်း ကြိုက်သူတွေလက်မလွှတ်ကြတဲ့ ရုပ်ရှင် ဇာတ်ကားပါ။

(၃) Hairspray (2007)

Source : Movieclips Classic Trailers

နောက်ထပ်ညွှန်းပေးချင်တာကတော့ Hairspray လို့ခေါ်တဲ့ ဟာသရုပ်ရှင်ကားလေးပါ။ မှတ်မိလွယ်တဲ့ သီချင်း တွေကကွက်တွေကြားက ခိုင်မာတဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ စကားလုံးတွေကိုပါသိရမယ့် ဇာတ်လမ်း ကောင်းတစ်ပုဒ်ပါ။ ဇာတ်လမ်းထဲမှာ လူကြီးတွေအတွက် လေးနက်တဲ့အကြောင်းအရာကိုထည့်သွင်း ပြထားသလို သင့်ကလေးတွေအတွက် ပျော်စရာသီချင်းတွေ ကကွက်တွေလေ့လာသင်ကြားပေးလို့လဲရပါတယ်။

(၄) Onward (2020)

Source : Pixar

နတ်သူငယ်ညီအကိုနှစ်ယောက်ဖြစ်တဲ့ Ian နှင့် Barley တို့က အသက် (၁၆) နှစ်ကျော်သွားပြီဖြစ်တာကြောင့် သေဆုံးသွားတဲ့ သူတို့ရဲ့အဖေဖြစ်သူပေးခဲ့တဲ့ မှော်တောင်ဝှေးကို လက်ဆောင်အနေနဲ့ ရခဲ့ပါတယ်။ ဒီမှော်တောင်ဝှေးကို ဂါထာတွေနဲ့မြန်းမှုတ်ပြီး သေဆုံးသွားတဲ့သူတို့ရဲ့အဖေ့ကို ၂၄ နာရီ တစ်ရက်စာ ပြန်အသက်ရှင်အောင်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် တလွဲတွေဖြစ်ခဲ့တာကြောင့် အဖေဖြစ်သူက ခန္ဓာကိုယ် ကိုယ်တစ်ပိုင်းသာပေါ်လာခဲ့ပါတယ်။ ၂၄ နာရီမပြည့်ခင်မှာ သူတို့အဖေရဲ့ ခန္ဓာကိုယ်အပြည့်ပေါ်အောင် အခက်အခဲတွေကြားကနေ ကြိုးစားသွားမယ့် ရယ်မောပျော်ရွှင်စရာဟာသ Animation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

(၅) The House With a Clock in Its Walls (2018)

Source : Universal Pictures

တကယ်လို့ နည်းနည်းစိတ်လှုပ်ရှားရမယ့် ကြောက်စရာ ရုပ်ရှင် ကားမျိုး ကြိုက်တယ်ဆိုရင် မိသားစုကြည့်လို့ကောင်းမယ့် The House With a Clock in Its Walls (2018) ကို ညွှန်းပါရစေ။ ၁၉၅၀ ပြည့်လွန်နှစ်တွေဆီကို ပြန်ခေါ်သွားမယ့် ဒီသဘာဝလွန်ပုံပြင်ထဲမှာ မိဘမဲ့ကလေးရဲ့ဇာတ်ကောင်ကနေ သူ့ဦးလေးရဲ့ မှော်ဆန်ဆန်အိမ်မှာနေထိုင်ရင်း ဘယ်လိုထိတ်လန့် တုန်လှုပ်စရာတွေကို ကြုံရလဲဆိုတာ ကြည့်ရမှာပါ။ မကြည့်ရသေးရင် စမ်းကြည့်လိုက်ပါဦး။

Featured Photo : Prime Video