နှစ်သစ်ကူး ညဆိုတာကတော့ နှစ်သစ် တစ်နှစ်ကို ကြိုဆိုမယ့် ညတစ်ညဖြစ်တဲ့အတွက်ကြောင့် ထူးခြားတဲ့ ညလေးတစ်ညဆိုလည်း မမှားပါဘူး။ ဒီလို ထူးခြားတဲ့ ညလေးတစ်ညကို သာမန်နေ့တစ်ရက်လိုပဲ ကုန်ဆုံးလိုက်တော့မှာလား။ ထိုညလေးကို အသက်ဝင်လာအောင် မဖန်တီးချင်ဘူးလား။

နှစ်သစ်ကူး ည ကို အသက်ဝင်အောင် ကူညီပေးမယ့် ဇာတ်ကားကောင်းတွေ ကြည့်ရှုရင်း ကွီးတို့ရဲ့ အချိန်တွေကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ပါ။

(၁) About Time

တကယ်လို့ ကွီးတို့ဆီမှာ အချိန်ခရီးသွားနိုင်တဲ့ စွမ်းအားရှိမယ်ဆိုရင် ကွီးတို့က ဘယ်အချိန်အပိုင်းအခြားဆီသို့ အချိန် ခရီးသွားချင်ပါသလဲ။

ဒီဇာတ်ကားကတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက အဓိက ဇာတ်ဆောင်ကတော့ အချိန်ခရီးသွားနိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သူက အစတုန်းကတော့ သူ့မှာထိုအစွမ်းရှိသေးတာကို မသိသေးပါဘူး။ ဒါပေမဲ့ သူတို့ မိသားစုမျိုးရိုးထဲက ယောကျာ်းလေးတိုင်းက အချိန်ခရီးသွားနိုင်တဲ့ စွမ်းအင်မျိုး ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သူ့မှာ ထိုအစွမ်းပိုင်ဆိုင်ထားတယ်ဆိုတာကို သိလည်းသိသွားရော ခရစ်စမတ်အကြိုညဆီ အချိန်ခရီးသွားပြီး သူ့ရဲ့ ခရက်ရှ်ကောင်မလေးကို အနမ်းပေးပြီး အနာဂတ်ကို ပြောင်းလဲဖို့ ကြိုးစားပါတော့တယ်။ နောက်ဆုံးမှာ ဘာဆက်ဖြစ်မလဲဆိုတာကို ကြည့်ချင်ရင်တော့ နှစ်သစ်ကူးည မှာ ဒီ ဇာတ်ကား လေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဗျို့။

 

Source: Rotten Tomatoes Trailers

(၂) Royal New Year’s Eve

မဂ္ဂဇင်း စာအုပ်တိုက်ရဲ့ လက်ထောက်တစ်ဦးလည်းဖြစ်သလို ဖက်ရှင် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Caitlyn သည် Jeffery လို့ အမည်ရတဲ့ မင်းသားနဲ့ သူ့ရဲ့ သတို့သမီးလောင်းဖြစ်တဲ့ Isabelle တို့ နှစ်ယောက်တဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ Isabell က တော်ဝင် နှစ်သစ်အကြိုည ကပွဲမှာ မင်းသားလေးက သူ့ကို လက်ထပ်ခွင့်တောင်းမယ်လို့ မျှော်လင့်ထားပြီး ထိုကပွဲမှာ ဝတ်ဆင်မယ့် ဝတ်စုံကို ချုပ်ဖို့အတွက် ဒီဇိုင်နာ Caitlyn ကို ငှါးရမ်းလိုက်ပါတယ်။

ဒီကပွဲမှာ သူ(မ)ရဲ့ အချုပ် အလုပ် ဒီဇိုင်းစွမ်းရည်ကို ဖော်ထုတ်ပြဖို့ဆိုတာသည် Caitlyn ရဲ့ အိပ်မက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ(မ)ရဲ့ သူဌေး Abigail က သူ(မ)ရဲ့ တက်လမ်းကို ပိတ်ချင်တဲ့အတွက်ကြောင့် Isabell ရဲ့ ဝတ်စုံကို မချုပ်ခိုင်းစေတော့ဘဲ မင်းသားအတွက် ဝတ်စုံကိုသာ ချုပ်ခိုင်းစေပါတယ်။ ဒီလိုနဲ့ပဲ Caitlyn တစ်ယောက် မင်းသားလေးနဲ့ အနေနီးပြီး ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတော့…

Source: Hope Brincat

(၃) About Fate

ဒီဇာတ်ကားလေးကတော့ ဟာသ ရိုမန့်စ် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ဆောင် နှစ်ယောက်က အချစ်စစ်ဆိုတဲ့ အရာကို အမှန်တကယ် ယုံကြည်ကြပေမယ့် တကယ့်အချစ်စစ်ကို ရှာမတွေ့ကြသေးပါဘူး။ တစ်ယောက်နဲ့ ဘလိုင်းဒိတ်လုပ်လိုက်၊ အဆင်မပြေလိုက်နဲ့ လုံးလည် ချာလည်လိုက်ရင်း နှစ်ယောက်သား တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။

သူတို့နှစ်ယောက်က နှစ်သစ်ကူးညမှာ ဆုံတွေ့ကြရင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို အဆုံးထိ ကြည့်ကြည့်လိုက်ပါဦး။

Source: MGM

(၄) New Year Blues

စုံတွဲ လေးတွဲစီမှာ ပြဿနာကိုယ်စီ ရှိနေကြပြီး သူတို့က ထိုပြဿနာကို နောက်နှစ်သစ်အထိ ယူမသွားတော့ပဲ ဒီနှစ်အတွင်းမှာ အပြီးဖြတ်ဖို့ စီစဥ်ထားကြပါတယ်။ အဆင်မပြေတဲ့ Relationship ကို အပြီးဖြတ်ရင်း အချစ်သစ်တဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ သူတို့တွေ အဆင်ပြေကြပါ့မလား။

ဟာသ ဇာတ်မြူးကားလေးဆိုတော့ ကွီးတို့လည်း အကြိုက်တွေ့ကြမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: 815 Pictures

(၅) The Age of Adaline

Adaline Bowman ဆိုတဲ့ အမျိုးသမီးသည် အသက် ၂၉ ဆိုတဲ့ အရွယ်မှာပဲ ရပ်တန့်နေခဲ့တာ ဆယ်စုနှစ် ၈ စုလောက် ကြာခဲ့ပါပြီ။ သူ(မ)ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ ပေးမသိစေခဲ့ဘဲ တစ်ယောက်တည်း နှစ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ Ellis Jones ဆိုတဲ့ ခန့်ချောချော အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ(မ)ရဲ့ ဘဝ အပေါ် မြင်နေတဲ့ အမြင်တွေက ပြောင်းလဲသွားပြီး စိတ်ကူးယဥ်ခြင်းနဲ့ ရိုမန့်တစ် ဆန်တဲ့ စိတ်တွေကလည်း ပြန်လည် နိုးထလာပါတော့တယ်။ ဒီအမျိုးသားကိုရော သူ(မ)ရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟ ပြောဆိုသွားမှာလား။ အဆုံးသတ်မှာ ဘာတွေ ဖြစ်မလဲ။

ဒီဇာတ်ကားလေးက IMDb ၇.၂ တောင် ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကွီးတို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Source: Lionsgate Movies

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်ဇာတ်ကားတွေကို ကြည့်ဖူးပါသလဲ။

Featured Image: Parenting.etonhouse.edu.sg