နှစ်သစ် မှာ စိတ်သစ် လူသစ်နဲ့ ကြံရွယ်သမျှတွေ အောင်မြင်ချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အနေနဲ့ အပြောနဲ့တင် မဟုတ်ဘဲ အလုပ်နဲ့လည်း သက်သေပြဖို့ လိုအပ်ပါတယ်။ သက်သေပြတယ်ဆိုတာကလည်း လူအများက ကိုယ့်ရဲ့ အရည်အချင်းကို လက်ခံအောင် သက်သေပြနေတာထက် ကိုယ့်ရဲ့ အစွမ်းအစကို ကိုယ်တကယ် ယုံကြည်ကြောင်း သက်သေပြရမယ်ဆိုတဲ့ စိတ်မျိုး ထားတတ်ဖို့ လိုအပ်ပါတယ်။

ကဲ… ဒါဆိုရင် နှစ်သစ် မှာ စိတ်သစ် လူသစ်နဲ့ ကြံရွယ်သမျှတွေ အောင်မြင်ဖို့အတွက် ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။

(၁) ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချထားပါ

နှစ်သစ် စိတ်သစ်

ဟိုအရာ လုပ်ရမလား၊ ဒီအရာ လုပ်ရမလား။ မသေမချာ မရေမရာ ဇဝေဇဝါဖြစ်နေတာမျိုး မလုပ်ရပါဘူး။ ကွီးတို့ ဘာဖြစ်ချင်သလဲ။ ဘာလုပ်ချင်သလဲ၊ ဘယ်လို အောင်မြင်မှုမျိုး ရချင်သလဲဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချထားဖို့ လိုအပ်ပါတယ်။ ခိုင်မာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်က ကွီးတို့ကို မြန်မြန်အောင်မြင်အောင် ကူညီပေးပါလိမ့်မယ်။

(၂) အချိန်တစ်ခု ကန့်သတ်ထားပါ

နှစ်သစ် စိတ်သစ်

ဘယ်အချိန်မှာ ဘယ်လောက်အထိ အောင်မြင်ရမလဲဆိုတာမျိုးကို အချိန်တစ်ခု၊ အကန့်အသတ်တစ်ခု ကန့်သတ်ထားပါ။ အချိန် မကန့်သတ်ထားလို့ကတော့ ကွီးတို့ရဲ့ အချိန်ဆွဲတတ်တဲ့ စိတ်၊ ပျင်းရိတတ်တဲ့ စိတ်နဲ့ တိုးရင်တော့ သွားပါရောလား။

ဒါ့ကြောင့် ကွီးတို့ရဲ့ အောင်မြင်မှုအတွက် အချိန် ကန့်သတ်ထားမှသာလျှင် “ငါ လုပ်မှ ဖြစ်မယ်၊ မဖြစ် ဖြစ်အောင် လုပ်ရမယ်” ဆိုတဲ့ အသိစိတ်က ဝင်ပြီး မြန်မြန် လုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

(၃) နေ့ရက်တိုင်းမှာ ကြိုးစားလုပ်ဆောင်ပါ

နှစ်သစ် စိတ်သစ်

ဒီနေ့ တစ်ရက်တော့ နားလိုက်ပါဦးမယ်လေ၊ မနက်ဖြန်မှ စလုပ်လိုက်မယ် ဆိုတဲ့ မနက်ဖြန်ပေါင်း များစွာကို ကွီးတို့ ရင်းနှီးနေပါလိမ့်မယ်။ မနက်ဖြန် မနက်ဖြန်ဆိုပြီး တစ်နှစ်ပြီး တစ်နှစ် ကုန်လာလိုက်တာ အခုဆို ၂၀၂၄ နှစ်စတောင် ရောက်နေပါရောလား။ နေ့ရက်တိုင်းမှာ ဘယ်လောက်ပဲ သေးငယ်တဲ့ အရာပဲဖြစ်ပါစေ၊ လုပ်ဆောင်လိုက်ပါ။ ခြေလှမ်း တစ်သောင်းပြည့်ဖို့ ခြေလှမ်း တစ်လှမ်းပေါင်း များစွာကို စုပေါင်းရတာပဲ မဟုတ်လား။

(၄) ကွီးတို့ရဲ့ တိုးတက်မှုဖြစ်စဥ်ကို ပြန်စစ်ပါ

နှစ်သစ် စိတ်သစ်

မနေ့က ကိုယ် ဘာတွေ လုပ်ဆောင်ခဲ့သလဲ။ ဒီနေ့ရော ဘာတွေ လုပ်ဆောင်ပြီးပြီလဲ။ မနေ့ကထက် ပိုတော်တဲ့ လူသားတစ်ယောက် ဖြစ်ရပါမယ်။ ပြီးခဲ့တဲ့ လကထက် ယခုလက ပိုတော် ပိုထက်မြက်နေရပါမယ်။ မနှစ်ကထက် ဒီနှစ်မှာ အသိဥာဏ်တွေ ပိုမို ပြည့်ဝ စုံလင်နေရပါမယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ တိုးတက်မှု ဖြစ်စဥ်ကို ပြန်ဆန်းစစ်ကြည့်လို့ ရပါပြီ။

(၅) ကိုယ့်ရဲ့ အောင်မြင်မှုကို ပုံဖော်ကြည့်ပါ

(၅) ကိုယ့်ရဲ့ အောင်မြင်မှုကို ပုံဖော်ကြည့်ပါ

မျက်လုံးလေး မှိတ်ပြီး ကိုယ့်ရဲ့ အောင်မြင်မှုကို ပုံဖော်ကြည့်လိုက်ပါ။ ကိုယ် ရချင်တဲ့ အောင်မြင်မှုကို ရရှိနေတဲ့အတွက်ကြောင့် လေပေါ် မြှောက်တက်နေတဲ့အလား ပျော်ရွှင်နေသလို ခံစားကြည့်လိုက်ပါ။ ဒီလို စိတ်ကူးနဲ့ ပုံဖော်ပြီး ကိုယ် ဖြစ်ချင်တဲ့အရာကို မဖြစ် ဖြစ်အောင် လုပ်ကြည့်လိုက်ပါ။ ကွီးတို့ သတ်မှတ်ထားတဲ့အချိန်မှာ အမှန်တကယ် ဖြစ်လာမှာ မြေကြီး လက်ခတ်မလွဲပါဘဲ။

(၆) ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းကြီး တွန်းအားမပေးပါနဲ့

(၆) ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းကြီး တွန်းအားမပေးပါနဲ့

တစ်ခါတစ်လေမှာ ဘဝဆိုတာသည် ကိုယ် မှန်းထားတဲ့အတိုင်း ဖြစ်မလာတတ်ပါဘူး။ ကိုယ်က လိမ္မော်သီး လိုချင်ရင် ဘဝကြီးက သံပုရာသီး ပေးတတ်တာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ လိမ္မော်သီး မရလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး မဘလိန်းလိုက်ပါနဲ့။ ရလာတဲ့ သံပုရာသီးကို ကောင်းကောင်း အသုံးချပြီး ဘဝ တိုးတက်မှုအတွက် လှေကားထစ်သဖွယ် အသုံးပြုလိုက်ပါ။ အကောင်းမြင်စိတ်နဲ့ ကြည့်မယ်ဆိုရင် ဒါသည်လည်း ကွီးတို့ကို အခြေအနေပေါ် လိုက်ပြီး လုပ်ဆောင်တတ်အောင် သင်ကြားပေးနေတာပဲ မဟုတ်လား။

ကွီးတို့ရော ဒီ နှစ်သစ် မှာ စိတ်သစ် လူသစ်နဲ့ ကြံစည်ထားသမျှကို အကောင်အထည်ဖော်ဖို့ ရယ်ဒီဖြစ်ပြီလား။

Source: Winnebago

Featured Image: Unsplash