ဂိမ်း အဟောင်းတွေ ဆော့ရတာ ငြီးငွေ့နေကြတဲ့ ကွီးတို့အတွက် ဂိမ်းအသစ်တွေကို ကုမ္ပဏီအသီးသီးက မိတ်ဆက်ပေးဖို့ ပြင်ဆင်နေကြပါတယ်။ ဒီ ၂၀၂၄ နှစ် သစ် ထဲမှာလည်းပဲ ကွီးတို့ မျှော်လင့်စောင့်စားနေကြတဲ့ ဂိမ်း အသစ်တွေ ဆက်လက်ထွက်ရှိလာဦးမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ မျှော်လင့်ထားတဲ့ ဂိမ်းအသစ်တွေ ပါသလားဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦး။
(၁) Rainbow Six Mobile
အတိုက်အခိုက် အက်ရှင်ဂိမ်းတွေကို ဆော့ရတာ နှစ်သက်တဲ့ ကွီးတို့အတွက်တော့ Rainbow Six Mobile ဂိမ်းလေးက အသစ်ထွက်ရှိလာဖို့ရှိပါတယ်။ မူလ ရှိပြီးသား ဂိမ်းကိုမှ ဗားရှင် ပိုမြင့်ထားတဲ့ ဂိမ်းမော်ဒယ်အသစ်ဖြစ်တာကြောင့် ဂိမ်းဆော့နေရင်း တကယ့် လက်တွေ့ ခံစားချက်မျိုးကို ပေးစွမ်းမှာပဲဖြစ်ပါတယ်။
(၂) Call of Duty: Warzone Mobile
Call of Duty ဂိမ်းကိုလည်း ကွီးတို့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ Call of Duty: Warzone Mobile ဗားရှင်းအသစ်ကလည်း ဂိမ်းဆော့ချင်တဲ့ ကွီးတို့အတွက် အမိုက်စား Battle တွေ ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ကွီးတို့ တစ်ယောက်တည်း အပီအပြင် ကြမ်းလို့လည်း ရသလို၊ ဘော်ဒါတွေနဲ့အတူတူ Battle ဆိုင်လို့လည်း ရပါတယ်။ ကွီးတို့ အားလပ်ချိန်မှာ စိတ်ဖိစီးစရာများကို ဖယ်ရှားဖို့အတွက် ကူညီပေးမယ့် ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။
(၃) Honor Of Kings
နောက်ထပ် အက်ရှင်ဂိမ်း အမိုက်စားကတော့ Honor Of Kings ဂိမ်းပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များလာမယ့် ဂိမ်းအသစ်တစ်မျိုးပဲဖြစ်ပါတယ်။ ကွာလတီ မြင့်တဲ့ Graphics ပိုင်းကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး ယဥ်ကျေးမှု အမျိုးမျိုးကို တစ်နေရာတည်းမှာ တစ်စု တစ်စည်းတည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ နည်းဗျူဟာ ကျကျ ဂိမ်းကစားချင်သူများအတွက် အမိုက်စား ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။
(၄) Valorant Mobile
Valorant မိုဘိုင်းလ် ဂိမ်းကလည်းပဲ ဂိမ်းချစ်သူများအကြား လူကြိုက်များတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၂၄ နှစ် သစ် ထဲမှာလည်း ဂိမ်း ဗားရှင်းအသစ်နဲ့ မိတ်ဆက်ပေးဖို့ ပြင်ဆင်နေတယ်လို့ ကောလဟလ ထွက်ရှိနေပါတယ်။ အေးဂျင်း အမျိုးမျိုးကို ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပြီး ကိုယ့်ဘော်ဒါတွေ အစုအဖွဲ့လိုက် ဂိမ်းဆော့နိုင်အောင်လည်း ဖန်တီးပေးမယ့် ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ တရားဝင် ထွက်ရှိမယ့် ရက်ကိုတော့ အသေးစိတ် မကြေညာထားပေမယ့် ၂၀၂၄ မှာ ထွက်ရှိမယ်လို့တော့ သိရပါတယ်။
(၅) Assassin’s Creed Jade
ဒီဂိမ်းကတော့ သမိုင်းကြောင်းနဲ့ ယနေ့ခေတ်ကို အချိတ်အဆက်မိမိနဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ ချိတ်ထားတဲ့အတွက်ကြောင့် ဂိမ်းဆော့ရသူများအတွက် ရသမျိုးစုံကို ပေးစွမ်းတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဂိမ်း ကာရိုက်တာများကလည်း စုံလင်ပြီး ကွီးတို့ ကြိုက်နှစ်သက်တဲ့ ကာရိုက်တာကို ရွေးချယ် ဆော့ကစားနိုင်ပါတယ်။ ဒီဂိမ်းဗားရှင်းကလည်း တရားဝင် ထွက်မယ့်ရက် အတိအကျ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ ထွက်ရှိကြလိမ့်မယ်လို့ ဂိမ်းချစ်သူများက မျှော်လင့်ထားကြပါတယ်။
ကွီးတို့ရော ဒီ နှစ် ထဲမှာ ဘယ်လို ဂိမ်း အသစ် တွေကို ဆော့ကစားချင်ကြပါသလဲ။
Source: Mobilegaminginsider
Featured Image: Gamerant