မနှစ်က ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ဘယ်လိုအားရစရာကောင်းတဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်ခဲ့ ပြီးပါပြီလဲ။ ဒါမှမဟုတ် အပျင်းတစ်နေခဲ့ပါသလား။ ဒီ နှစ် မှာရော မနှစ်ကလိုပဲ အ ပျင်း တစ်နေဦးမှာလား။​ ဒါဆိုရင်တော့ ကွီးတို့ ဘဝကြီးက ဘယ်လိုမှ အောင်မြင်ဖို့ရာ အလားအလာ မရှိပါဘူး။

ဒီ နှစ် ထဲမှာ ပျင်း ရိတတ်တဲ့ အကျင့်ဆိုးကို ဖယ်ရှားချင်တယ်ဆိုရင်တော့ နောက်မကျသေးပါဘူး။ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများနဲ့ ပျင်းရိတတ်တဲ့ အကျင့်ဆိုးကို ဖယ်ရှားနိုင်ပါတယ်။

(၁) ကိုယ် အမှန်တကယ် ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်တဲ့ ရည်မှန်းချက် ပန်းတိုင်မျိုး ထားရှိပါ

man and success

Photo : Forbes

တချို့တွေက ရည်မှန်းချက် မြင့်မားလွန်းတတ်ကြပါတယ်။ ရည်မှန်းချက် မြင့်မြင့်မားမား ထားတတ်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရည်မှန်းချက် မြင့်လွန်းခြင်းရဲ့ အားနည်းချက်က ဘာဖြစ်သွားတတ် သလဲဆိုတော့ ထိုရည်မှန်းချက်က လက်တွေ့နဲ့ ဝေးကွာလွန်းတဲ့အတွက်ကြောင့် မဖြစ်နိုင်ပါဘူးလေ ဆိုပြီး တွေးမိပြီး ဘာမှ ဆက်မလုပ်ချင် ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရည်မှန်းချက် အမြင့်ကြီးတွေ ထားမယ့်အစား ကိုယ် အမှန်တကယ် ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မယ့် ရည်မှန်းချက်မျိုးကိုသာ ထားရှိဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ကွီးတို့ရဲ့ ရည်မှန်းချက်တွေက အိပ်မက် မက်ခွင့် ရရုံနဲ့ပဲ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

(၂) လူသားတိုင်းက မပြီးပြည့်စုံနိုင်ဘူးဆိုတာကို သတိရပါ

man and success

Photo : Sky News

ယနေ့ခေတ်လို အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးမှာ သူ့ထက် ငါ အပြိုင်အဆိုင် ရှေ့ရောက်ချင်နေကြတာက ဆန်းတော့ မဆန်းပါဘူး။ ဒါပေမဲ့ လူသားတိုင်းက ပြီးပြည့်စုံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဘက်ဘက်က ပြီးပြည့်စုံနေမယ်ဆိုရင်တော့ လူသားတစ်ယောက်လို့တောင် မဆိုနိုင်တော့ပါဘူး။ ဒါ့ကြောင့် ပြီးပြည့်စုံ ဖို့ကို ကြိုးစားမယ့်အစား အကောင်းဆုံး ဖြစ်ဖို့ကိုသာ ကြိုးစားလိုက်ပါ။ အကောင်းဆုံးသော အရာတွေက ကွီးတို့ဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

(၃) အကောင်းမြင်စိတ် မွေးမြူပါ

နှစ် ပျင်း

Photo : Inc.

ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တတ်တဲ့ စိတ်က ကွီးတို့ရဲ့ အောင်မြင်မှုအတွက် အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာကို သိပါသလား။ ငါက ငပျင်း တစ်ယောက်ပဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေခြင်းကလည်း မကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အခြေအနေဆိုးကို တွန်းပို့နေမိတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်မယ့်အစား အကောင်းမြင်စိတ်ကလေးနဲ့ ပြောင်းမြင် ကြည့်လိုက်ပါ။ တစ်ရက်တာက ပိုမို လှပသွားမှာဖြစ်ပြီး ပိုမို ပျော်ရွှင်ရမှာပဲ ဖြစ်ပါတယ်။

(၄) လေနဲ့ပဲ အလုပ်လုပ်မနေပါနဲ့

နှစ် ပျင်း

Photo : Forbes

တချို့က အပြောပဲရှိပြီး လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းတတ် ကြပါတယ်။ ထိုအမျိုးအစားထဲမှာ ကွီးတို့ မပါဖို့ ဂရုစိုက်ရပါမယ်။ လေကြီး လေကျယ်တွေပဲ ပြောနေမယ့်အစား တိတ်တိတ်ဆိတ်ဆိတ် ကြိုးစားပြီး ကိုယ့်ရဲ့ အောင်မြင်မှုကိုသာ ချပြလိုက်ပါ။ ဒါမှသာလျှင် ဒီတစ်ယောက်က လေနဲ့ပဲ အလုပ်လုပ်နေတာ ဆိုတဲ့ ဝေဖန်မှုတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ရဲ့ အားသာချက်များကို အသုံးချပါ

နှစ် ပျင်း

Photo : HuffPost

ကိုယ့်ရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ ဆိုတာကို ခဏတဖြုတ်လောက် အချိန်ယူကာ စဥ်းစားကြည့်လိုက်ပါ။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး ဘာတွေ လုပ်နိုင်သလဲဆိုတာကို တွေးတောကြည့်ရင်း ကိုယ့်ရဲ့ အောင်မြင်မှုအတွက် လှေကားထစ်သဖွယ် အသုံးချရပါမယ်။ လေ့လာချက်များအရ ကိုယ့်ရဲ့ အားသာချက်တွေအပေါ် အာရုံစိုက် ထားမယ်ဆိုရင်တော့ ကောင်းတဲ့ ခံစားချက်များ ဖြစ်တည်လာမှာဖြစ်ပြီး အလုပ်လုပ်တဲ့ အခါမှာလည်း အလုပ်များများ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ်လို့ သိရှိရပါတယ်။

(၆) ကိုယ့်ကို အထင်မြင်သေးတာမျိုး မလုပ်ရပါဘူး

နှစ် ပျင်း

Photo : Forbes

တခြားသူတွေက ကွီးတို့ကို အထင်အမြင် သေးတာမျိုးတွေ ပြုလုပ်ပါလိမ့်မယ်။ သူတို့နဲ့ နှိုင်းယှဥ်ပြီး ကွီးတို့က ဘယ်လောက်ထိ လိုအပ်သေးကြောင်း၊ အားနည်းချက်တွေ ဘယ်လောက်များကြောင်း ဝေဖန် လေကန်ပါလိမ့်မယ်။ အဲ့လိုလူတွေကို အာရုံထဲတောင် မထားပါနဲ့။ ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူပါ။ လူတိုင်းက ကြီးပြင်းပုံချင်း မတူညီကြသလို ရရှိတဲ့ ကျောထောက် နောက်ခံချင်းလည်း ကွာခြားကြပါတယ်။ သူတို့ အထင်မြင် သေးတာကို လက်သင့်လည်း မခံပါနဲ့။ ဇယား အနောက်ခံပြီး စာရင်းထဲတောင် မထည့်ပါနဲ့။ ပြီးရင် နောက်ထပ် အရေးကြီးဆုံး တစ်ခုကတော့ ဘယ်သူတွေ ကိုယ့်ကို အထင်လာသေးသေး ၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေး မိဖို့ပါပဲ။ သူတို့ အထင်သေးတာကိုလည်း ဥပေက္ခာပြုထားပါ။ အဲ့လိုလူမျိုးတွေက ဥပေက္ခာ ပြုထားနိုင်မှသာ တော်ရာကျတာမျိုးပါ။

ကွီးတို့ရော ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဒီနှစ်ထဲမှာ ဘာတွေ ဘယ်လို လုပ်ဆောင်မယ်လို့ စဥ်းစားထားပါသလဲ။

Source : Healthline

Featured Photo : Hackspirit