နှလုံးရောဂါ ဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ အဖြစ်များပြီး သေဆုံးမှု အများဆုံး ရောဂါ တစ်ခု ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာတစ်ဝှမ်း နှစ်စဉ် လူပေါင်း ၈ သိန်းနီးပါး အထိ နှလုံးရောဂါနဲ့ နှလုံးဖောက်ခြင်း ရောဂါဝေဒနာတွေကို ခံစားနေကြ ရပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ်တွင်း သွေးကြောများ ပိတ်ဆို့ခြင်းကြောင့် နှလုံး ကြွက်သားတွေဆီကို သွေးစီးဆင်းမှု အားနည်းလာတဲ့ အခါမှာ နှလုံးဖောက်ခြင်း ဝေဒနာ ဖြစ်ပေါ်တတ်ပြီး ဒီရောဂါဟာ ကိုယ်တွင်း အင်္ဂါတွေကို ပြင်းထန်စွာ ပျက်စီးစေ နိုင်ပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ နှလုံးရောဂါ ရဲ့ ရှေ့ပြေး လက္ခဏာ တွေကို ကွီး တို့ ဂရုတစိုက် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ အခု ပြောပြပေး မှာကတော့  နှလုံးရောဂါ ရဲ့ အဖြစ်များဆုံး လက္ခဏာ တွေပဲ ဖြစ်ပါတယ်။

(၁) ရင်ဘတ်အောင့်ခြင်း

Photo : iStock

ရင်ဘတ် အောင့်ခြင်း ၊ မအီမသာ ဖြစ်ခြင်းတွေ ဟာ နှလုံးရောဂါ ရဲ့ သိသာ ထင်ရှားတဲ့ လက္ခဏာ တစ်ခုပါ။ နှလုံးနေရာ ကနေ အောင့်သလို ခံစားရမယ် ၊ ရင်ဘတ်ပေါ်ကို တစ်စုံတစ်ခုက တင်းကျပ်စွာ ဖိထားသလို ညှစ်ထားသလိုမျိုးတွေ ခံစားရ တက်ပါတယ်။ ရင်ဘတ်အောင့်တဲ့နာကျင်မှုဟာ တဖြည်းဖြည်းချင်း ခံစားရမှာဖြစ်ပြီး တစ်ခါအောင့်ပြီဆိုရင် များသောအားဖြင့် မိနစ် အနည်းငယ်လောက် ကြာတက်ပါတယ်။ နာကျင်မှုက ပျောက်သွားတာ ဒါမှမဟုတ် ပြေသွားပြီးမှ ပြန်ဖြစ်လာတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။

(၂) အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း

Photo : Medical News Today

အစာအိမ်နဲ့ ပတ်သတ်တဲ့ လက္ခဏာ တွေဟာလည်း နှလုံးရောဂါနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဥပမာ ပျို့ခြင်း၊ အော့အန်ခြင်း၊ ရင်ပူခြင်း နဲ့ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရတက်ပါတယ်။ အများစုကတော့ ဒီလို လက္ခဏာ တွေဟာ အစာအိမ်နဲ့ အူလမ်း ကြောင်းမှာ ပြဿနာ တစ်ခုခု ရှိတာကြောင့်လို့ ထင်မှတ်မှားမိကြပါတယ်။ တကယ်တော့ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း ပျို့အန်ခြင်းတွေနဲ့ အတူ ရင်ဘတ်အောင့်တဲ့ ဝေဒနာပါ ခံစားနေရပြီ ဆိုရင်တော့ ဒါဟာ အစာအိမ်ရောဂါ သက်သက် မဟုတ်တော့ပဲ နှလုံးရောဂါ နဲ့ ပါ ဆက်စပ်မှု ရှိနေနိုင်တယ် ဆိုတာကို သတိပြု မိဖို့ လိုပါတယ်။

(၃) လည်ချောင်း သို့မဟုတ် မေးရိုးနာခြင်း

Photo : Verywell Health

တစ်ရံတစ်ရံ အအေးမိ ဖျားနာခြင်း ဒါမဟုတ် မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းတွေကြောင့် လည်ချောင်း သို့မဟုတ် မေးရိုးနာကျင်တဲ့ ဝေဒနာ ခံစား ရတက်ပါတယ်။ ဒါပေမယ့် ဖျားတာ နာတာမျိုးလည်း မရှိဘူး ၊ ထိခိုက်မိတာမျိုးလည်း မရှိပဲ လည်ပင်း ၊ လည်ချောင်း နဲ့ မေးရိုးတွေ နာပြီး ရင်ဘတ်အောင့်တဲ့ဝေဒနာတွေကိုပါ ခံစားနေရပြီ ဆိုရင်တော့ ပေါ့ပေါ့ဆဆ မနေသင့်တော့ပါဘူး။ ဘာလို့ဆို တချို့သော နှလုံးရောဂါ ခံစားနေရသူတွေမှာ လည်ချောင်း နဲ့ မေးရိုးတွေ နာကျင်ခြင်းနဲ့အတူ ရင်ဘတ်အောင့်တဲ့ ဝေဒနာကိုပါ ခံစားကြရတာ ဖြစ်ပါတယ်။

(၄) လက်မောင်း အောင့်ခြင်း

Photo : Medical News Today

နှလုံးရောဂါ နဲ့ ပတ်သတ်ပြီး မပေါ့ဆသင့်တဲ့ နောက်ထပ် လက္ခဏာ တစ်ခုကတော့ လက်မောင်း နာကျင်ခြင်း သို့မဟုတ် လက်မောင်းအောင့်ခြင်း ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။ နှလုံးရှိတဲ့ ဘယ်ဘက်ရင်ဘတ် နေရာကနေ စူးပြီးအောင့်တဲ့ ဝေဒနာဟာ လက်မောင်းအထိ ပျံ့နှံ့သွားပြီး ဘယ်ဘက် လက်မောင်းမှာပါ နာကျင်မှုကို ခံစားရစေတာ ဖြစ်ပါတယ်။

(၅) ခေါင်းမူးခြင်း မူးဝေခြင်း

Photo : Men’s Health

ခေါင်းမူတာ မူးဝေတာတွေဟာ သာမန် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာ‌ရေး ပြဿနာ တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအရင်း တစ်စုံတစ်ရာ မရှိပါပဲ ရုတ်တရက် ခေါင်းမူးတာ မူးဝေသလို ခံစားနေရတယ် ဆိုရင်တော့ ဒါဟာ နှလုံးရောဂါရဲ့ ရှေ့ပြေး အချက်ပြ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ ဦးနှောက်ရဲ့ သွေးစီးဆင်းမှုအတွက် နှလုံး ကနေ လုံလောက်တဲ့ သွေး ညှစ်ထုတ်နိုင်စွမ်း မရှိတဲ့အခါ ခေါင်းမူးခြင်း မူးဝေခြင်း ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။

(၆) ပင်ပန်းနွမ်းနယ်ခြင်း

Photo : Business Insider

အရင်က ပုံမှန်လုပ်နေကျ လှုပ်ရှားမှုလေးတွေဟာ အခုချိန်မှာ ကွီး တို့အတွက် အရမ်းကို ပင်းပန်းနွမ်းနယ်နေစေတယ် ၊ နည်းနည်းလောက် လှုပ်လှုပ်ရှားရှား လုပ်လိုက်တာနဲ့ အလွယ်တကူပဲ မောပန်းနွမ်းနယ် နေတယ်ဆိုရင်တော့ ဒါဟာ နှလုံးရောဂါ ရဲ့ ရှေ့ပြေး လက္ခဏာ ကို ပြနေတာ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ ခံစားနေရပြီဆိုရင် အချိန်တိုင်းဟာ မောပန်းခြင်း ပင်ပန်းနွမ်းနယ် ခြင်းတွေ ခံစားနေရမှာ ဖြစ်သလို အသက်ရှုကြပ်တာ ၊ ကိုယ်လက် မအီမသာ ခံစားရတာ ၊ ညဘက်အိပ်မပျော်တာ နဲ့ အိပ်ပျော်နေတုန်း ရုတ်တရက် နှလုံးအရမ်းခုန်ပြီး လန့်နိုးလာတာမျိုးတွေ ခံစားရ နိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေကတော့ နှလုံးရောဂါ ရဲ့ အဖြစ်များတဲ့ လက္ခဏာ တွေပဲ ဖြစ်ပါတယ်။ ကွီး တို့ အနေနဲ့ ဒီလို လက္ခဏာ တွေခံစားနေရပြီဆိုရင်  လျစ်လျူရှု့ မထားပဲ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ဆွေးနွေးပြီး စစ်ဆေးမှု ခံယူဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Vista Create