နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးနှင့် မညီတဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ လူတိုင်းနားလည်ကြပါတယ်။ ဒါပေမယ့် ကွီးတို့ မသိနိုင်တဲ့ နှလုံး ရောဂါဖြစ်စေတဲ့ ထူးခြားဆန်းကြယ်တဲ့ အရင်းအမြစ်တွေ အများကြီးရှိပါတယ်။ ဒီလို အကြောင်းအချက်တွေကို သိထားဖို့ လိုပါတယ်။ ဒါမှလည်း ကွီးရဲ့ နှလုံး ကျန်းမာရေး အတွက် ဆောင်ရန် ရှောင်ရန်တွေကို သိပြီး ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မှာပါ။

သွားနှင့်ခံတွင်းပြဿနာများ

နှလုံး ကျန်းမာရေး

Photo : Cotton Creek

နေ့တိုင်း သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက် တွန်းအားတွေ လိုအပ်နေလား။ သွားဖုံးရောဂါရှိသူတွေမှာလည်း နှလုံးရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း တင်ပြထားတာမျိုး မရှိပေမဲ့ အချို့သော ကျွမ်းကျင်သူများက သွားဖုံးမှ ဘက်တီးရီးယားများက သွေးကြောထဲသို့ ရွေ့လျားနိုင်ပြီး သွေးကြောများ ရောင်ရမ်းခြင်းနှင့် အခြားသော နှလုံးပြဿနာများကို ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။ သွားဆရာဝန်ထံ ၆ လတစ်ကြိမ် သွားရောက်ပါ။ သွားဖုံးတွင် အနီစက်တွေတွေ့တာ သို့မဟုတ် နာကျင်တာသို့မဟုတ် သွားများ ပြောင်းလဲသွားပါက ချက်ချင်းကုသမှု ခံယူပါ။

အလုပ်ချိန်

နှလုံး ကျန်းမာရေး

Photo : Testosterone Centers

ညဘက် သို့မဟုတ် ပုံမှန်မဟုတ်သော အလုပ်ချိန်များတွင် အလုပ်လုပ်ခြင်းက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတယ်လို့ Canada နိုင်ငံ Western University မှ မကြာသေးမီက လေ့လာမှုတစ်ခုအရ သိရပါတယ်။ ညအချိန် အလုပ်သည် ခန္ဓာကိုယ်ရဲ့ အိပ်ခြင်းနှင့်နိုးခြင်းကို ထိန်းညှိပေးသည့် အတွင်းပိုင်းသဘာဝဖြစ်စဉ် Circadian Rhythm ကို ဆိုးရွားစွာ သက်ရောက်မှုရှိပြီး နှလုံး ကျန်းမာရေး ကို ထိခိုက်စေသည်ဟု သုတေသီများက ယူဆကြပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ နေ့ဘက်ပုံမှန်အလုပ်မျိုး မဟုတ်ဘူးဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချနိုင်ဖို့ ကျန်းမာရေးကို ပိုလိုက်စားဖို့ လိုပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုများ

နှလုံး ကျန်းမာရေး

Photo : Drive-My.com

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကွီးတို့ ဒေါသထွက်ဖူးကြ၊ စိတ်တိုဖူးကြမှာပါ။ ကားပိတ်တာကြောင့် ဖြစ်စေတဲ့ စိတ်ဖိစီးမှုကလည်း မသေးပါဘူး။ ယာဉ်ကြော ပိတ်ဆို့မှုတွင် တစ်နာရီကြာလောက် ဖြစ်ချိန်မှာ နှလုံးဖောက်ခြင်းဖြစ်နိုင်ခြေ ပိုများတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ သုတေသနတွေက ပြောကြပါတယ်။ အဝေးပြေးလမ်းမှာ ကြုံရတဲ့ ဆူညံသံလိုမျိုး မြင့်မားတဲ့ အသံပမာဏဟာ နှလုံးရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။ အလျင်စလိုအချိန်အတွင်း ခရီးသွားရတာကို ရှောင်လွှဲလို့ မရဘူးဆိုရင် အပန်းဖြေသီချင်းနားထောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။ သို့မဟုတ် ခရီးနဲ့ပတ်သက်ပြီး အခြားသူများနဲ့ စကားပြောခြင်းဖြင့် ဖိစီးမှုကို ဖြေလျှော့ပါ။

ဟောက်ခြင်း

နှလုံး ကျန်းမာရေး

Photo : Penn Medicine

ကွီးရဲ့သူငယ်ချင်း သို့မဟုတ် တစ်ဦးဦးက ကွီးကို အိပ်နေစဉ် ပုံမှန်ဟောက်တယ်လို့ ပြောပြီဆိုရင် ဒါကိုအလေးထားပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အသက်ရှူကျပ်ခြင်းဟုခေါ်သော ပြင်းထန်သောအခြေအနေတစ်ခု ရှိနေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ထားတဲ့အခါ အသက်ရှူ ခေတ္တရပ်သွားသည့်အခါ ဖြစ်ပွားနိုင်ပါတယ်။ အဆိုပါရောဂါက သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးခုန်ရပ်ခြင်းတို့နှင့် ဆက်စပ်နေပါတယ်။ ကုသမှုများက အသက်ရှုရလွယ်ကူစေပြီး နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ကောင်းကောင်းအိပ်မပျော်တာ

Heart disease risk

Photo : New Jersey Sleep Apnea

တစ်ညကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ချိန် ၆ နာရီအောက်သာ ရှိနေတဲ့ သူတွေမှာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါက အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း တိုးစေပါတယ်။ ဒီအချက်နှစ်ခုလုံးက ကွီးတို့ရဲ့နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ တစ်နေ့တာလုံး အိပ်သင့်တယ်လို့ မဆိုလိုပါဘူး။ တစ်နေ့တာလုံး (၉) နာရီထက်ပိုပြီး အိပ်နေမယ်ဆိုရင်လည်း နှလုံး ကျန်းမာရေး ကို ထိခိုက်စေတဲ့ အဓိကအန္တရာယ်များဖြစ်တဲ့ ဆီးချိုရောဂါနှင့် လေဖြတ်နိုင်ခြေများ တိုးလာပါလိမ့်မယ်။ ဦးနှောက်၊ ခန္ဓာကိုယ်နှင့် နှလုံး ကျန်းမာရေးအတွက် တစ်ညလျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်ဖို့ လုပ်ဆောင်ပါ။

အထီးကျန်မှု

Heart disease risk

Photo : WallpaperUP

ချစ်ခင်ရသူတွေနဲ့ အချိန်ဖြုန်းတဲ့အခါ စိတ်ဖိစီးမှုကို တားဆီးပေးပြီး တက်ကြွလန်းဆန်းမှု ရှိစေပါတယ်။ အထီးကျန်သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ အကယ်၍ ကွီးတို့အနေနဲ့ မိသားစု သို့မဟုတ် ရင်းနှီးသောသူငယ်ချင်းများနှင့် အတူရှိမနေခဲ့ရင် ၊ လိုအပ်နေသူကို ကူညီခြင်း သို့မဟုတ် ခွေး သို့မဟုတ် ကြောင်မွေးခြင်းကလည်း ကွီးတို့ရဲ့ အထီးကျန်မှုကို လျော့ကျစေပါတယ်။

ဗိုက်အဆီတက်ခြင်း

Heart disease risk

Photo : Pond 5

ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုခြင်းဟာ ကွီးတို့ရဲ့ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်အဆီများခြင်း တနည်းခါးတုတ်ခြင်းက ပို၍ အန္တရာယ်ရှိပါတယ်။ ဝမ်းဗိုက်အဆီတက်ခြင်းက ခန္ဓာကိုယ်မှ ဟော်မုန်းများနှင့် သွေးဖိအားကို မြှင့်တက်စေတဲ့ အခြားဓာတုပစ္စည်းများကို ဖြစ်လာဖို့ရန် တွန်းအားပေးနိုင်ပြီး သွေးကြော များနှင့် ကိုလက်စထရောအဆင့်များအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိစေပါတယ်။ အကယ်လို့ ခါးလုံးပတ်လက်မ (၄၀) ကျော်နေပြီဆိုရင် ကွီးအနေနဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ယောဂကျင့်ခြင်းနှင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို အချိန်တို လုပ်ခြင်းက ဗိုက်အဆီလျှော့ကျခြင်းအတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ နှလုံး ကျန်းမာရေး ကို ထိခိုက်စေတဲ့ ကွီးတို့ သတိမထားမိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ဒီအချက်တွေထဲက ဘယ်နှစ်ချက်လောက်များ လုပ်မိနေပါသလဲ။

Source : WebMD

Featured Photo : Hindustan Times