နှလုံးဟာ လူခန္ဓာကိုယ် အသက်ရှင်ဖို့အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါပြီး ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်မှာပါ။ နှလုံးမကျန်းရင် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ရုံသာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း ထိခိုက်စေပါတယ်။ တချို့အခြေအနေများကို ပေါ့ပေါ့လေး ထင်နေရင် ကွီးတို့ နှလုံး ကို ဒဲ့ ထိမှာပါ။
နှလုံးအခြေအနေ မတည်ငြိမ်ရင် သို့မဟုတ် နှလုံးမကောင်းရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုမဝခြင်း၊ ခံနိုင်ရည်မရှိခြင်းစတဲ့ ယေဘုယျအခြေအနေများအပြင် ဆိုးဝါးသော ကျန်းမာရေးပြဿနာများ ဖြစ်တတ်ပါတယ်။ ကွီးတို့ နှလုံးက ကျန်းမာနေသလား မကျန်းမာဘူးလားဆိုတာကို အခုဖော်ပြပေးမယ့် အချက်များကို ချိန်ဆကြည့်လိုက်ပါ။
အခုဖော်ပြပေးမယ့် အခြေအနေများကို အမြဲဆိုသလို ကြုံတွေ့နေတတ်ပြီဆိုရင်တော့ ကွီးတို့ နှလုံး ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ဖို့ပဲ အကြံပေးချင်ပါတယ်။
မကြာခဏဆိုသလို ခေါင်းမူး ခေါင်းကိုက်နေပြီလား
မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေအပြင် အထူးသဖြင့် နှလုံးပြဿနာများနဲ့ ခံစားရပါက ဦးနှောက်က သွေးလုံလောက်စွာ မရရှိကြောင်း ညွှန်ပြတာမျိုး ဖြစ်နိုင်ပါတယ်။ မူးဝေခြင်းက မူမမှန်ခြင်း၊ နှလုံးထိခိုက်ခြင်း သို့မဟုတ် Aortic Stenosis ကဲ့သို့ နှလုံးအဆို့ရှင်ပြဿနာ ဖြစ်နိုင်ခြေကို ပြသနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မပေါ့ဆသင့်ပါဘူး။ အခြားနှလုံးရောဂါ လက္ခဏာများနှင့်အတူ မူးဝေခြင်းကို ခံစားရပါက အမြန်ဆုံး အရေးပေါ်ပြသရန် လိုအပ်ပါတယ်။
အလွန်အမင်း ချွေးထွက်နေပါသလား
ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊ လှုပ်ရှားမှုများများ ပြုလုပ်ခြင်းနဲ့ ရာသီဥတု စတာတွေကြောင့် မဟုတ်ဘဲ ပုံမှန်ထက်ပိုပြီး ချွေးထွက်ပါက ခန္ဓာကိုယ်အတွက် ဖိစီးမှု လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အကယ်၍ ကွီးတို့က ရုတ်တရက် ချွေးထွက်ခြင်း သို့မဟုတ် ချွေးအေးထွက်ခြင်းတို့ကို ခံစားရပါက နှလုံးဖောက်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ လက်၊ လည်ပင်း၊ မေးရိုး သို့မဟုတ် ရင်ဘတ်တွင် မသက်မသာဖြစ်စေသော ချွေးများထွက်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်းတို့ ဖြစ်ပေါ်ပါက နှလုံးသွေးကြောကျဉ်းရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်တာကြောင့် အလေးအနက်ထားသင့်ပါတယ်။ ဒီလို အခြေအနေမျိုးတွေ ခံစားရပါကလည်း အမြန်ဆုံးနီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက် ကုသမှုခံယူပါ။
ညဘက် အိပ်စက်နေချိန်မှာ အမြဲဆိုသလို လန့်နိုးနေတတ်ပါသလား
ကွီးတို့ ညဘက်အိပ်ပျော်နေစဉ် အသက်ရှုကျပ်သလို ခံစားရပြီး နိုးလာတာမျိုး ရှိပါသလား။ အိပ်မပျော်ရင် အသက်ရှူကျပ်ခြင်းက ညဘက်မှာ သွေးထဲမှာ အောက်ဆီဂျင်ကို အကြိမ်ပေါင်းများစွာ ကျဆင်းစေတဲ့အတွက် ခန္ဓာကိုယ်ကို ဖိစီးမှုဖြစ်စေ နိုင်ပါတယ်။
ဒါ့အပြင် သာမာန်အနေအထားပင် ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ အသက်ရှုရန် အိပ်ပျော်နေစဉ် အသက်ရှူရန် ရုန်းကန်ရခြင်းကြောင့် နှလုံးကို ပျက်စီးစေပါတယ်။ ဒီလို အခြေအနေမျိုး ကွီးတို့ ခံစားဖူးပါသလား။ ဒါဆိုရင်တော့ နှလုံးမှာ ပြဿနာတစ်ခုခုရှိတာ ဖြစ်နိုင်ပါတယ်။ မကုသဘဲ ထားလိုက်ပါက နှလုံးခုန်နှုန်းမမှန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးဖောက်ခြင်းနှင့် နှလုံးခုန်ရပ်ခြင်းကဲ့သို့သော နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အခုဖော်ပြပေးသွားတဲ့ အခြေအနေတွေက သာမန်ဖြစ်စဥ်ပါပဲလို့ ကွီးတို့ ပေါ့ပေါ့လေး တွေးနေမယ်ဆိုရင်တော့ ကွီးတို့ နှလုံး က ဒဲ့ ကို ထိခိုက်ပျက်စီးသွားမှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကွီးတို့ အနေနဲ့ ကိုယ့် နှလုံးကို မပျက်စီးအောင် ကျန်းမာနေအောင် သေချာဂရုစိုက်သင့်ပါတယ်။
Source : Webmd
Featured Photo : Naturemade