ကွီးတို့ရဲ့ နှုတ်ခမ်း သားတွေသည် ဘာ့ကြောင့် ခြောက်သွေ့ရသလဲဆိုတာကို ကွီး တို့ သိကြပါသလား။

ဒီလိုမျိုး နှုတ်ခမ်း သားတွေ ခြောက်သွေ့ကာ နှုတ်ခမ်းအမြဲတမ်းကွာတတ်လို့ စိတ်ညစ်နေတဲ့ ကွီး တို့အတွက် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။

နှုတ်ခမ်း သား ခြေက်သွေ့ရခြင်းရဲ့ အဓိကတရားခံကတော့ ရေဓာတ်ခမ်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ရေသောက်နည်းခြင်းကြောင့် နှုတ်ခမ်းသားများ ခြောက်သွေ့ရတာပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ နူးညံ့စိုပြေတဲ့ နှုတ်ခမ်းသားတစ်စုံ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို လိုက်နာကျင့်သုံးသင့်ပါတယ်။

ရေများများသောက်ပါ

lip care for kwee

ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ အမျိုးသားများအနေနဲ့ တစ်နေ့လျှင် ရေ နှစ်လီတာခန့် (ရေသန့်ဘူးကြီး နှစ်ဘူးစာ) သောက်သုံးသင့်တာဖြစ်ပါတယ်။ ဒါမှ ခန္ဓာကိုယ်က လုံလောက်တဲ့ ရေဓာတ်ကို ရရှိမှာဖြစ်ပြိး နှုတ်ခမ်းသားသည်လည်း အစိုဓာတ်အပြည့်ရကာ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကလည်း ပိုမိုငယ်ရွယ်နုပျိုသယောင် မြင်တွေ့ရမှာဖြစ်ပါတယ်။

သွားတိုက်တံအသုံးပြုပါ

lip care for kwee

ညအိပ်ရာဝင်ခါနီးမှာ ကွီးတို့ရဲ့ နှုတ်ခမ်းသားပေါ်သို့ Vaseline နှုတ်ခမ်းနီအဆီလေး လိမ်းကျံကာ အိပ်ရာဝင်လိုက်ပါ။ မနက်နိုးလာလို့ သွားတိုက်ပြီးတဲ့အခါ ကိုယ့်ရဲ့ သွားတိုက်တံဖြင့် နှုတ်ခမ်းသားအပေါ်သို့ ခပ်ဖွဖွလေး ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ နူးညံ့စိုပြေတဲ့ နှုတ်ခမ်းသားတစ်စုံ ပိုင်ဆိုင်တဲ့ ကွီး တစ်ယောက်ဖြစ်သွားပါပြီ။

မီးဖိုချောင်ရှိ ပစ္စည်းများကို အသုံးပြုပါ

နှုတ်ခမ်း ကွီး

Photo: Suburban Simplicity

ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် နှုတ်ခမ်းပေါ်သို့ ၁ မိနစ်မှ ၂ မိနစ်ခန့် သုတ်လိမ်းကာ ပွတ်တိုက်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်မှ ရေဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ နူးအိတဲ့ နှုတ်ခမ်းသားတစ်စုံပိုင်ဆိုင်သွားပါပြီ။

ပျားရည်နှင့် သကြားကို မသုံးချင်ဘူးဆိုရင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့်တွဲဖက်အသုံးပြုပါ။ ဒါမှမဟုတ် ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇန်းကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် တွဲဖက်အသုံးပြုပါ။ ဒါမှမဟုတ် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရှားစောင်းလက်ပတ်ဂျယ်လ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် တွဲဖက်အသုံးပြုနိုင်ပါတယ်။

အထက်ဖော်ပြပါ Lip Scrub နည်းလမ်းက အလုပ်ရှုပ်တယ်ဆိုရင်

နှုတ်ခမ်း ကွီး

SPF ပါဝင်တဲ့ Lip Balm မျိုးကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အပြင်ထွက်ခါနီးမှာပဲဖြစ်ဖြစ် အိမ်မှာနေတဲ့အချိန်မှာပဲဖြစ်ဖြစ် လိမ်းကျံပေးလိုက်ပါ။

နှုတ်ခမ်းကိုက်ခြင်း၊ နှုတ်ခမ်းကို တံတွေးဖြင့် မကြာခဏ ဆွတ်ခြင်းတို့ကို ရှောင်ကြဉ်ပါ

နှုတ်ခမ်း ကွီး

ရေသောက်နည်းတော့ နှုတ်ခမ်းက ခြောက်တယ်၊ နှုတ်ခမ်း ခြောက်တာကိုမှ တံတွေးနှင့် မကြာခဏ သွားဆွတ်နေမိမယ်ဆိုရင် နှုတ်ခမ်းပိုခြောက်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအကျင့်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Source: Siobeauty

Featured Image: Globalspaonline