မုတ်ဆိတ်မွှေး နှုတ်ခမ်း မွှေး တွေ အရှည် ထားချင်ပေမယ့် ဘယ်ကနေဘယ်လို စထားရမှန်း မသိဘူးဖြစ်နေတဲ့ ကွီးတို့အတွက် ဒီဆောင်းပါးလေးက ကူညီပေးပါလိမ့်မယ်။

နှုတ်ခမ်း မွှေး အရှည် နဲ့ ဘောလိဝုဒ် မင်းသားကြီးတစ်လက်လို အထာကျတဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း အဆင့်ဆင့်က ကွီးတို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

အဆင့် (၁) မုတ်ဆိတ်မွှေးများ နှုတ်ခမ်းမွှေးများ ညှပ်တာ ရိတ်တာကို ခဏ ရပ်ထားပါ

man shaving

ကွီးတို့က အရှည်ထားချင်တယ်ဆိုရင်တော့ မုတ်ဆိတ်မွှေးများ နှုတ်ခမ်းမွှေးများ ညှပ်တာ ရိတ်တာကို ခဏ ရပ်ထားဖို့ လိုအပ်ပါတယ်။ ပျမ်းမျှအားဖြင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများသည် တစ်လလျှင့် လက်မဝက်ခန့်သာ ရှည်ကြတာပါ။ ဒါ့ကြောင့် ကွီးတို့ရဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးကို အရှည်ထားချင်တယ်ဆိုရင် ၃ လကနေ အနည်းဆုံး တစ်နှစ်အထိ အချိန်ပေးဖို့ လိုအပ်ပါတယ်။

အဆင့် (၂) မုတ်ဆိတ်မွှေးများ၊ နှုတ်ခမ်းမွှေးများ သန်ပြီး နူးညံ့ပျော့ပျောင်းနေအောင် ပြုလုပ်ပါ

နှုတ်ခမ်း မွှေး အရှည်

၃ လ ကနေ တစ်နှစ်အထိ စောင့်ဆိုင်းနေတဲ့အချိန်မှာ ကွီးတို့ရဲ့ မုတ်ဆိတ်မွှေးများ၊ နှုတ်ခမ်းမွှေးများကို ဒီအတိုင်း ပစ်မထားရပါဘူး။ အမွှေးသန်ပြီး နူးညံ့နေအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သံလွင်ဆီလို သဘာဝအဆီများ အသုံးပြုပါ။ အမွှေးအောက် အသားအရေများ ကြမ်းတမ်းမနေအောင်လည်း သေချာ ထိန်းသိမ်းဖို့ လိုအပ်ပါသေးတယ်။ အချို့ကတော့ Moisturizer များကို အသုံးပြုကာ နူးညံ့အောင် ပြုလုပ်လေ့ရှိပါတယ်။

အဆင့် (၃) မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ဖြီးတဲ့ ဘီးဖြင့် နေ့စဥ် သန့်ရှင်းရေး လုပ်ပါ

နှုတ်ခမ်း မွှေး အရှည်

နေ့စဥ် ဘီးဖြင့် သန့်ရှင်းရေး ပြုလုပ်ဖို့ကတော့ ပထမ ဦးစားပေးပါပဲ။ ဘီးကို ကွာလတီကောင်းတဲ့ ဘီးမျိုး ဦးစားပေးကာ ဝယ်ယူသင့်ပါတယ်။ ဒါမှသာလျှင် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများအတွက် သင့်တော်ပြီး အရှည်ထားတဲ့ အခါမှာလည်း ကွီးတို့ လိုချင်တဲ့ အနေအထားကို ရရှိနိုင်အောင် ကူညီပေးနိုင်ပါတယ်။

အဆင့် (၄) မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Shampoo တွေကို နေ့စဥ် အသုံးပြုပါ

နှုတ်ခမ်း မွှေး အရှည်

ကွီးတို့ရဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်း မွှေး များကို အရှည် ထားချင်တယ်ဆိုရင် Shampoo နဲ့ တစ်ပတ်လျှင် သုံးခါလောက် သေသချာချာ ဆေးကြောပေးဖို့ကတော့ လိုအပ်လာပါပြီ။ ဒါနဲ့တင် မပြီးသေးပါဘူး။ အမွှေးအမျှင်များ နူးညံ့ပျော့ပျောင်းနေအောင် သေချာ ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။ စိတ်ရှည်ပြီး သေချာ အချိန်ပေးနိုင်မှသာလျှင် လိုက်လုပ်ဖို့ အကြံပေးချင်ပါတယ်။

ဘယ်လိုလဲ ဒါတွေဖတ်သွားပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ အရှည်ထားချင်စိတ် ကုန်ခမ်းသွားပြီလား။

Source: Sg.braun.com

Featured Image: Brickellmensproducts