ကွီးတို့ ကလေးဘဝတုန်းက အမိုက်စား အိုက်တင်နဲ့ သရုပ်ဆောင်တတ်တဲ့ Johnny Depp ရဲ့ ဂျက်စပဲရိုး ဇာတ်ကားကို နှစ်ခြိုက်စွဲလမ်းစွာ ကြည့်ဖူးကြမှာပါပဲ။ အဲ့ဒီလိုမျိုး ဂျက်စပဲရိုးလို ပင်လယ် ဓားပြလုပ်ရင်း စွန့်စားခန်း တွေ ဖွင့်ချင်တဲ့ ကွီးတို့အတွက် ဆော့ကစားနိုင်တဲ့ ဂိမ်းအချို့ရှိပါတယ်။

ဘယ်လိုဂိမ်းတွေက ပင်လယ် ဓားပြလုပ်ရင်း စွန့်စားခန်း ဖွင့်ကာ ဆော့ကစားနိုင်မလဲဆိုတာကို သိချင်ပါသလား။

(၁) Grog’n Glory

Grog’n Glory

Photo: Linkedin.com

အက်ရှင်ဂိမ်းတစ်မျိုးဖြစ်တာကြောင့် အက်ရှင်ဂိမ်းတွေကို နှစ်ခြိုက်စွာ ဆော့ကစားတဲ့ ကွီးတို့အတွက် အကြိုက်တွေ့မယ့် ဂိမ်းအသစ်တစ်မျိုးပဲဖြစ်ပါတယ်။ Gaming Bug ကနေပြီးတော့ တီထွင်ကာ ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

(၂) Smugglers of Cygnus

Smugglers of Cygnus

Photo: Longplaygames

ဒီဂိမ်းကကျတော့ ဓားပြတော့ ဓားပြပဲ ဒါပေမဲ့ ပင်လယ်ဓားပြ မဟုတ်တဲ့ အာကာသ ဓားပြပါ။ Cygnus လို့ခေါ်တဲ့ ဂလက်ဆီထဲမှာ စွန့်စားခန်း ဖွင့်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အာသာကာ ယာဥ်မှူးအဖြစ် ဆော့ကစားချင်သလား၊ ဒါမှမဟုတ် မှောင်ခိုသမားအဖြစ် ဆော့ကစားချင်သလား၊ ဒါမှမဟုတ် ဓားပြအဖြစ် ဆော့ကစားချင်သလား ကြိုက်သလို ရွေးချယ်နိုင်ပါတယ်။

(၃) Kraken Odyssey

ပင်လယ် စွန့်စားခန်း

Photo: Steampowered

ဒီဂိမ်းကတော့ ပင်လယ် အငွေ့အသက်၊ တောင်တန်း အငွေ့အသက်များနဲ့ အက်ရှင် အငွေ့အသက်တို့ကို ပေါင်းစည်းထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အန္တရာယ် အတားအဆီးများကို ကျော်ဖြတ်ပြီး နိုင်ပွဲတွေ ဆွတ်ခူးရရှိအောင် ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။

(၄) Cursed Crew

ပင်လယ် စွန့်စားခန်း

Photo: Steampowered

ကျိန်စာသင့်နေသော သင်္ဘောအဖွဲ့သား ဆိုပြီး အမည်ပေးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကွီးတို့က ထိုဂိမ်းထဲမှာ ဆော့ကစားပြီး အရိုင်းဆန်တဲ့ ပင်လယ်ပြင်ထက်မှာ ရွက်လွှင့်ရမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ကပ္ပတိန်က အမိန့်အော်ဒါများ တစ်ခုပြီး တစ်ခုထုတ်ကာ ကွီးတို့က ကြမ်းတမ်းတဲ့ လှိုင်းလေကြားထဲမှာ ရှင်သန်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

(၅) Boaty Tanks

ပင်လယ် စွန့်စားခန်း

Photo: Nintendo

သင်္ဘောသေးသေးလေးကို ကွီးတို့က ထိန်းချုပ် မောင်းနှင်ရမှာဖြစ်ပြီး ထိုသင်္ဘော သေးသေးလေးကနေ လက်နက်အများအပြား တပ်ဆင်ထားတဲ့ သင်္ဘောတစ်စီး အသွင်ဖြစ်သွားအောင် ဆော့ကစားရမှာ ဖြစ်ပါတယ်။ ရန်သူများကို အပီအပြင် ချေမှုန်းပြီး အနိုင်ရအောင် ဆော့ကစားရမှာဖြစ်ပါတယ်။

(၆) Party Pirates

ပင်လယ် စွန့်စားခန်း

အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်က ထူးဆန်းတဲ့ သားရဲကောင်ကြီးများနဲ့ ဖိုက်တင်ပလေးရမှာဖြစ်ပြီး ဆိပ်ကမ်းတစ်ခုကနေ တစ်ခု ကူးသန်းသွားလာကာ ဆော့ကစားရမယ့် ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပင်လယ် ပြင်မှာ စွန့်စားခန်း ဖွင့်ရင်း အထာကျကျ ဂိမ်းဆော့ချင်တဲ့ ကွီးတို့အတွက်တော့ အလန်းစား ဂိမ်းတစ်ခုပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေကို ဆော့ကစားဖူးပါသလဲ။

Source: M.taptap.io

Featured Image: Gamesradar