မနက် မနက် အိပ်ရာထတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မနည်းထအောင် ခန္ဓာကိုယ်ကို အတင်းအကြပ် စေခိုင်းနေရပါသလား။ တစ်ခါတလေ ဖုန်းရဲ့ နှိုးစက်သံကို မကြားလို့ ရုံးနောက်ကျရတဲ့အဖြစ်မျိုးကို ကြုံတွေ့ဖူးပါသလား။ ဒါဆိုရင်တော့ ကွီးတို့ကို မနက်ခင်းတိုင်းမှာ ကောင်းမွန်စွာ နိုးထလာအောင် ကူညီပေးမယ့် ပစ္စည်း ကောင်း လေးတွေ လိုအပ်နေပါပြီ။

ရိုးရိုးနှိုးစက်တွေရဲ့ ခေတ်က ကုန်သွားပါပြီ။ ဒါ့အပြင် ထိုနှိုးစက်တွေက ကွီးတို့ မသိလိုက်တဲ့အချိန်မှာ ဓာတ်ခဲကုန်သွားတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့် စိတ်မချရပါဘူး။ စမတ်ဖုန်းတွေကိုလည်း နှိုးစက်အဖြစ်နဲ့ အသုံးပြုနိုင်ပေမယ့် ကွီးတို့လက်က စမတ်နာရီရဲ့ အလန်းအော်သံကို ဘယ်အချိန် ပိတ်လို့ ပိတ်မိမှန်းတောင် သိလိုက်တာ မဟုတ်ဘူးမလား။ ဒါ့အပြင် ကွီးတို့ အိပ်နေချိန်မှာ စမတ်ဖုန်းတွေကို အိပ်ရာနားမှာ ထားဖို့ မသင့်တော်ပါဘူး။ စမတ်ဖုန်းက ထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ကွီးတို့ အိပ်စက်နေချိန်မှာ ကွီးတို့ရဲ့ ဦးနှောက်ကို ကောင်းကောင်းကြီးကို ဒုက္ခပေးနေတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် နှိုးစက်အဖြစ် အသုံးပြုလို့ အကောင်းဆုံးကတော့ အခုဖော်ပြပေးမယ့် ပစ္စည်း ကောင်း များပဲဖြစ်ပါတယ်။

(၁) DreamSky Compact Digital Alarm Clock

DreamSky Compact Digital Alarm Clock

သူ့ရဲ့ ဒီဇိုင်းလေးကတော့ အနက်ရောင် ထောင့်မှန်စတုဂံပုံ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ သူ့မှာ USB အပေါက် နှစ်ပေါက် ပါဝင်ပြီး ဈေးနှုန်းကတော့ ၁၅ ဒေါ်လာသာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။ ဒီစမတ် ဒစ်ဂျစ်တယ် နှိုးစက်နာရီလေးက ဘယ်သူတွေအတွက် သင့်တော်သလဲဆိုရင် ဂဏန်းကြီးကြီးလေးကို မြင်ရမှ စိတ်ကျေနပ်တဲ့ကွီးတို့အတွက် သင့်တော်ပါပဲ။ သူ့အနောက်မှာ ကြိုးတပ်ပြီး သုံးရတာဆိုတော့ ပလပ်ပေါက်တပ်ပြီး သုံးရတာကို မမှုတဲ့ ကွီးတို့အတွက်လည်း သင့်တော်ပါတယ်။​

(၂) Lenovo Smart Clock Essential

Lenovo Smart Clock Essential

နောက်ထပ် ပစ္စည်း ကောင်းလေး တစ်ခုကတော့ Lenovo က ထုတ်တဲ့ Smart Clock Essential မော်ဒယ်ပဲဖြစ်ပါတယ်။ နေရာလည်း အများကြီး မယူတဲ့အပြင် Google Assistant ကလည်း Built-in ပါတဲ့အတွက်ကြောင့် ယနေ့ခေတ်နဲ့ အကိုက်ညီဆုံးပါပဲ။ ကွီးတို့ အသံနဲ့ စေခိုင်းလို့ရတာဆိုတော့ ခလုတ်တွေ လျှောက်နှိပ်ပြီး အလုပ်ရှုပ်ခံနေစရာ မလိုတော့ပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၈ ဒေါ်လာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

(၃) Loftie

ပစ္စည်း ကောင်း

ညဘက် အိပ်တဲ့အခါ အလင်း မှိန်ဖျော့ဖျော့လေးနဲ့လည်း အိပ်ချင်တယ်၊ မနက်နိုးလာတဲ့အခါမှာလည်း သာယာ နာပျော်ဖွယ်ကောင်းတဲ့ သဘာဝအသံလေးနဲ့ နှိုးထချင်တယ်၊ ပြီးတော့ ဖုန်းနဲ့လည်း ချိတ်ဆက်ထားလို့ရတဲ့ စမတ် နှိုးစက် နာရီတစ်လုံးကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီပစ္စည်းလေးကိုသာ ရွေးချယ်လိုက်ပါ။ ကွီးတို့ ရှာနေတဲ့ ဖန်ရှင်တွေ အကုန်လုံး ပါဝင်ပါတယ်။ အကောင်းစားလေးဆိုတော့ ဈေးနှုန်းက ၁၄၉ ဒေါ်လာလောက် ကုန်ကျသွားပါလိမ့်မယ်။​

(၄) Oct17 Wooden Alarm Clock

ပစ္စည်း ကောင်း

သူ့ရဲ့ ဒီဇိုင်းလေးကတော့ ခပ်ရှည်ရှည် ပိရမစ်ပုံ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ တမူထူးခြားတဲ့ သစ်သားပုံ ဒီဇိုင်းကြောင့်လည်း နန်းဆန်တဲ့ အငွေ့အသက်လေးကို ခံစားရမှာ ဖြစ်ပါတယ်။​ ကွီးတို့က နာရီ မျက်နှာပြင်ပေါ်က ဂဏန်းတွေကို ၁၀ စက္ကန့် ကြာတာနဲ့ အော်တိုပိတ်သွားအောင်လည်း ပြုလုပ်နိုင်ပါတယ်။ ပြန်ဖွင့်ချင်ရင်လည်း အလွယ်လေးပါပဲ။ နာရီရဲ့ မျက်နှာပြင်ကို ခပ်ဖွဖွလေး ထိကပ်လိုက်ရုံပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ သာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

(၅) Philips SmartSleep Wake-Up Light HF3520

ပစ္စည်း ကောင်း

ငှက်အော်သံနဲ့ မနက်ခင်းစောစောလေးကို ကျက်သရေ ရှိစွာ နိုးထချင်ပါသလား။ ဒါမှမဟုတ် သီချင်းသံ အကျယ်ကြီးတွေ ကြားမှ အိပ်ရာ နိုးတာမျိုးလား။ ဒါဆိုရင်တော့ ရွေးချယ်စရာ ဖန်ရှင်မျိုးစုံရှိတဲ့ ဒီအမျိုးအစားလေးကို ရွေးချယ်သင့်ပါတယ်။​ရေဒီယိုလည်း နားထောင်လို့ရသလို၊ ညဘက် အိပ်တဲ့အခါမှာလည်း မီးလုံး မှိန်ဖျဖျလေး ဖွင့်ထားလို့လည်း ရပါတယ်။ ဈေးနှုန်းကတော့ ၁၀၅ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဒီဇိုင်းတွေထဲက ဘယ်အမျိုးအစားကို သဘောကျနေပါသလဲ။

Source: Nytimes

Featured Image: Nytimes