ယနေ့ခေတ်မှာ အဆင့်မြင့် နောက်ဆုံးပေါ် ပစ္စည်းတွေက တစ်မျိုးပြီး တစ်မျိုး ထွက်ရှိလို့ လာခဲ့ပါပြီ။ ကွီးတို့ရဲ့ နေ့စဥ်ဘဝမှာ နောက်ဆုံးပေါ် အဆင့်မြင့် ပစ္စည်းတွေကို အသုံးပြုနေကြမယ် ဆိုတာလည်း ရဲရဲကြီး အာမခံရဲပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အဆင့်မြင့် ပစ္စည်း တွေကို သုံးနေပြီး နောက်ဆုံးပေါ် နည်းပညာတွေကို မသိ ရင်တော့ ခေတ် နောက်ကျ သွားမှာ အသေအချာပါပဲ။

အခုဖော်ပြမယ့် နည်းပညာများကတော့ လက်ရှိ ၂၀၂၄ ခုနှစ်ထဲမှာ ခေတ်စားနေတဲ့ နောက်ဆုံးပေါ် နည်းပညာများပဲ ဖြစ်ပါတယ်။

AI နဲ့ ပြုလုပ်ထားတဲ့ နည်းပညာများ

AI နဲ့ ပြုလုပ်ထားတဲ့ နည်းပညာများ

AI အသုံးပြုတဲ့ နည်းပညာများက လက်ရှိမှာ ခေတ်စားနေတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဓာတ်ပုံများ၊ ပုံရိပ်များ၊ ဗွီဒီယိုများ၊ သီချင်းများ အစရှိတာတွေကိုတောင် AI နဲ့ အသုံးပြုပြီး ဖန်တီးနိုင်နေပါပြီ။ စီးပွားရေး နယ်ပယ်ထဲမှာသာမက ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ နယ်ပယ်များထဲတွင်လည်း AI နည်းပညာကိုပါ အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။​ ကွီးတို့လည်း ဒီနည်းပညာကို ကွီးတို့ရဲ့ နေ့စဥ်ဘဝထဲမှာ အသုံးပြုနေမယ်ဆိုတာလည်း ခန့်မှန်းပြီးသားပါပဲ။

Quantum Computing

Quantum Computing

Quantum Computing ဆိုတာကတော့ ပရော်ဖက်ရှင်နယ်တွေ အသုံးပြုကြတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုတဲ့အခါမှာ လိုအပ်တဲ့ ဒေတာများ၊ သတင်းအချက်အလက် နည်းပညာများကို အချိန်တိုအတွင်းမှာ တွက်ထုတ် ရယူနိုင်မှာပဲ ဖြစ်ပါတယ်။​ လောလောဆယ်မှာတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာတွေထဲမှာ ဒီနည်းပညာကို အသုံးမပြုသေးပေမယ့် နောက်ပိုင်းမှာတော့ အသုံးပြုနိုင်မယ့် အလားအလာ ရှိပါတယ်။

5G တိုးချဲ့ခြင်း

ပစ္စည်း မသိ နောက်ကျ

လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်တုန်းက ကွန်ရက်ပိုင်းမှာဆိုရင် 2G ကွန်ရက်ကိုပဲ အသုံးပြု နိုင်ခဲ့ကြတာပါ။ တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာရာကနေ 3G ၊ ထိုကနေတဆင့် 4G စသည်ဖြင့် တစ်ဆင့်ထက် တစ်ဆင့် တိုးတက်လာတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း နှစ်တွေမှာတော့ ပိုမိုကောင်းမွန်ပြီး မြန်ဆန်တဲ့ 5G ကွန်ရက်များကို အသုံးပြုလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ထို 5G ကွန်ရက်နဲ့သာ ဆိုရင်တော့ ကွီးတို့သည် အင်တာနက် အသုံးပြုရာမှာသာမက ဒေါင်းလုတ်ခ်ချရာ၊ ဖုန်းပြောရာ အစရှိတဲ့ အသုံးပြုရာများတွင် ပိုမိုလျင်မြန်လာမှာပဲ ဖြစ်ပါတယ်။

မောင်းသူမဲ့ ယာဥ်များ

ပစ္စည်း မသိ နောက်ကျ

မောင်းသူမဲ့ ယာဥ်များသည် AI နည်းပညာများနဲ့ ဆင်ဆာတို့ကို အသုံးပြုကာ လူသားများ မပါဘဲနဲ့ ယာဥ်မောင်းနှင်နိုင်အောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ထိုမောင်းသူမဲ့ ယာဥ်များကို လက်ရှိအချိန်မှာတော့ ပြီးပြည့်စုံအောင် ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး အစ အလယ် အဆုံး ပြီးပြည့်စုံသွားရင်တော့ လေထု ညစ်ညမ်းမှုပိုလည်း လျော့ချနိုင်မယ့် အပြင် မတော်တဆမှုများ၊ ယာဥ်ကြော ပိတ်ဆို့မှုများကိုလည်း လျော့ချနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ကွီးတို့ရဲ့ ယာဥ်ကို မောင်းသူမဲ့ အဆင့်မြင့် ယာဥ်များအဖြစ် မပြောင်းလဲပစ်ချင်ဘူးလား။

ဘိုင်အို အဆင့်မြင့် နည်းပညာကို အသုံးပြုကာ စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုခြင်း

ပစ္စည်း မသိ နောက်ကျ

စိုက်ပျိုးရေး လုပ်ငန်းများတွင် Biotechnology နည်းပညာကို အသုံးပြုလိုက်မယ်ဆိုရင် စိုက်ပျိုးပင်များတွင် ကပ်ငြိနေတဲ့ ပိုးမွှားများကို အလွယ်တကူ ဖယ်ရှားနိုင်မှာဖြစ်ပြီး ဓာတုပစ္စည်းတွေ မသုံးဘဲနဲ့ လူသားများအတွက် အန္တာရယ်ကင်းကင်းနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးနိုင်တဲ့ အစားအစာများကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ နေ့စဥ်ဘဝမှာရော အဆင့်မြင့် ပစ္စည်း တွေကို သုံးတော့ သုံးနေပြီး အခုဖော်ပြသွားတဲ့ နည်းပညာ တွေကို မသိ ဘဲ ဖြစ်နေမယ်ဆိုရင်တော့ ခေတ် နောက်ကျ သွားမှာ အသေအချာပါပဲ။

Source: Simplilearn.com

Featured Image: Hotelpropertymanagement.wordpress.com