ပါးစပ်နဲ့ ချစ်တင်းနှောတာဟာ ချစ်သူစုံတွဲတွေကြား ပျော်ရွှင်မှု ၊ ရင်းနှီးမှု တိုးစေတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေမယ့် အခုမှစပြီး ပထမဆုံးအကြိမ် Try မယ့် ချစ်သူစုံတွဲတွေအတွက်တော့ အဆင်မပြေတာ ၊ သက်တောင့်သက်သာ မဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီး ပါတနာတွေမှာ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ မရှိတဲ့ ခံစားချက် ကြုံရနိုင်ပြီး ခံစားမှုကောင်းကောင်း မရတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုအခြေအနေကို ကျော်လွှားနိုင်ဖို့ ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူ ပါတနာကို ပထမဆုံးအကြိမ် ပါးစပ်နဲ့ပြုစုတဲ့အခါ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်။
(၁) ညင်သာသိမ်မွေ့တဲ့ အထိအတွေ့လေးတွေနဲ့ စတင်ပါ
Photo : Teen Vogue
စစချင်း ပါးစပ်နဲ့ ချစ်တင်းနှောတော့မယ်ဆိုရင် ခြေလှမ်းခပ်ကျဲကျဲ မသွားလိုက်ပါနဲ့။ သေချာအချိန်ယူပြီး တစ်ကွက်ချင်း ရွေ့သင့်ပါတယ်။ ညင်သာသိမ်မွေ့တဲ့ အထိအတွေ့လေးတွေနဲ့ စတင်မှသာ ရင်ခုန်စိတ်လှုပ်ရှားစရာ ပိုကောင်းမှာ ဖြစ်သလို ပါတနာရဲ့ လိင်စိတ်နိုးကြားမှုကို ဖြည်းဖြည်းချင်း နှိုးဆွပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) ရိုးရိုးနဲ့ ရှင်းရှင်းပဲ သွားပါ
Photo : Healthline
ကွီးတို့က သိုင်းတွေ အရမ်းကျွမ်းနေတယ် ဆိုရင်တောင် ကစားကွက်တွေ အများကြီး ထုတ်မသုံးသင့်ပါဘူး။ ရှုပ်ထွေးတဲ့ သိုင်းကွက်တွေနဲ့ မလိုအပ်ပဲ နည်းစနစ်တွေ အရမ်းအများကြီး သုံးလိုက်ရင် တစ်ဖက်ပါတနာမှာ ခံစားမှု ကောင်းကောင်းမရနိုင်တော့ပဲ စိတ်မသက်မသာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးရှင်းရှင်း ပုံမှန်လေးပဲ သွားပါ။
(၃) ချီးမွမ်းစကားလေးတွေ ပြောပေးပါ
Photo : Healthline
ပါးစပ်နဲ့ ချစ်တင်းနှောချိန်မှာ ချိုမြိန်တဲ့ အချစ်စကားလေးတွေနဲ့ ချီးမွမ်းစကား ပြောပေးတာဟာလည်း ခံစားမှုပိုကောင်းစေပြီး သင်နဲ့သင့်ပါတနာ နှစ်ဦးကြားမှာ ရင်းနှီးမှုကို ပိုမိုတိုးပွား စေပါလိမ့်မယ်။ ဥပမာအားဖြင့် သူမရဲ့ ပူစီလေးက ဘယ်လောက်ထိ စွဲဆောင်မှုရှိကြောင်း ၊ ကွီးတို့အနေနဲ့ ဘယ်လောက် ကြိုက်ကြောင်း စသည်ဖြင့် ချီးမွမ်းစကားလေးတွေ ပြောပေးပါ။
(၄) သူမရဲ့ အကြိုက်ကို မေးပါ
Photo : MedicalNewsToday
အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် နှစ်သက်မှုတွေ ၊ အကြိုက်တွေ မတူကြပါဘူး။ ကွီးတို့ရဲ့ ပြုစုမှုတိုင်းကို သူမအနေနဲ့ သဘောကျနိုင်တယ်လို့ မယူဆလိုက်ပါနဲ့။ ဘယ်အရာက သူမကို ခံစားမှု ပိုကောင်းစေလဲ ၊ ဘယ်လို အထိအတွေ့မျိုးကို ပိုပြီး ကြိုက်နှစ်သက်လဲဆိုတာ သိနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ ဒါမှသာ တစ်ယောက်ရဲ့ ဆန္ဒကို တစ်ယောက်က ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး သာယာကျေနပ်ဖွယ် Oral ခရီးစဉ်ကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။
Source : Fab Magazine
Featured Photo : MedicalNewsToday