ပထမ ဦးဆုံး အရာတွေဆိုတာသည် အမြဲတမ်း ထူးဆန်း နေတာချည်းပါပဲ။ တီထွင် ဖန်တီးသူတွေကလည်း ဒီအရာကများ အဆင်ပြေပါ့မလားဆိုပြီး တီထွင်ရင်းနဲ့ လက်ရှိမှာတော့ အခုလိုမျိုး အဆင့်မြင့် မော်ဒယ်တွေကို အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။
တီထွင် ဖန်တီးသူတွေရဲ့ ပထမ ဦးဆုံး အရာတွေကို ကွီးတို့သာ သိသွားမယ်ဆိုရင် တယ် ထူးဆန်း တာပါလား ဆိုပြီး အံ့တောင် သြသွားပါလိမ့်မယ်။
(၁) Google ရဲ့ ပထမဦးဆုံး နာမည်က ဘာဖြစ်မယ်လို့ ထင်ပါသလဲ
Search Engine တစ်ခုဖြစ်တဲ့ Google ကို Larry Page နဲ့ Sergey Brin တို့က တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ ပထမဦးဆုံး ပေးဖြစ်တဲ့ နာမည်ကတော့ Backrub ပဲဖြစ်ပါတယ်။ တကယ်လို့သာ ထိုနာမည်ကို အခုချိန်ထိ ဆက်ပေးဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့တွေသည် Backrub လို့ ခေါ်နေရမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ Googol ဆိုတဲ့ သင်္ချာပိုင်းဆိုင်ရာ အခေါ်အဝေါ်တစ်ခုကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းကျမှ Google ဆိုပြီး ဖြစ်သွားတာပါ။ Googol ရဲ့ အဓိပ္ပါယ်ကတော့ ၁ ဂဏန်းအနောက်မှာ သုညပေါင်း ရာချီ ပါဝင်တဲ့ ဂဏန်းကို ဆိုလိုတာဖြစ်ပြီး သတင်းအချက်အလက်များ ပေါင်းစုံစွာ တည်ရှိနေတဲ့ နေရာကြီးလို့ဆိုလိုတာ ဖြစ်ပါတယ်။
(၂) ကမ္ဘာ့ ပထမဦးဆုံး Webcam က ဘယ်လိုမျိုးလဲ
ကမ္ဘာ့ ပထမဦးဆုံး Webcam ကတော့ ၁၉၉၁ ခုနှစ်က အင်္ဂလန်နိုင်ငံရှိ Cambridge တက္ကသိုလ်က စတင် တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ တီထွင်ရခြင်း ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ ကော်ဖီအိုးထဲရှိ ကော်ဖီရဲ့ ပမာဏကို စစ်ဆေးဖို့အတွက် တီထွင်ခဲ့တာပါ။ အခုနောက်ပိုင်းမှာတော့ Webcam က Live ဗွီဒီယို လွှင့်တဲ့အခါ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။
(၃) ကမ္ဘာ့ ပထမဦးဆုံး စာတိုကတော့…
ကမ္ဘာ့ ပထမဦးဆုံး စာတိုကတော့ ၁၉၉၂ ခုနှစ်က ပေးပို့ခဲ့တာဖြစ်ပြီး ကွန်ပျူတာ နှစ်လုံးကြား တစ်ခုနဲ့ တစ်ခု ပေးပို့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ “lo” ဆိုတဲ့ အင်္ဂလိပ် အက္ခရာ နှစ်လုံးပဲ ပေးပို့ရသေးတယ်၊ စနစ်က ပျက်စီးသွားတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ယနေ့ခေတ်မှာတော့ စာတိုများကို အီးမေးလ်နဲ့ ပေးပို့ချင်သလား၊ ဖုန်းကနေ တိုက်ရိုက် ပေးပို့ချင်သလား၊ Chat Box ကနေ ပေးပို့ချင်သလား နည်းမျိုးစုံနဲ့ မက်ဆေ့ချ်များကို ပေးပို့နိုင်ပြီပဲ ဖြစ်ပါတယ်။
(၄) ပထမဦးဆုံး YouTube ဗွီဒီယိုကတော့…
ကမ္ဘာ့ ပထမဦးဆုံး YouTube ဗွီဒီယိုက ဘယ်နှနာရီ ကြာမြင့်တယ်လို့ ထင်ပါသလဲ။
ကမ္ဘာ့ ပထမဦးဆုံး YouTube ဗွီဒီယိုကတော့ ၁၉ စက္ကန့်သာ ကြာမြင့်ပါတယ်။ ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီ လင့်ခ် ကနေ ဝင်ကြည့်နိုင်ပါတယ်။
ဒီအရာကတော့ ယနေ့ခေတ်လို နည်းပညာ မြင့်နေတဲ့ ရှုထောင့် အမြင်ကနေ ကြည့်ရင်တော့ ဟာသလိုလိုပါပဲ။ ဒါပေမဲ့ ထို ပထမ ခြေလှမ်းကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် ကွီးတို့လည်း အခုလို ဖုန်းသုံးနေနိုင်မှာ မဟုတ်သလို၊ ရှော်တီလေးနဲ့လည်း Chat နိုင်မှာ မဟုတ်ပါဘူး။
ကွီးတို့ရော ဘယ်လို ထင်မြင်မိပါသလဲ။
Source: Upwithtech
Featured Image: