Erectile Dysfunction လို့ခေါ်တဲ့ ယောကျာ်းတိုင်း စိတ်ပူရတဲ့ ပန်းသေပန်းညို ပြဿနာကို ကုသဖို့ ဆေးဝါးတွေ ၊ ပြောင်းဆွဲကုထုံးတွေ ၊ ခွဲစိတ်ကုသနည်းတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ လူသိနည်းတဲ့ ကုသနည်းတစ်ခုကတော့ အစားအာဟာရပါ။ အချို့သော အစားအစာတွေက ဖွားဖက်တော် သန်စွမ်းကျန်းမာမှုနဲ့ ယောကျာ်းသားတို့ရဲ့ လိင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သလို ပန်းသေပန်းညိုး ပြဿနာကိုလည်း သဘာဝအတိုင်း ကုစားပေးနိုင်ပါတယ်။ ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ပန်းညိုးလေး လန်းလာဖို့ ရေဖြန်းပေးစရာပဲ အစားအစာတွေနဲ့ ကုစားနိုင်ဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အခွံမာသီး

Nuts

Photo : Web MD

အခွံမာသီးတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူနဲ့တည်ပါတယ်။ အခွံမာသီးတွေကနေ ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်တွေဖြစ်တဲ့ ဗီတာမင် E ၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်တွေ ပေါပေါများများ ရနိုင်ပါတယ်။ ကျန်းမာတဲ့အဆီဓာတ်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ပန်းညိုးလေး ပြန်လန်းလာစေဖို့ ၊ ဖွားဖက်တော် သန်မာတောင့်တင်းစေဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ တစ်ရက်ကို အခွံမာသီး လက်တစ်ဆုပ်စာလောက် စားပေးပါ။

(၂) စပျစ်သီးဖျော်ရည်

grape

Photo : Web MD

လူကြီးရော ကလေးပါ ကြိုက်နှစ်သက်တဲ့ စပျစ်သီးကို အသီးအတိုင်းစားနိုင်သလို ဖျော်ရည်အနေနဲ့ လုပ်သောက်မယ်ဆိုရင်လည်း ရပါတယ်။ စပျစ်သီး ဖျော်ရည်မှာပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်း နိုက်ထရစ်အောက်ဆိုဒ်ပမာဏကို တိုးစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့်  လိင်တံပျော့တဲ့ ပြဿနာ ၊ ဖွားဖက်တော် ညိုးတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

(၃) ငါး

Fish

Photo : Web MD

ဆော်လမွန်နဲ့ အခြားအဆီများတဲ့ ငါးတွေဟာ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့ Omega-3 Fatty Acids တွေ အများအပြားပါဝင်ပြီး ဒါက ခန္ဓာကိုယ်အတွင်းရှိ နိုက်ထရစ်အောက်ဆိုဒ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ Omega-3 Fatty Acids ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးဖောက်ခြင်း ၊ သွေးခဲခြင်း တို့လို ကျန်းမာရေးအန္တရာယ်တွေကို လျှော့ချပေးကာ ခန္ဓာကိုယ်တွင်းအင်္ဂါတွေနဲ့ လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကို ပိုကောင်းစေပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်ပတ်ကို ဆော်လမွန် ၈ အောင်စ စားနိုင်ပါတယ်။

(၄) ငရုတ်သီး

Peppers

Photo : Web MD

အစပ်ကြိုက်တဲ့ ကွီးတို့အတွက် သတင်းကောင်းပါ။ ငရုပ်သီးမှာ ပါဝင်တဲ့ Cayennes ၊ Jalapenos ၊ Habaneros နဲ့ အခြားဓာတ်တွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို ပြေလျော့စေပြီး လိင်တံ အပါအဝင် နှလုံးနဲ့ အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှုကို မြှင့်တင်ပေးပါတယ်။ ငရုတ်သီးဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် သွေးခဲတဲ့ ပြဿနာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ငရုတ်သီး ပုံမှန်စားမယ်ဆိုရင် ပန်းသေပန်းညိုးပြဿနာကို ကာကွယ်ပေးနိုင်သလို ပန်းညိုးလေး ပြန်လန်းလာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

(၅) ကိုက်လန်

Kale

Photo : Web MD

ကိုက်လန်ကိုတော့ နိုက်ထရစ်အောက်ဆိုဒ်ကို မြှင့်တင်ပေးတဲ့ ကျန်းမာရေး ဓာတ်စာလို့ လူသိများပါတယ်။ ကိုက်လန်ဟာ လိင်မှုဘဝအတွက် အကျိုးကျေးဇူးတွေများစွာရှိတဲ့အပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓာတ်နဲ့ Omega-3s တို့လို အစွမ်းထက် အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ကွီးတို့ ဖွားဖက်တော် ပျော့ပျော့နေလို့ ၊ ကောင်းကောင်းထောင်မတ်မနိုင်လို့ စိတ်ညစ်နေရရင်တော့ အခုပြောပြခဲ့တဲ့ အစားအစာတွေကို စားပေးခြင်းဖြင့် ပန်းညိုးလေး လန်းအောင် ကုစားလိုက်ပါနော်။

Source : Web MD

Featured Photo : The Compounding Pharmacy of America