မကြာသေးမီက သြစတြေးလျတောင်ပိုင်းမှာရှိတဲ့ Adelaide တက္ကသိုလ်ရဲ့ သုတေသီတွေအနေနဲ့ ED (Erectile Dysfunction) လို့ခေါ်တဲ့ ပန်းသေပန်းညိုး ပြဿနာခံစားနေရတဲ့ အမျိုးသားတွေကို လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လိင်အင်္ဂါမသန်စွမ်းမှုပြဿနာဟာ နေထိုင်မှုပုံစံပြောင်းလဲရုံနဲ့ အခြေအနေကို သိသာစွာ ပြောင်းလဲနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ လိင်အင်္ဂါချို့ယွင်းမှု ပြဿနာအတွက် ကုသမှုအစီအစဉ်မှာ အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲမှု ၅ ခုကို ထည့်သွင်းထားပါတယ်။ ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။

(၁) ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ

man eating healthy

Photo : Freepik

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးခြင်းဟာ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး ခန္ဓာကိုယ်သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ အဓိကအားဖြင့် အငံတွေ ၊ သကြားနဲ့ အဆီများတဲ့ အစားအစာတွေကို ရှောင်ပြီး ဟင်းနုနွယ်ရွက် ၊ ခရမ်းချဉ်သီး ၊ ထောပတ်သီး ၊ ပန်းသီး ၊ ငရုတ်ပွ ၊ မုန်လာဥနီနဲ့ အစေ့အဆန်တွေလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးခြင်းကလည်း ဆီးကျိတ် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး လိင်အင်္ဂါမသန်စွမ်းမှု အန္တရာယ်ကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

(၂) လေ့ကျင့်ခန်း လုပ်ပါ

men wear black shirts with muscles push up on the street

Photo : Freepik

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပန်းသေပန်းညိုးပြဿနာကို ဖြေရှင်းဖို့အတွက် အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။ တစ်ပတ်မှာ ၅ ကြိမ်ခန့် ၊ တစ်ကြိမ်လျှင် နာရီဝက်ကြာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေး နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပြီး ကိုယ်ခံစွမ်းအား တိုးမြင့်စေကာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတဲ့အတွက် နှလုံးနဲ့ သွေးကြောတွေ ကျန်းမာစေဖို့ ကူညီပေးပါတယ်။

(၃) ဆေးလိပ်ဖြတ်ပါ

 stop smoking

Photo : Freepik

လေ့လာမှုတွေအရ ဆေးလိပ်သောက်တက်တဲ့ အမျိုးသားတွေမှာ လိင်အင်္ဂါမသန်စွမ်းမှု ပြဿနာတွေ အများကြီး ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေပါတယ်။ အဓိကအားဖြင့် ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက လိင်တံတစ်ဝိုက်က သွေးကြောတွေကို ထိခိုက်စေတဲ့အတွက် လိင်တံဟာ ဦးနှောက်ကနေ ထွက်လာတဲ့ လိင်စိတ်နိုးကြားမှုဆိုင်ရာ အချက်ပြတုန့်ပြန်ချက်တွေကို ကောင်းစွာမတုန့်ပြန်နိုင်တာကြောင့် လုံလောက်စွာ ထောင်မတ်ခြင်း မပြုနိုင်တာ ဖြစ်ပါတယ်။ တစ်နေ့ကို စီးကရက် ၂၀ လိပ်နဲ့အထက် သောက်သုံးတဲ့ အမျိုးသားတွေဟာ ဆေးလိပ်မသောက်သူတွေထက် လိင်အင်္ဂါချို့ယွင်းမှု ဖြစ်နိုင်ခြေ ၆၀ ရာခိုင်းနှုန်း ပိုများကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဆေးလိပ်မသောက်တဲ့ အမျိုးသားတွေရဲ့ ၁၂ ရာခိုင်နှုန်းကသာ လိင်အင်္ဂါချို့ယွင်းမှု လက္ခဏာတွေကို ခံစားရတာပါ။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ညီလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။

(၄) အရက်လျော့သောက်ပါ

 Reduce Alcohol Intake

Photo : Freepik

အရက် အလွန်အကျွံသောက်ခြင်းဟာလည်း အမျိုးသားတွေရဲ့ ဦးနှောက်နဲ့ လိင်အင်္ဂါကို ထိခိုက်စေနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ သုတေသီတွေက အတည်ပြုထားပါတယ်။ ဝါရှင်တန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ ချင့်ချိန်သောက်သုံးတဲ့ အမျိုးသားတွေဟာ အရက်အလျွံအကျွံသောက်သုံးတဲ့ အမျိုးသားတွေထက် လိင်အင်္ဂါသန်မာမှု ပိုမိုအားကောင်းတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အရက်အလွန်အကျွံ သောက်တဲ့အခါမှာ လိင်တံဆီသို့ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတဲ့အတွက် အထွတ်အထိပ်ခံစားချက် ပြီးမြောက်မှုကို ရရှိခံစားဖို့ ခက်ခဲပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် အရက်အလွန်အကျွံသောက်တဲ့အခါမှာ လိင်မှုရေးရာရဲ့ နှစ်သက်ဖွယ် အထိအတွေ့ခံစားတွေကို ကောင်းမွန်စွာ ခံစားရနိုင်တော့မှာ မဟုတ်ပါဘူး။ သုတေသနပြုချက်တွေအရ ပုံမှန်အရက်အလွန်အကျွံ သောက်သုံးတဲ့ အမျိုးသားတွေဟာ ED နဲ့ အခြားလိင်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်ခြေ ၇၀ ရာခိုင်နှုန်း အထိရှိတယ်လို့ ဆိုပါတယ်။

(၅) စိတ်ဖိစီးမှု လျော့ချပါ

Photo : Freepik

စိတ်ဖိစီးမှုဟာ ဒီဘက်ခေတ် ခေတ်သစ်လူနေမှုဘဝရဲ့ ပြဿနာ တစ်စိတ်တစ်ပိုင်းပါ။ လူတိုင်းလိုလို အလုပ် ၊ မိသားစုအရေး ၊ ငွေကြေး ပြဿနာတွေကြားမှာ ရုန်းကန်ရင်း စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများ ခံစားနေကြရပါတယ်။ စိတ်ပိုင်ဆိုင်းရာ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရကြောင်း ဝန်ခံရတာဟာ ရှက်စရာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေဟာ ပန်းသေပန်းညိုဖြစ်စေတဲ့ အဓိက တရားတွေထဲက တစ်ခုပါပဲ။  ဒါကြောင့် လိင်အင်္ဂါချို့ယွင်းမှုပြဿနာကို ကုသဖို့အတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပြီး ကျန်းမာတဲ့ လူမှုဘဝကို စတင်ဖို့ အရေးကြီးပါတယ်။

လိင်အင်္ဂါချို့ယွင်းမှု ပြဿနာဟာ အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသားတွေမှာ အဖြစ်များတယ်ဆိုပေမယ့်လို့ လူငယ်နဲ့ လူလတ်ပိုင်းတွေမှာလည်း ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ ED (Erectile Dysfunction) ကြုံတွေ့ ခံစားနေရတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသမှု ခံယူနိုင်ပါတယ်။ ဒီပြဿနာဟာ သင်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ပါဘူး။ အမျိုးသားတိုင်း ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ် ဖြစ်တာကြောင့် မရှက်ပဲ ဖုံးကွယ်မထားပဲ အမြန်ဆုံး ဆရာဝန်နဲ့ သွားရောက်ဆွေးနွေး တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။

Featured Photo : Urology Associates Medical Group