အမျိုးသားတွေမှာ အဖြစ်များတဲ့ ပန်းသေပန်းညိုး ပြဿနာကို ဖြေရှင်းကုသတဲ့ နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ်။ ဘေးဘက်ဆိုင်ရာ ကုထုံးတွေ ၊ စားသောက်နေထိုင်မှုပုံစံ အပြောင်းအလဲတွေအပြင် ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်တာဟာလည်း လိင်တံရဲ့ ကျန်းမာသန်စွမ်းမှု ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ခန္ဓာကိုယ်အလုံးစုံကျန်းမာရေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ အမျိုးသားတွေ အနေနဲ့ ပန်းသေပန်းညိုး ပြဿနာ ကို ကုသရာမှာ သော်လည်းကောင်း ၊ ကြိုတင်ကာကွယ်ရာမှာ သော်လည်းကောင်း အခုပြောပြမယ့် လှုပ်ရှားမှု ၄ မျိုးကို လုပ်ဆောင်နိုင်ပါတယ်။
(၁) Kegel လေ့ကျင့်ခန်း
Photo : Sandhus Nutrition
ပန်းသေပန်းညိုး ပြဿနာ ကို ဖြေရှင်းဖို့အတွက်သာမက လိင်မှုစွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေချင်တယ်ဆိုရင် Kegel လေ့ကျင့်ခန်းဟာ အထိရောက်ဆုံး ဖြစ်ပါတယ်။ Kegel လေ့ကျင့်ခန်းဟာ တင်ပါးဆုံကြွက်သားတွေကို သန်မာစေပြီး လိင်တံဆီ သွေးစီးဆင်းမှုကို ပိုကောင်းစေဖို့ ကူညီပေးပါတယ်။ ပန်းသေပန်းညိုးဝေဒနာ ကြုံနေရသူတွေအနေနဲ့ Kegel လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဖြင့် ၄ – ၆ ပတ်အတွင်း သိသာတဲ့ ပြောင်းလဲမှုကို ခံစားနိုင်ပါလိမ့်မယ်။
(၂) Pilates လေ့ကျင့်ခန်း
Photo : Livestrong.com
အခုနောက်ပိုင်း Fitness နယ်ပယ်မှာ ရေပန်းစားလာတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တကယ်တော့ Pilates လေ့ကျင့်ခန်းဟာ ၂၀ ရာစုအစောပိုင်းကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး စိတ်နဲ့ ခန္ဓာကို ချိတ်ဆက်မှု ကောင်းကောင်းပေးနိုင်တဲ့ လေ့ကျင့်ခန်းနည်းတစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် Core ကြွက်သားတွေရဲ့ Strength ကိုတက်စေပြီး ခန္ဓာကိုယ်ရဲ့ Flexibility နဲ့ Body Awareness ကို မြှင့်တင်ပေးရုံသာမက ပန်းသေပန်းညိုးနဲ့ လိင်မှုဆိုင်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါတယ်။
(၃) Aerobic လေ့ကျင့်ခန်း
Photo : Eat This Not That
ပြေးတာ ၊ လက်ဝှေ့ကစားတာ ၊ စက်ဘီးနင်းတာတို့လို ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားကစားရတဲ့ Aerobic လေ့ကျင့်ခန်းတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်သလို လိင်မှုဘဝ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ၂၀၁၈ ခုနှစ်က လေ့လာတွေ့ရှိချက်တစ်ခုအရ Aerobic လေ့ကျင့်ခန်းတွေကို တစ်ပတ်လျှင် အနည်းဆုံး ၄ ကြိမ် ၊ တစ်ကြိမ်လျှင် မိနစ် ၄၀ ကြာ လုပ်ဆောင်ခြင်းဟာ အမျိုးသားတွေမှာ ကြုံတွေ့ရတဲ့ ပန်းသေပန်းညို ပြဿနာကို သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။ ၃ လ ကနေ ၆ လအတွင်းမှာ သိသာတဲ့ ရလဒ်ကို ခံစားရပါလိမ့်မယ်။
(၄) ယောဂ လေ့ကျင့်ခန်း
Photo : Man Flow Yoga
ယောဂ လေ့ကျင့်ခန်းဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ရှုထောင့် ၂ ခုလုံးကို ကိုင်တွယ်ဖြေရှင်း ပေးခြင်းဖြင့် လိင်အင်္ဂါချို့ယွင်းမှုဆိုင်ရာ ပန်းသေပန်းညိုး ပြဿနာ ကို ကာကွယ်ကုသနိုင်ပါတယ်။ ယောဂကျင့်စဉ်အချို့ဟာ တင်ပါးဆုံတွင်း ကြွက်သားတွေကို အားကောင်းစေတဲ့အတွက် လိင်မှုဘဝ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး လိင်အင်္ဂါကမောက်ကမဖြစ်မှု အခြေအနေကို တွန်းလှန်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Source : Formen Health
Featured Photo : Yahoo News UK