ကွီးတို့သည် ဘာ့ကြောင့် ပန်းရောင် ဖက်ရှင် ကို မဝတ်ချင်ကြတာလဲ။

အဓိကကတော့ ပန်းရောင်သည် မိန်းကလေးဆန်လို့ဖြစ်ပြီး များသောအားဖြင့် မိန်းကလေးတွေကို ကိုယ်စားပြုလို့ပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ကွီးတို့လည်း ပန်းရောင် ဖက်ရှင် ကို အထာကျကျ ဝတ်ဆင်နိုင်ပါတယ်။

ပန်းရောင်ဖက်ရှင်သည် ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ်ကို ဆွဲဆောင်မှုရှိပြီး ညှို့ငင်အားပြင်းအောင် ကူညီပေးနိုင်ပါတယ်။

ဘယ်အရောင်တွေက ပန်းရောင် ဖက်ရှင် နဲ့ လိုက်ဖက်သလဲ

pink fashion for kwee

ပန်းရောင်သည် များသောအားဖြင့် အဖြူရောင်၊ အနက်ရောင်နှင့် မီးခိုးရောင်တို့ဖြင့် လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဖက်ရှင်ဒီဇိုင်းဆန်းဆန်းလေးကို ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အသားရောင်၊ အစိမ်းရောင်တို့ဖြင့် တွဲဖက်ဝတ်ဆင်ပေးနိုင်ပါသေးတယ်။

ပန်းရောင်ချီနိုဘောင်းဘီ

pink fashion for kwee

စမတ်ကျကျဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုဖက်ရှင်အတိုင်း ဝတ်ဆင်နိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး ပန်းရောင် ဖက်ရှင်

pink fashion for kwee

ပန်းရောင်အစင်းကျားတီရှပ်ကို ဘောင်းဘီတိုနဲ့ တွဲဖက်ဝတ်ဆင်ပေးမယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးဖက်ရှင်စတိုင်လ်လေးကို ရရှိနိုင်ပြီပေါ့။

ပန်းရောင်တီရှပ်ကို ဘယ်လိုဝတ်ဆင်ကြမလဲ

pink fashion for kwee

ပန်းရောင်တီရှပ်ကို အပြာရောင်ဂျင်း (သို့) အနက်ရောင်ဂျင်းဘောင်းဘီတို့နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပြီး အဖြူရောင် Sneakers လေးနဲ့ တွဲဝတ်ပေးလိုက်မယ်ဆိုရင်တော့ အလန်းစားဖက်ရှင်လေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။

ပန်းရောင်ပိုလိုရှပ်နဲ့ ဘယ်လိုစတိုင်လ်ကျကျဝတ်ဆင်ချင်သလဲ

ပန်းရောင် ဖက်ရှင်

ကွီးတို့အဝတ်ဘီဒိုထဲမှာ ပန်းရောင်ပိုလိုရှပ်လေး မရှိသေးဘူးဆိုရင်တော့ တစ်ထည်လောက်တော့ ဝယ်ထားသင့်ပါတယ်။ ပန်းရောင်ပိုလိုရှပ်များကိုလည်း ဂျင်းဘောင်းဘီ (သို့) ဘောင်းဘီတို၊ Sneakers ဖိနပ်များနှင့် တွဲဖက်ဝတ်ဆင်ကာ သက်သောင့်သက်သာရှိတဲ့ ဖက်ရှင်မျိုးကို ဖန်တီးနိုင်ပါတယ်။

ပန်းရောင်ဘောင်းဘီတို

ပန်းရောင် ဖက်ရှင်

ပန်းရောင်ကို အစိမ်းရောင်နဲ့ တွဲဖက်ဝတ်ဆင်ပေးမယ်ဆိုရင်တော့ သစ်လွင်တောက်ပတဲ့ ဖက်ရှင်စတိုင်လ်မျိုးကို ဖန်တီးနိုင်ပါတယ်။ ကွီးတို့ ကမ်းခြေသွားတဲ့အခါ ဒီလိုဖက်ရှင်စတိုင်လ်လေးကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

ပန်းရောင်မှိုင်းမှိုင်း

ပန်းရောင် ဖက်ရှင်

ကွီးတို့အနေနဲ့ ပန်းရောင်စစ်စစ်ကြီးကို မဝတ်ချင်တဲ့အခါ ဒီလိုမျိုး ပန်းရောင်မှိုင်းမှိုင်းမျိုးကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းဂျက်ကတ် (သို့) သားရေဂျက်ကတ် အစရှိတဲ့ ဂျက်ကတ်အင်္ကျီများနှင့် တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။

ပွဲတက်ဖက်ရှင်

ပန်းရောင် ဖက်ရှင်

နေဗီပြာရောင် အနောက်တိုင်းဝတ်စုံကို ပန်းရောင်ရှပ်နဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်ပြီး အရည်အသွေးကောင်းတဲ့ ခါးပတ်ပါ ထပ်ပေါင်း ဝတ်ဆင်ပေးလိုက်တဲ့အခါ ခမ်းနားလှပစေမယ့် ပွဲတက်ဖက်ရှင်ဒီဇိုင်းလေး ရရှိသွားပြီပေါ့။

ပန်းရောင်နှင့် အညိုရောင် အတွဲအစပ်

ပန်းရောင် ဖက်ရှင်

ချမ်းအေးတဲ့ ရာသီဥတုမှာ ပန်းရောင်ရှပ်လက်ရှည်ကို အညိုရောင် ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။ အညိုရောင် မကြိုက်ပါကလည်း ကာကီရောင် ဘောင်းဘီ၊ အနက်ရောင် ဘောင်းဘီ (သို့) အပြာရောင် ဂျင်းဘောင်းဘီတို့နှင့်လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

ပန်းရောင် Bomber ဂျက်ကတ်

ပန်းရောင် ဖက်ရှင်

အဖြူရောင် တီရှပ်ပါးပါး တစ်ထည်ကို အနက်ရောင် ဂျင်းအပြဲဖြင့် တွဲဖက်ဝတ်ဆင်ပေးပြီးနောက် အပေါ်ကနေ ပန်းရောင် Bomber ဂျက်လေးတွဲဝတ်ပေးလိုက်ပါ။ ဒါ့အပြင် ပန်းရောင်ဖိနပ်လေးနဲ့ပါ တွဲဖက် ဝတ်ဆင်ပေးလိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ဖက်ရှင်လေးကို ကွီးတို့ရရှိပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။

Source: Outfittrend

Featured Image: Ties.com