ရိုးရိုးနာရီတွေ ဝတ်ရတာ ငြီးငွေ့လာလို့ အထာကျပြီး ဖက်ရှင်အတွက်လည်း မိမိုက်နေစေမယ့် Apple Watch ပန်းသီးနာရီ တွေ ပြောင်းသုံးဖို့ စိတ်ကူးရှိလား ? ဒါဆိုရင်တော့ ရွေးချယ်စရာတွေများတဲ့ Apple Watch တွေ အများကြီး ရှိတဲ့အထဲကမှ ကွီးတို့အတွက် အသင့်လျော်ဆုံးဖြစ်မယ့် နာရီ ၃ မျိုးကို ရွေးထုတ် ပြောပြပေးချင်ပါတယ်။

(၁) Apple Watch Series 9 (41mm, GPS)

Apple Watch Series 9 (41mm, GPS)

Photo : Tagesschau

ပန်းသီးနာရီ တွေထဲမယ် Apple Watch Series 9 ကတော့ အသစ်စက်စက် S9 Processor ကို အသုံးပြုပေးထားပြီး Offline Siri သုံးလို့ ရသလို ပိုလင်းတဲ့ Displays နဲ့ Double Tap Gesture Features အမိုက်စားတွေ ပါပါတယ်။ အကယ်၍ ကွီးတို့မှာ iPhone 15 ရှိတယ်ဆိုရင်တော့ အကွာအဝေး အတိအကျကိုဖော်ပြပေးမယ့် Precision Finding အတွက် Second-Gen Ultra Wideband Chip ကို အသုံးပြုပေးထားပါတယ်။ Apple Watch Series 9 ရဲ့ဈေးနှုန်းကတော့ ၂၉၉ ဒေါ်လာဝန်းကျင်ခန့် ရှိပါတယ်။

(၂) 2022 Apple Watch SE (40mm, GPS)

2022 Apple Watch SE
Photo : The Verge

၂၀၂၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Apple Watch SE ကလည်း စဉ်းစားစရာ ပန်းသီးနာရီ တွေထဲက တစ်ခုပါ။ SE မော်ဒယ်ထဲက နောက်ဆုံးထွက်ဖြစ်ပြီး Series 8 ရဲ့ Features တွေကို ပြန်မြင်ရမှာဖြစ်သလို Series 8 နဲ့ တူညီတဲ့ Chipset ၊ Crash Detection Feature တွေ ပါဝင်ပါတယ်။ 2022 Apple Watch SE ရဲ့ဈေးနှုန်းကတော့ ၁၈၉ ဒေါ်လာ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

(၃) Apple Watch Ultra 2 (49mm, GPS)

Apple Watch Ultra 2

Photo : CNET

Apple Watch တွေထဲမှာ မျက်နှာပြင်ဆိုဒ် ခပ်ကြီးကြီးနဲ့ အကြမ်းပတမ်းခံ ၊ ပိုလည်း အထာကျတဲ့ ပန်းသီးနာရီ မျိုးလိုချင်တယ် ဆိုရင်တော့ Apple Watch Ultra 2 က စဉ်းစားစရာပါ။ Apple Watch Ultra 2 ဟာ မျက်နှာပြင် အရွယ်အစား 49 မီလီမီတာ ရှိပြီး Apple Watch မျိုးဆက်တွေထဲမှာ လင်းအားပိုကောင်းတဲ့ Display ၊ ပိုခံတဲ့ Battery Life နဲ့ Performance ပိုင်းကိုလည်း အဆင့်မြင့်တင်ထားပါတယ်။ Apple Watch Ultra 2 မှာ Apple ရဲ့ အသစ်စက်စက် S9 SiP နဲ့ Second-Gen Ultra Wideband Chips ကို အသုံးပြုပေးထားတာကြောင့် Apple Watch Series 9 မှာလို Long-Lasting ဖြစ်တဲ့ Battery Life ၊ အမိုက်စား GPS Tracking စနစ်နဲ့ Diving-Friendly Sensors တွေအပြင် နောက်ဆုံးထွက် Double Tap Feature လည်းပါပါတယ်။ Apple Watch Ultra 2 ရဲ့ ဈေးကတော့ ဒေါ်လာ ၇၈၀ ဝန်းကျင် ရှိပါတယ်။

Source : The Verge

Featured Photo : CNET