Gym ကစားသူတွေ ၊ ကြွက်သားထုတက်ဖို့ Muscle Building လုပ်နေသူတွေအတွက် ပရိုတင်းရှိတ်တွေဟာ တကယ်ပဲ အရေးပါပါတယ်။ ပရိုတင်းရှိတ်တွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ပရိုတင်း ပမာဏနဲ့ စွမ်းအင် ပမဏကို ပြည့်ပြည့်ဝဝ လုံလုံလောက်လောက်ဖြည့်တင်းပေးတဲ့အပြင် အဆီလည်းကျစေပြီး လေ့ကျင့်ခန်း လုပ်ချိန်မှာ စွမ်းဆောင်ရည် ပိုကောင်းစေသလို ကြွက်သားတွေကို မြန်မြန်ဆန်ဆန်နဲ့ အချိုးအဆကျကျ ကျစ်လစ်သန်မာလာစေဖို့ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါပေမယ့် သတင်းဆိုးကတော့ Ready To Drink ပရိုတင်းအမှုန့်တွေက ဈေးနှုန်းအားဖြင့် တော်တော်လေး မြောက်တာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဈေးသက်သက်သာသာနဲ့ Budget Save ဖြစ်ပြီး အိမ်မှာအလွယ်တကူ ဖျော်စပ်သောက်သုံးနိုင်မယ့် Muscle Building အတွက်အကောင်းဆုံး Homemade ပရိုတင်းရှိတ် Recipes အချို့ကို မျှဝေပေးသွားချင်ပါတယ်။

(၁) Berry Blast

Mixed Berry Protein Shake

Photo : Supreme Nutrition

ပထမဆုံး ပြောပြပေးချင်တဲ့ Homemade ပရိုတင်းရှိတ် နာမည်လေးကတော့ Berry Blast ပါ။ Berry သီးတွေ အဓိကပါဝင်ပြီး ချိုချဉ်စိမ့်မွှေး အရသာနဲ့ တော်တော်လေး သောက်လို့အဆင်ပြေစေမှာပါ။ Berry Blast Recipe အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့……..

  • ဘယ်ရီသီးအစုံ ၁ ပန်းကန်
  • နွားနို့ ၁ ခွက်
  • Almonds စေ့ ၁၅၀ ဂရမ်
  • ငှက်ပျောသီး ၁ လုံး
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ချီယာစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

တို့လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေ အားလုံးကို Blender ထဲရောထည့်ပြီး ကျေညှက်အောင် ကျိတ်ပေးရပါမယ်။ ဒါဆိုရင်တော့ အရသာရှိပြီး လွယ်ကူရိုးရှင်းတဲ့ Berry Blast ပရိုတင်းရှိတ်တစ်ခွက် ရပါပြီ။

(၂) Chocolate Lovers

Chocolate Protein Smoothie

Photo : Kelsey Wells

ချောကလက်ကြိုက်သူတွေ အတွက်ပါ။ ဒီပရိုတင်းရှိတ် နာမည်လေးကိုတော့ Chocolate Lovers လို့ပေးထားပါတယ်။ Chocolate Lovers Recipe အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့……..

  • ငှက်ပျောသီး ၁ လုံး
  • Peanut Butter စားပွဲတင်ဇွန်း ၃ ဇွန်း
  • Cocoa Powder စားပွဲတင်ဇွန်း ၁ ဇွန်း
  • နွားနို့ ၁ ခွက်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

တို့လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေ အားလုံးကို Blender ထဲမှာ ရောထည့်ပြီး ကောင်းစွာ သမသွားသည်အထိ မွှေပေးပါ။ ထို့နောက် ဖန်ခွက်ထဲ ပြင်ဆင်ပြီး ချောကလက်ရနံ့ မွှေးမွှေးလေးနဲ့ ခါးဆိမ့်ဆိမ့် အရသာ Chocolate Lovers ပရိုတင်းရှိတ်တစ်ခွက် အသင့်သောက်သုံး နိုင်ပါပြီ။

(၃) Basic Banana

Peanut Butter Banana Smoothie

Photo : PBCo.

နောက်ဆုံးပြောပြပေးချင်တဲ့ ပရိုတင်းရှိတ် ကတော့ Basic Banana လို့ ခေါ်ပါတယ်။ ငှက်ပျောသီးရဲ့ သင်းပျံ့မွှေးတဲ့ ရနံ့လေးနဲ့ ဆိမ့်ဆိမ့်ချိုမွှေး အရသာ ပရိုတင်းရှိတ်တစ်ခွက်ပါ။ Basic Banana Recipe အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့……..

  • ငှက်ပျောသီး ၂ လုံး
  • နွားနို့ ၁ ခွက်
  • Peanut Butter စားပွဲတင်ဇွန်း ၃ ဇွန်း
  • အုတ်ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

တို့လိုအပ်ပါတယ်။

ထုံးစံအတိုင်း ပါဝင်ပစ္စည်းတွေ အားလုံးကို Blender ထဲရောထည့်ပြီး ကောင်းစွာ သမသွားတဲ့အထိ မွှေပေးရပါမယ်။ ပြီးရင်တော့ သောက်သုံးမယ့် ဖန်ခွက်ထဲပြင်ဆင်ပြီး ငှက်ပျောသီးရနံ့ ခပ်မွှေးမွှေးနဲ့ ခပ်ဆိမ့်ဆိမ့်အရသာ Basic Banana ပရိုတင်းရှိတ်တစ်ခွက်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Spoon University

Featured Photo : Vitality Health & Fitness