ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို နဲ့ နောက်ခံလူ ရာဖေးလ် ဗာရာနီ တို့အပါအဝင် လက်ရှိ ပရီးမီးယားလိဂ် ရဲ့ ဝင်ငွေ အကောင်းဆုံး ထိပ်တန်း ကစားသမား ၁၀ ဦးစာရင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကစားသမား ၅ ဦးအထိ ပါဝင်လာတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


Photo : MARCA

မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ အိုးထရက်ဖို့ဒ်က ကစားသမားတွေရဲ့ ဝင်ငွေနဲ့ပတ်သတ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြောစရာ အချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဂွတ်ဒီဆင် ပါ့ခ် မှာ နည်းပြ ရန်းနစ်ခ်ရဲ့ လွှမ်းမိုးမှုကြီးမားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ  အခွင့်အရေးတွေရရှိဖို့ အတော်လေး ရုန်းကန်ခဲ့ကြရသလို ကစားသမားတွေအနေနဲ့ အားထုတ်မှုမရှိဘူးလို့ လည်း ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ အဲဗာတန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ထက် အားထုတ်မှုပိုရှိခဲ့ပြီး ဒါဟာ ၎င်းတို့ရဲ့ ပြိုင်ဘက်အသင်းနဲ့ နှိုင်းယှဉ်ပါက နိုင်ပွဲဘယ်လောက်လိုချင်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းအတွက်တော့ ဒီပွဲစဉ်ဟာ စိတ်ပျက်စရာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ငွေကြေးအများအပြား သုံးခဲ့ပေမယ့် အရည်အချင်းရှိတဲ့ တောင်ပံကစားသမားဟာ အိုးထရစ်ဖို့ဒ်မှာ အောင်မြင်မှု မှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ခြင်း မရှိသေးဖူးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘလွန်းဒီအော ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်ဒို ကိုလည်း တစ်လ လုပ်ခလစာ ပေါင် ၂.၂ သန်း နဲ့ခေါ်ယူခဲ့ပြီး ဒါဟာ တစ်နှစ် လုပ်ခလစာ ပေါင် ၂၆.၄ သန်းနဲ့ ညီမျှတဲ့ ပမာဏပဲ ဖြစ်ပါတယ်။

Photo : SPORTbible

ကစားသမားတွေရဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး ပြင်သစ် သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ရဲ့ ဝင်ငွေအကောင်းဆုံး ထိပ်ဆုံး ကစားသမား ၅ ဦး စာရင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကစားသမား စုစုပေါင်း ၄ ဦး အထိ ပါဝင်နေတာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပရီးမီးယားလိဂ်မှာ လစာအများဆုံး ကစားသမားဖြစ်ပြီး မန်စီးတီးကွင်း လယ်ကစားသမား ကယ်ဗင် ဒီဘရိုင်းနား က ဒုတိယမြောက်ဝင်ငွေအများဆုံးကစားသမား အဖြစ်ရပ်တည်လျက်ရှိပါတယ်။

သူတို့နောက်မှာ ယူနိုက်တက် ဂိုးသမား ဒီဂီယာက တစ်လ လုပ်ခလစာ ပေါင် ၁၉.၂ သန်း ၊ အသင်းဖော် ဆန်ချိုက ပေါင် ၁၈ သန်းနဲ့ ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူဟောင်း ရာဖေးလ် ဗာရာနီက တစ်လ ပေါင် ၁၅.၆ သန်း ရရှိနေတာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာကတော့ တစ်ပတ်လုပ်ခပေါင် ၂၉၀၀၀၀နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ် ရဲ့ လစာအများဆုံး ထိပ်တန်း ကစားသမား ၁၀ ဦးစာရင်းမှာ မန်စီးတီးကွင်း လယ်ကစားသမား ကယ်ဗင် ဒီဘရိုင်းနား နဲ့အတူ အသင်းဖော် ကစာသမား ၂ ဦး လည်း အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။

Photo : Sports Illustrated

ပရီးမီးယားလိဂ် ရဲ့ ဝင်ငွေအများဆုံး ထိပ်တန်း ကစားသမား ၁၀ ဦး

(၁၀) သောမတ် ပါတေး (အာဆင်နယ်) – တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀
(၉) ပေါ့ဂ်ဘာ (မန်ချက်စတာ ယူနိုက်တက်) – တစ်ပတ် လုပ်ခ ပေါင် ၂၉၀၀၀၀
(၈) အန်ဂိုလိုကန်တီ (ချဲလ်ဆီး) – တစ်ပတ် လုပ်ခ ပေါင် ၂၉၀၀၀၀
(၇) စတာလင်း (မန်ချက်စတာ စီးတီး) – တစ်ပတ် လုပ်ခ ပေါင် ၃၀၀၀၀၀
(၆) ဂရီယာလစ်ရှ် (မန်ချက်စတာ စီးတီး) – တစ်ပတ် လုပ်ခ ပေါင် ၃၀၀၀၀၀
(၅)ရာဖေးလ် ဗာရာနီ (မန်ချက်စတာ ယူနိုက်တက်) – တစ်ပတ် လုပ်ခ ပေါင် ၃၄၀၀၀၀
(၄) ဂျေဒန် ဆန်ချို (မန်ချက်စတာ ယူနိုက်တက်) – တစ်ပတ် လုပ်ခ ပေါင် ၃၅၀၀၀၀
(၃) ဒေးဗစ် ဒီဂီယာ (မန်ချက်စတာ ယူနိုက်တက်) – တစ်ပတ် လုပ်ခ ပေါင် ၃၇၅၀၀၀
(၂) ကယ်ဗင် ဒီဘရိုင်းနား (မန်ချက်စတာ စီးတီး) – တစ်ပတ် လုပ်ခ ပေါင် ၃၈၅၀၀၀
(၁) ခရစ္စတီယာနို ရော်နယ်ဒို (မန်ချက်စတာ ယူနိုက်တက်) – တစ်ပတ် လုပ်ခ ပေါင် ၃၈၅၀၀၀

Featured Photo : SPORTbible